• Follow Us on

Home ရခိုင်ပြည်နယ်၌ သုံးလကျော်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၉၁ ဦးနှင့် ရောဂါကူးစက်ခံရသူ ၄၀၆၄ ဦး ခန့်ရှိ

ရခိုင်ပြည်နယ်၌ သုံးလကျော်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၉၁ ဦးနှင့် ရောဂါကူးစက်ခံရသူ ၄၀၆၄ ဦး ခန့်ရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁ (People Media)

 

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၉၁ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၄၀၆၄ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အထက်ပါကာလအတွင်း စစ်တွေမြို့တွင် ပိုးတွေ့လူနာ ၆၄၉ ဦးတွင် သေဆုံးသူ ၉၅ ဦး၊ မောင်တောမြို့နယ် တွင် ပိုးတွေ့လူနာ ၄၆၉ ဦး၌ သေဆုံးသူ ၁၈ ဦး၊ ဂွမြို့တွင် ပိုးတွေ့လူနာ ၇၅၅ ဦး၌ သေဆုံးသူ ၁၇ ဦး၊ သံတွဲ မြို့နယ်တွင် ပိုးတွေ့လူနာ ၃၀၄ ဦး၌ သေဆုံးသူ ၃၃ ဦး၊ ကျောက်ဖြူမြို့တွင် ပိုးတွေ့လူနာ ၅၀၁ ဦး၌ သေဆုံးသူ ၃၉ ဦးနှင့် အမ်းမြို့တွင် ပိုးတွေ့လူနာ ၁၉၅ ဦး၌ သေဆုံးသူ ၁၃ ဦး စသည့်မြို့နယ်များတွင် ပိုးတွေ့လူနာအများ ဆုံး တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

မြေပုံမြို့တွင် ပိုးတွေ့လူနာ ၄၈ ဦး၌ သေဆုံးသူမရှိဘဲ၊ မင်းပြားမြို့တွင် ပိုးတွေ့လူနာ ၅၇ ဦး၌ သေဆုံးသူ ၁၅ ဦးနှင့် ပုဏ္ဍားကျွန်းမြို့နယ်တွင် ပိုးတွေ့လူနာ ၅၈ ဦး၌ သေဆုံးသူ ၉ ဦး စသည့်မြို့နယ်များမှာတော့ ပိုးတွေ့ လူနာအနည်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်တွင် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့ အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၉၁ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၄၀၆၄ ဦးနှင့် ဆေးရုံတက်ရောက် ကုသဆဲလူနာ ၂၈၂ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

#PeopleMedia #ကျန်းမာရေးဝန်ကြီးဌာန #COVID19 #ရခိုင်ပြည်နယ်

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post