• Follow Us on
Latest News

Home ရခိုင္ျပည္နယ္၌ ကူးစက္ျပန္႔ပြားေနသည့္ COVID- 19 ေရာဂါပိုး ကို မၾကာခင္ထိန္းခ်ဳပ္ႏိုင္မည္ဟုျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာျမ င့္ေထြးေျပာဆုိ

ရခိုင္ျပည္နယ္၌ ကူးစက္ျပန္႔ပြားေနသည့္ COVID- 19 ေရာဂါပိုး ကို မၾကာခင္ထိန္းခ်ဳပ္ႏိုင္မည္ဟုျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာျမ င့္ေထြးေျပာဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၆

ရခိုင္ျပည္နယ္၌ ကူးစက္ျပန္႔ပြားေနသည့္ COVID-19ေရာဂါပိုးကို မၾကာခင္ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာသည္။

ေနျပည္ေတာ္၌ ၾသဂုတ္လ၂၅ရက္တြင္က်င္းပသည့္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ဘက္စုံဆန္းစစ္သုံး သပ္သည့္အစည္းအေ၀းတြင္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြး ကေျပာၾကားခဲ့သည္။

“ရခိုင္ျပည္နယ္မွာ ယခုလ ၁၆ရက္ကေတြ႕ရွိတဲ့လူနာဟာ သူ႔မွာေရာဂါပိုးကူးစက္ေနတာကိုမသိဘဲ ခရီးသြား လာမႈမ်ားတာေၾကာင့္ သူထိေတြ႕ခဲ့တဲ့ သူမ်ားျပားတဲ့အတြက္ေၾကာင့္မို႔လို႔ အခုလို အစကနဦးမွာ ပိုးေတြ ႕လူနာမ်ားျပားျခင္းျဖစ္ပါတယ္။ အခုဆိုရင္ ျပည္နယ္အစိုးရအဖြဲ႔ေရာ NGO ေတြေရာ ျပည္သူလူထုနဲ႔ က်န္း မာေရး၀န္ထမ္းေတြေရာ အားလုံးပူးေပါင္းေဆာင္ရြက္ေနၿပီမို႔လို႔ မၾကာခင္ကာလမွာကြ်န္ေတာ္တို႔ ထိန္းခ်ဳပ္ ႏိုင္မယ္လို႔ယူဆပါတယ္’’ဟု ၎ကေျပာသည္။

ၾသဂုတ္လ ၂၆ ရက္နံနက္ ၈ နာရီအခ်ိန္ထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါပိုး ဓါတ္ခြဲအတည္ျပဳလူနာ ၅၇၄ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္သူ ၃၄၁ ဦး၊ ေသဆုံးသူ ၆ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀ ကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ရခိုင္ျပည္နယ္တြင္ COVID-19 ေရာဂါပိုးကို ၾသဂုတ္လ ၁၆ရက္ တြင္ CB Bank ၀န္ထမ္းတစ္ဦးကူးစက္ခံရျပီး ေနာက္ ျပည္တြင္းကူးစက္မႈအသစ္ တစ္လခန္႔အၾကာတြင္ ျပန္လည္ေတြ႕ရွိခဲ့သည္။

#PeopleMedia #စစ္ေတြ #COVID #ေဒါက္တာျမင့္ေထြး

(unicode)
ရခိုင်ပြည်နယ်၌ ကူးစက်ပြန့်ပွားနေသည့် COVID- 19 ရောဂါပိုး ကို မကြာခင်ထိန်းချုပ်နိုင်မည်ဟုပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြ င့်ထွေးပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၆

ရခိုင်ပြည်နယ်၌ ကူးစက်ပြန့်ပွားနေသည့် COVID-19ရောဂါပိုးကို မကြာခင်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

နေပြည်တော်၌ ဩဂုတ်လ၂၅ရက်တွင်ကျင်းပသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဘက်စုံဆန်းစစ်သုံး သပ်သည့်အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ယခုလ ၁၆ရက်ကတွေ့ရှိတဲ့လူနာဟာ သူ့မှာရောဂါပိုးကူးစက်နေတာကိုမသိဘဲ ခရီးသွား လာမှုများတာကြောင့် သူထိတွေ့ခဲ့တဲ့ သူများပြားတဲ့အတွက်ကြောင့်မို့လို့ အခုလို အစကနဦးမှာ ပိုးတွေ့လူနာများပြားခြင်းဖြစ်ပါတယ်။ အခုဆိုရင် ပြည်နယ်အစိုးရအဖွဲ့ရော NGO တွေရော ပြည်သူလူထုနဲ့ ကျန်း မာရေးဝန်ထမ်းတွေရော အားလုံးပူးပေါင်းဆောင်ရွက်နေပြီမို့လို့ မကြာခင်ကာလမှာကျွန်တော်တို့ ထိန်းချုပ် နိုင်မယ်လို့ယူဆပါတယ်’’ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၂၆ ရက်နံနက် ၈ နာရီအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ဓါတ်ခွဲအတည်ပြုလူနာ ၅၇၄ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၁ ဦး၊ သေဆုံးသူ ၆ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ြကီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးကို ဩဂုတ်လ ၁၆ရက် တွင် CB Bank ဝန်ထမ်းတစ်ဦးကူးစက်ခံရပြီး နောက် ပြည်တွင်းကူးစက်မှုအသစ် တစ်လခန့်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်။

#PeopleMedia #စစ်တွေ #COVID #ဒေါက်တာမြင့်ထွေး


Share this post