• Follow Us on

Home ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းရန္ အစိုးရ၏ စိတ္ေကာင္းေစ တနာထားမႈအေပၚ မူတည္ေနဟု ရခိုင္အမ်ိဳး သားပါတီေျပာ

ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းရန္ အစိုးရ၏ စိတ္ေကာင္းေစ တနာထားမႈအေပၚ မူတည္ေနဟု ရခိုင္အမ်ိဳး သားပါတီေျပာ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၅

ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းရန္ အစိုးရ၏ စိတ္ေကာင္းေစတနာထားမႈအေပၚ မူတည္ေနေၾကာင္း ရခိုင္အ မ်ိဳးသားပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ကေျပာၾကားလိုက္သည္။

ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၾသဂုတ္လ ၁၅ ရက္ People media က ဆက္သြယ္ေမးျမန္းရာတြင္ ရခိုင္အမ်ိဳးသားပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ကေျပာၾကားခဲ့သည္။

“ရခိုင္ျပည္နယ္မွာ မၿငိမ္းခ်မ္းျဖစ္ေနတဲ့ ျဖစ္လာတဲ့အေနအထားဟာ ဒီ AA နဲ႔ပတ္သက္ၿပီး အျမစ္ျပတ္ေ ခ်မႈန္း ေရးဆိုတဲ့မူေအာက္မွာ အေျပာေအာက္မွာ ဒီေန႔အထိ မေအးမခ်မ္းတဲ့အေနအထားကိုေရာက္ေနတယ္။ အခု ပင္လုံညီလာခံမွာလည္း ဖိတ္မယ္ဆိုၿပီး မဖိတ္ဘူး။ AA ကိုမဖိတ္တဲ့အတြက္ မဟာမိတ္အဖြဲ႕အစည္းေတြပါ မတက္ဘူးဆိုတဲ့ပကတိအေနအထားမွာ အစိုးရဟာ ကိုယ့္ရဲ႕တိုင္းျပည္၊ကိုယ့္ရဲ႕ျပည္သူေတြေအးခ်မ္းေရးကို အမွန္တကယ္လုပ္ေပးခ်င္တဲ့စိတ္ေစတနာေကာင္းရွိတယ္ဆိုရင္လုပ္လို႔ရတယ္။ စိတ္ေကာင္း ေစတနာ ေကာင္း အတြက္ ေရွာင္တခင္ေရြးေကာက္ပြဲအတြက္ကိုမေမွ်ာ္မွန္းဘဲနဲ႔ တကယ့္ကို တည္ၿငိမ္ေအးခ်မ္းတဲ့ျပည္ေထာင္စု ႀကီးျဖစ္ေနဖို႔အတြက္ ႏိုင္ငံေရးကိုႏိုင္ငံေရးျပႆနာအေျဖရွာတဲ့နည္းတဲ့ မႀကိဳးစားသမွ် ကာလပတ္လုံး ဘယ္ေတာ့မွ အျမစ္ျပတ္ေခ်မႈန္းတာတို႔ ခြဲျခားဆက္ဆံတာတို႔ ၊ပစ္ပယ္တာတို႔ လုပ္ေနသမွ် တည္ၿငိမ္ေအးခ်မ္း တဲ့ ျပည္ေထာင္စုမျဖစ္ႏိုင္ဘူး’’ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္မွစတင္ကာ AA လက္နက္ကိုင္အဖြဲ႕ႏွင့္တပ္မေတာ္တို႔ ႏွစ္ဖက္ထိေတြ႕မႈမ်ား ရွိလာခဲ့ၿပီး ဘူးသီေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး အစရွိသည့္ နယ္ေျမမ်ားတြင္ စစ္ေရးအရွိန္ က်ယ္ျပန္႔ လာခဲ့သည္။

ရခိုင္ျပည္နယ္တြင္ တစ္ႏွစ္ေက်ာ္ၾကာျမင့္လာေသာ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ ျပည္သူ ၁၆၀၀၀၀ ေက်ာ္အထိရွိလာေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုအစည္းအ႐ုံး၏ထုတ္ျႏပ္ခ်က္အရသိရသည္။

#PeopleMedia #ရခိုင္အမ်ိဳးသားပါတီ

(unicode)
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရန် အစိုးရ၏ စိတ်ကောင်းစေ တနာထားမှုအပေါ် မူတည်နေဟု ရခိုင်အမျိုး သားပါတီပြော
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၅

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရန် အစိုးရ၏ စိတ်ကောင်းစေတနာထားမှုအပေါ် မူတည်နေကြောင်း ရခိုင်အ မျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဩဂုတ်လ ၁၅ ရက် People media က ဆက်သွယ်မေးမြန်းရာတွင် ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ မငြိမ်းချမ်းဖြစ်နေတဲ့ ဖြစ်လာတဲ့အနေအထားဟာ ဒီ AA နဲ့ပတ်သက်ပြီး အမြစ်ပြတ် ေချမှုန်း ရေးဆိုတဲ့မူအောက်မှာ အပြောအောက်မှာ ဒီနေ့အထိ မအေးမချမ်းတဲ့အနေအထားကိုရောက်နေတယ်။ အခု ပင်လုံညီလာခံမှာလည်း ဖိတ်မယ်ဆိုပြီး မဖိတ်ဘူး။ AA ကိုမဖိတ်တဲ့အတွက် မဟာမိတ်အဖွဲ့အစည်းတွေပါ မတက်ဘူးဆိုတဲ့ပကတိအနေအထားမှာ အစိုးရဟာ ကိုယ့်ရဲ့တိုင်းပြည်၊ကိုယ့်ရဲ့ပြည်သူတွေအေးချမ်းရေးကို အမှန်တကယ်လုပ်ပေးချင်တဲ့စိတ်စေတနာကောင်းရှိတယ်ဆိုရင်လုပ်လို့ရတယ်။ စိတ်ကောင်း စေတနာ ကောင်း အတွက် ရှောင်တခင်ရွေးကောက်ပွဲအတွက်ကိုမမျှော်မှန်းဘဲနဲ့ တကယ့်ကို တည်ငြိမ်အေးချမ်းတဲ့ပြည်ထောင်စု ကြီးဖြစ်နေဖို့အတွက် နိုင်ငံရေးကိုနိုင်ငံရေးပြဿနာအဖြေရှာတဲ့နည်းတဲ့ မကြိုးစားသမျှ ကာလပတ်လုံး ဘယ်တော့မှ အမြစ်ပြတ်ချေမှုန်းတာတို့ ခွဲခြားဆက်ဆံတာတို့ ၊ပစ်ပယ်တာတို့ လုပ်နေသမျှ တည်ငြိမ်အေးချမ်း တဲ့ ပြည်ထောင်စုမဖြစ်နိုင်ဘူး’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှစတင်ကာ AA လက်နက်ကိုင်အဖွဲ့နှင့်တပ်မတော်တို့ နှစ်ဖက်ထိတွေ့မှုများ ရှိလာခဲ့ပြီး ဘူးသီတောင်၊ မောင်တော၊ မြောက်ဦး အစရှိသည့် နယ်မြေများတွင် စစ်ရေးအရှိန် ကျယ်ပြန့် လာခဲ့သည်။

ရခိုင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာမြင့်လာသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၆၀၀၀၀ ကျော်အထိရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး၏ထုတ်နြပ်ချက်အရသိရသည်။

#PeopleMedia #ရခိုင်အမျိုးသားပါတီ


Share this post