• Follow Us on

Home ရခိုင္ျပည္နယ္၌ တပ္မေတာ္ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႔ၾကားျဖစ္ပြားခဲ့သည့္ တိုက္ပြဲျဖစ္စဥ္အတြင္း၌ ARSA အၾကမ္းဖက္အဖြဲ႕ႏွင့္ အလိုတူပူးေပါင္းပါဝင္သူမ်ားသည္ ရာဇဝတ္မႈ(၈၇)မႈကို က်ဴးလြန္ခဲ့ေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး ထုတ္ျပန္

ရခိုင္ျပည္နယ္၌ တပ္မေတာ္ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႔ၾကားျဖစ္ပြားခဲ့သည့္ တိုက္ပြဲျဖစ္စဥ္အတြင္း၌ ARSA အၾကမ္းဖက္အဖြဲ႕ႏွင့္ အလိုတူပူးေပါင္းပါဝင္သူမ်ားသည္ ရာဇဝတ္မႈ(၈၇)မႈကို က်ဴးလြန္ခဲ့ေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး ထုတ္ျပန္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၂၄
ျမန္မာတပ္မေတာ္ႏွင့္ ARSA အၾကမ္းဖက္အဖြဲ႕တို႔အၾကားျဖစ္ပြားခဲ့သည့္ တိုက္ခိုက္မႈျဖစ္စဥ္မ်ားအတြင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ားရွိေၾကာင္း စြပ္စြဲခ်က္မ်ားအေပၚ ႏိုင္ငံေတာ္သမၼတ႐ံုးမွ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလရက္စြဲျဖင့္ ICOE အစီရင္ခံစာႏွင့္စပ္လ်ဥ္း၍ ရာဇ၀တ္မႈဆိုင္ရာစံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ရန္ အေထာက္အထားမ်ားခိုင္လံုပါက တရားစြဲဆိုမႈမ်ားျပဳလုပ္ရန္၊ လက္နက္ကိုင္ ပဋိပကၡမ်ားအတြင္း ပစၥည္းဥစၥာဖ်က္ဆီးခံရမႈမ်ား၊ အရပ္သားမ်ားက က်ဴးလြန္ခဲ့သည့္ အျခားရာဇ၀တ္ မႈမ်ား ျပဳလုပ္ရန္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးသို႔ ၫႊန္ၾကားခဲ့သည္။
အဆိုပါ ICOE အစီရင္ခံစာတြင္ ARSA ႏွင့္ အလိုတူပူးေပါင္းပါ၀င္သူမ်ားသည္ လူသတ္မႈ၊ မီး႐ိႈ႕မႈ၊ ပစၥည္းဥစၥာဖ်က္ဆီးမႈအပါအ၀င္ ရာဇ၀တ္မႈ ၈၇ မႈကို က်ဴးလြန္ခဲ့သည္ဟု ေဖာ္ျပထားရာ ၎တို႔ အနက္ အမႈ ၆၇ မႈကို အမႈဖြင့္ေဆာင္ရြက္လ်က္ရွိၿပီး အမႈ ၂၀ မႈက်န္ရွိေၾကာင္း လြတ္လပ္ေသာ စံုစမ္း စစ္ေဆးေရးေကာ္မရွင္၏ အၿပီးသတ္အစီအရင္ခံစာတြင္ ေဖာ္ျပပါရွိသည္။
ဆက္လက္ၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕၀င္မ်ားမွ လူသတ္မႈ၊ မီး႐ိႈ႕မႈ၊ ပစၥည္းဥစၥာဖ်က္ဆီးမႈအပါအ၀င္ ရာဇ၀တ္မႈ ၂၃ မႈကို က်ဴးလြန္ခဲ့သည္ဟုေဖာ္ျပထားရာ အမႈ ၂၃ မႈကို အမႈဖြင့္ေဆာင္ရြက္လ်က္ရွိသည္။
ထို႔အျပင္ ေဒသခံတိုင္းရင္းသားမ်ားမွ လူသတ္မႈ၊ မီး႐ိႈ႕မႈ၊ ဖ်က္ဆီးမႈမ်ားအပါအ၀င္ ရာဇ၀တ္မႈေပါင္း ၂၉ မႈကို က်ဴးလြန္ခဲ့ရာ အမႈ ၂၀ မႈကို အမႈဖြင့္ ေဆာင္ရြက္လ်က္ရွိၿပီး၊ ၉ မႈက်န္ရွိေနသည္။
ႏိုင္ငံေတာ္သမၼတ႐ံုးမွ ရာဇ၀တ္မႈဆိုင္ရာ စံုစမ္းစစ္ေဆးျခင္းႏွင့္ တရားစြဲဆိုျခင္းမ်ားေဆာင္ရြက္ေရး အဖြဲ႕ကို ဖြဲ႕စည္းတာ၀န္ေပးအပ္ခဲ့ၿပီး ေကာ္မရွင္၏အစီရင္ခံစာအရ ျဖစ္စဥ္ ၁၃ ခုတြင္ ARSA ႏွင့္ အလိုတူပူးေပါင္းပါ၀င္သူမ်ား က်ဴးလြန္မႈ ၈၇ မႈ၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔၀င္မ်ား က်ဴးလြန္မႈ ၂၃ မႈ၊ ေဒသခံ တိုင္းရင္းသားမ်ား က်ဴးလြန္မႈ ၂၉ မႈျဖစ္၍ အေရးယူေဆာင္ရြက္ရမည့္အမႈ စုစုေပါင္း ၁၃၉ မႈရွိေၾကာင္း ထုတ္ျပန္ထားသည္။
