• Follow Us on

Home ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဒုတိယအကြိမ် MoU ရေးထိုးပြီးစီးပြီး နောက် တတိယအကြိမ် ထပ်မံရေးထိုးနိုင်ရေး လူကယ်ပြန်ဝန်ကြီးဌာန ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဒုတိယအကြိမ် MoU ရေးထိုးပြီးစီးပြီး နောက် တတိယအကြိမ် ထပ်မံရေးထိုးနိုင်ရေး လူကယ်ပြန်ဝန်ကြီးဌာန ဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိအကြိမ် MoU ရေးထိုးပြီးစီးပြီးနောက် တတိယအကြိမ်ထပ်မံရေးထိုးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ရ သိရသည်။

 

အဆိုပါ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် တတိယနှစ်စီမံကိန်းအဆိုပြုလွှာ များအတွက် အစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်မှ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပထမနှစ်စီမံကိန်းဆောင်ရွက်ပြီးစီးခဲ့ပြီး ဒုတိယနှစ်စီမံကိန်း ၁၂ ခုလုပ်ငန်းများအတွက် Project Agreement သဘောတူညီလက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း ဆက်လက်စုံစမ်းမေးမြန်းသွားရန်နှင့် ကြန့်ကြာနေသည်များကို လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရေးအတွက် တိုက်တွန်းဆောင် ရွက်သွားရန် ပြောကြားခဲ့ပြီး MoU တတိယနှစ်စီမံကိန်းများအတွက် ဦးစားပေးလုပ်ငန်းများ ရွေးချယ်သတ်မှတ် သွားရန် ပြောကြားခဲ့သည်။

 

ထို့အပြင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်မှ တတိယနှစ်စီမံကိန်းအတွက် ဆောင်ရွက်သည့်လုပ်ငန်းများမှာ ရခိုင်ပြည်နယ်အတွက် လက်တွေ့အကျိုးရှိသော စီမံကိန်းများဖြစ်ရန်လိုအပ်ပြီး အကောင်အထည်ဖော်မည့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် စီမံကိန်းလုပ်ငန်းများ ရွေးချယ်တင် ပြရန်လိုအပ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအား ၂ နှစ်အတွင်းဆောင်ရွက်ပြီးမြောက်နိုင်သော လုပ်ငန်းများ ဖြစ်ရန်လိုအပ်ကြောင်းများကို ဆက်လက်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ မြန်မာ-အိန္ဒိယနားလည်မှုစာချွန်လွှာအရ ဆက် လက်အကောင်အထည်ဖော်မည့် တတိယနှစ်အတွက် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးရွေးချယ်သတ်မှတ်နိုင် ရေးနှင့်စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #လူကယ်ပြန် #MoU #အိန္ဒိယ #မြန်မာ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post