• Follow Us on

Home ရခိုင်ပြည်နယ်၌ ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသည့် Linda အမည်ရှိ မျိုးကွဲဗီဇပြောင်း COVID-19 ပိုးသစ်ကူး စက်ခြင်းမရှိစေရန် မြို့နယ် ၃ မြို့ကို စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြား

ရခိုင်ပြည်နယ်၌ ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသည့် Linda အမည်ရှိ မျိုးကွဲဗီဇပြောင်း COVID-19 ပိုးသစ်ကူး စက်ခြင်းမရှိစေရန် မြို့နယ် ၃ မြို့ကို စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များ၌ ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသော Linda အမည်ရှိ မျိုးကွဲဗီဇပြောင်း COVID-19 ပိုးသစ်ကူးစက်ခြင်းမရှိစေရန် စက်တင်ဘာလ ၄ ရက်နေ့က  ပြည်ထောင်စု ကိုဗစ်-၁၉ ထိန်းချုပ်ရေးဗဟိုက ညွှန်ကြားထားသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသော Linda အမည်ရှိ မျိုးကွဲဗီဇပြောင်း ကိုဗစ်ပိုးသစ် ရခိုင်ဒေသတွင်းသို့ မ ရောက်ရှိစေရန် ရခိုင်ပြည်နယ်တစ်ဝှမ်း Mask Campaign တွေပြုလုပ်ခြင်း၊ Test kit များနှင့် COVID-19 စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ (၃)မြို့နယ်များ၏ လူစည်ကားရာ ကားဂိတ်၊ ဘုတ်ဆိပ်၊ လေဆိပ်၊ ဈေးများမှာ သက်ဆိုင်ရာအဖွဲ့စုံ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးခဲ့ရာ ယနေ့ စစ်တွေ ရွှေပြည်တန်ဆိပ်ကမ်း၌ လူ(၁၀၀)ဦးကို စစ်ဆေးခဲ့ရာ၌ ပေါက်တောဒေသခံတစ်ဦး၊ မင်းပြားဒေသခံတစ်ဦး ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

 

ယမန်နေ့ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေလေယာဉ်ကွင်း၌ လေယာဉ်စီးမည့် ခရီးသည် အမျိုး သားနှစ်ဦးနှစ်ထံမှ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ရတယ်လို့ Rakhine Covid19 Watch မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #COVID19

 

(unicode)


……………………………………………………………………….

 


 


 


 


 


 

#PeopleMedia #COVID19


Share this post