အလားတူ ရခိုင္ျပည္နယ္ေျမာက္ပိုင္း တိုက္ခိုက္မႈျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ တိုင္ၾကားခ်က္မ်ား လက္ခံ ေဆာင္ရြက္မည့္ တိုင္တန္းမႈယႏၲရားတစ္ရပ္ကိုတည္ေထာင္ၿပီး ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိ ေၾကာင္းႏွင့္ ေဆာင္ရြက္ခ်က္မ်ားကိုလည္း အမ်ားျပည္သူသိရွိရန္ ထုတ္ျပန္သြားမည္ျဖစ္ဟု ျပည္ ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးမွ ထုတ္ျပန္ထားသည္။
photo – ​ေမာင္ေတာၿမိဳ႕နယ္၌ ARSA ​ေထာင္ထားသည့္မိုင္း ေပါက္ကြဲ၍ ယာဥ္ႏွင့္လူေသအခ်ိဳ႕ေသဆုံးမွု
#PeopleMedia #ARSA #လူ႔အခြင့္အေရး #နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ #ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုး
(unicode)
ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်အတွင်း၌ ARSA အကြမ်းဖက်အဖွဲ့နှင့် အလိုတူပူးပေါင်းပါဝင်သူများသည် ရာဇဝတ်မှု(၈၇)မှုကို ကျူးလွန်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ထုတ်ပြန်
…………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၂၄
မြန်မာတပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလရက်စွဲဖြင့် ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများပြုလုပ်ရန်၊ လက်နက်ကိုင် ပဋိပက္ခများအတွင်း ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ် မှုများ ပြုလုပ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြားခဲ့သည်။
အဆိုပါ ICOE အစီရင်ခံစာတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှု ၈၇ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ ၎င်းတို့ အနက် အမှု ၆၇ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး အမှု ၂၀ မှုကျန်ရှိကြောင်း လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီအရင်ခံစာတွင် ဖော်ပြပါရှိသည်။
ဆက်လက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှု ၂၃ မှုကို ကျူးလွန်ခဲ့သည်ဟုဖော်ပြထားရာ အမှု ၂၃ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသားများမှ လူသတ်မှု၊ မီးရှို့မှု၊ ဖျက်ဆီးမှုများအပါအဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုကို ကျူးလွန်ခဲ့ရာ အမှု ၂၀ မှုကို အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး၊ ၉ မှုကျန်ရှိနေသည်။
နိုင်ငံတော်သမ္မတရုံးမှ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကော်မရှင်၏အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှု၊ ဒေသခံ တိုင်းရင်းသားများ ကျူးလွန်မှု ၂၉ မှုဖြစ်၍ အရေးယူဆောင်ရွက်ရမည့်အမှု စုစုပေါင်း ၁၃၉ မှုရှိကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ တိုင်ကြားချက်များ လက်ခံ ဆောင်ရွက်မည့် တိုင်တန်းမှုယန္တရားတစ်ရပ်ကိုတည်ထောင်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဆောင်ရွက်ချက်များကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်သွားမည်ဖြစ်ဟု ပြည် ထောင်စုရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ထားသည်။
photo – ​မောင်တောမြို့နယ်၌ ARSA ​ထောင်ထားသည့်မိုင်း ပေါက်ကွဲ၍ ယာဉ်နှင့်လူသေအချို့သေဆုံးမှု
#PeopleMedia #ARSA #လူ့အခွင့်အရေး #နယ်ခြားစောင့်ရဲတပ်ဖွဲ့ #ပြည်ထောင်စုရှေ့နေချုပ်ရုံး


Share this post