• Follow Us on

Home ရခိုင္ျပည္နယ္ စစ္ေတြမွ ျပည္သူမ်ားကို ျပင္ပသို႔သြားလာခြင့္ကန္႔သတ္လိုက္ျခင္းသည္ ထိန္းခ်ဳပ္ခ်င္သည္သေဘာမဟုတ္ဘဲ ကာကြယ္လိုသည္သေဘာဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ရွင္းလင္းေျပာၾကား

ရခိုင္ျပည္နယ္ စစ္ေတြမွ ျပည္သူမ်ားကို ျပင္ပသို႔သြားလာခြင့္ကန္႔သတ္လိုက္ျခင္းသည္ ထိန္းခ်ဳပ္ခ်င္သည္သေဘာမဟုတ္ဘဲ ကာကြယ္လိုသည္သေဘာဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ရွင္းလင္းေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၅

ရခိုင္ျပည္နယ္ စစ္ေတြမွ ျပည္သူမ်ားကို ျပင္ပသို႔သြားလာခြင့္ကန္႔သတ္လိုက္ျခင္းသည္ ထိန္းခ်ဳပ္ခ်င္သည္သေဘာမဟုတ္ဘဲ ကာကြယ္လိုသည္သေဘာဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ရွင္းလင္းေျပာၾကားလိုက္သည္။

ၾသဂုတ္လ ၂၄ရက္ ညပိုင္း ရခိုင္ျပည္နယ္အတြင္း COVID 19ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူသို႔ အစီရင္မိန္႔ခြန္း ေျပာၾကားရာတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ကထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“စစ္ေတြမွာေရာဂါျပန္႔ပြားလာတာေၾကာင့္မို႔လို႔ ရခိုင္ျပည္နယ္ျပင္ပကို စစ္ေတြျပည္သူမ်ားမထြက္ေအာင္ လို႔ ကြ်န္မတို႔ စည္းကမ္းေတြသက္မွတ္ရပါတယ္။ ဒီဟာက ထိန္းခ်ဳပ္ခ်င္တဲ့သေဘာလည္းမဟုတ္ပါဘူး။ ကြ်န္မတို႔အေနနဲ႔ ကာကြယ္ခ်င္တဲ့ သေဘာပါ။ ကာကြယ္ခ်င္တယ္ဆိုတာဟာ တစ္တိုင္းျပည္လုံးလည္းကာကြယ္ခ်င္တယ္။ စစ္ေတြနဲ႔က်န္တဲ့ရခိုင္ေျမာက္ပိုင္း ကျပည္သူေတြကိုလည္းကာကြယ္ရတယ္။ ဒီေတာ့အျပင္ကိုမထြက္ရဘူးဆိုတာဘယ္လိုကာကြယ္ရတယ္ဆိုေတာ့ အထူးက်န္း မာေရးေစာင့္ေရွာက္မႈေတြကို စစ္ေတြနဲ႔ သက္ဆိုင္ရာဌာနေတြ စီစဥ္ထားပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနကေသေသခ်ာခ်ာ စီစဥ္ထားပါတယ္’’ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္စစ္ေတြတြင္ ၾသဂုတ္လ ၁၆ ရက္ CB BANK ၀န္ထမ္းတစ္ဦး COVID 19 ေရာဂါပိုးေတြ႕ရွိၿပီး သည့္ေနာက္ျပည္တြင္းကူးစက္မႈအသစ္ တစ္လၾကာတြင္ျပန္လည္ေတြ႕ရွိခဲ့ၿပီး ၾသဂုတ္လ ၁၆ရက္မွ ၂၁ရက္အထိ ၅ ရက္တာ ကာလအတြင္း ရခိုင္ျပည္နယ္တြင္ လူနာသစ္ ၄၅ဦးေတြ႕ရွိခဲ့သည္။

“အခုခ်ိန္မွာဆိုလို႔ရွိရင္ရခိုင္ျပည္နယ္ကတခ်ိဳ႔ျပည္သူေတြကေနၿပီးေတာ့ျပင္ပကိုထြက္ခ်င္ၾကတယ္။ ျပင္ပမွာပိုၿပီးေတာ့ လုံျခဳံတယ္လို႔ထင္ၾကတယ္။ဒါေပမဲ့ ေရာဂါရလာၿပီဆိုလို႔ရွိရင္ ေရာဂါပိုးက၀င္ေနၿပီဆိုလို႔ရွိရင္ဘယ္သြားသြားေရာဂါပိုး ကပါသြားမွာဘဲလုိ႔ ပထမဆုံး COVID နဲ႔ပတ္သက္လို႔ေျပာခဲ့တဲ့မိန္႔ခြန္းတစ္ခုထဲမွာေျပာခဲ့ပါတယ္။ ေရာဂါပိုးကကိုယ္နဲ႔ ပါသြားမွာဘဲ။ ဒါေပမဲ့ရခိုင္ျပည္နယ္အတြင္းမွာဘဲေနမယ္။စစ္ေတြမွာဘဲေနမယ္။ ကူးစက္ျပန္႔ပြားေနတဲ့ေဒသမွာ ဘဲ ေနမယ္ဆိုလို႔ရွိရင္ ေရာဂါပိုးေတြ႕လို႔ရွိရင္ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ေတြ႕ႏိုင္မယ္။ ကုသမႈေပးႏိုင္မယ္’’ဟု ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ကထပ္မံေျပာသည္။

