• Follow Us on

Home ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးညီပုသည် ၅၀၅(ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးညီပုသည် ၅၀၅(ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးညီပုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကြောင်း သိရှိရသည်။

 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားရုံးမှ ယင်းကဲ့သို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးညီပုနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားမှုနှင့်ပတ် သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း န-စ-ကမှ ထုတ်ပြန်ကထားပြီးဖြစ်သည်။

 

ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ် စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့ကို အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း န-စ-က ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

 

အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားခံရကြောင်းလည်း သိရှိရသည်။

 

Photo – U Nyi Pu

 

#PeopleMedia #ရခိုင်ပြည်နယ် #ဦးညီပု

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 

Photo – U Nyi Pu

 



Share this post