#PeopleMedia

(unicode)
ရခိုင်ပြည်နယ် စစ်တွေမှ ပြည်သူများကို ပြင်ပသို့သွားလာခွင့်ကန့်သတ်လိုက်ခြင်းသည် ထိန်းချုပ်ချင်သည်သဘောမဟုတ်ဘဲ ကာကွယ်လိုသည်သဘောဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းပြောကြား
………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၅

ရခိုင်ပြည်နယ် စစ်တွေမှ ပြည်သူများကို ပြင်ပသို့သွားလာခွင့်ကန့်သတ်လိုက်ခြင်းသည် ထိန်းချုပ်ချင်သည်သဘောမဟုတ်ဘဲ ကာကွယ်လိုသည်သဘောဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းပြောကြားလိုက်သည်။

ဩဂုတ်လ ၂၄ရက် ညပိုင်း ရခိုင်ပြည်နယ်အတွင်း COVID 19ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်တွေမှာရောဂါပြန့်ပွားလာတာကြောင့်မို့လို့ ရခိုင်ပြည်နယ်ပြင်ပကို စစ်တွေပြည်သူများမထွက်အောင် လို့ ကျွန်မတို့ စည်းကမ်းတွေသက်မှတ်ရပါတယ်။ ဒီဟာက ထိန်းချုပ်ချင်တဲ့သဘောလည်းမဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ကာကွယ်ချင်တဲ့ သဘောပါ။ ကာကွယ်ချင်တယ်ဆိုတာဟာ တစ်တိုင်းပြည်လုံးလည်းကာကွယ်ချင်တယ်။ စစ်တွေနဲ့ကျန်တဲ့ရခိုင်မြောက်ပိုင်း ကပြည်သူတွေကိုလည်းကာကွယ်ရတယ်။ ဒီတော့အပြင်ကိုမထွက်ရဘူးဆိုတာဘယ်လိုကာကွယ်ရတယ်ဆိုတော့ အထူးကျန်း မာရေးစောင့်ရှောက်မှုတွေကို စစ်တွေနဲ့ သက်ဆိုင်ရာဌာနတွေ စီစဉ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကသေသေချာချာ စီစဉ်ထားပါတယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်စစ်တွေတွင် ဩဂုတ်လ ၁၆ ရက် CB BANK ဝန်ထမ်းတစ်ဦး COVID 19 ရောဂါပိုးတွေ့ရှိပြီး သည့်နောက်ပြည်တွင်းကူးစက်မှုအသစ် တစ်လကြာတွင်ပြန်လည်တွေ့ရှိခဲ့ပြီး ဩဂုတ်လ ၁၆ရက်မှ ၂၁ရက်အထိ ၅ ရက်တာ ကာလအတွင်း ရခိုင်ပြည်နယ်တွင် လူနာသစ် ၄၅ဦးတွေ့ရှိခဲ့သည်။

“အခုချိန်မှာဆိုလို့ရှိရင်ရခိုင်ပြည်နယ်ကတချို့ပြည်သူတွေကနေပြီးတော့ပြင်ပကိုထွက်ချင်ကြတယ်။ ပြင်ပမှာပိုပြီးတော့ လုံခြုံတယ်လို့ထင်ကြတယ်။ဒါပေမဲ့ ရောဂါရလာပြီဆိုလို့ရှိရင် ရောဂါပိုးကဝင်နေပြီဆိုလို့ရှိရင်ဘယ်သွားသွားရောဂါပိုး ကပါသွားမှာဘဲလို့ ပထမဆုံး COVID နဲ့ပတ်သက်လို့ပြောခဲ့တဲ့မိန့်ခွန်းတစ်ခုထဲမှာပြောခဲ့ပါတယ်။ ရောဂါပိုးကကိုယ်နဲ့ ပါသွားမှာဘဲ။ ဒါပေမဲ့ရခိုင်ပြည်နယ်အတွင်းမှာဘဲနေမယ်။စစ်တွေမှာဘဲနေမယ်။ ကူးစက်ပြန့်ပွားနေတဲ့ဒေသမှာ ဘဲ နေမယ်ဆိုလို့ရှိရင် ရောဂါပိုးတွေ့လို့ရှိရင်ပိုပြီးတော့ မြန်မြန်ဆန်ဆန်တွေ့နိုင်မယ်။ ကုသမှုပေးနိုင်မယ်’’ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကထပ်မံပြောသည်။

#PeopleMedia


Share this post