• Follow Us on
Home ရခိုင်ပြည်နယ် မောင်တောခရိုင်လက်ထောက်ညွှန်ကြားရေးမှူးကို ၎င်း ဆန္ဒအရ နှုတ်ထွက်ခွင့်ပြု
Share this post
ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၂၀
#PeopleMedia
(Unicode)
ရခိုင်ပြည်နယ် မောင်တောခရိုင်လက်ထောက်ညွှန်ကြားရေးမှူးကို ၎င်း ဆန္ဒအရ နှုတ်ထွက်ခွင့်ပြု
…………………………………………………
ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း အား ၎င်း၏ ဆန္ဒအလျောက် တာဝန်မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာကို ယခုလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
မောင်တောခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလကတည်းက မိသား စုအခက်အခဲများကြောင့် မိမိသဘောဆန္ဒအလျောက်အလုပ်မှ နှုတ်ထွက်ရန်တင်ပြထားခြင်းလည်းဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ ပြင်းထန်သည့်ဒေသ များရှိ မြို့နယ်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ အများအပြားနှုတ်ခွင့်တောင်းခံခဲ့ကြသည်။ ရခိုင်ပြည်နယ် မောင်တောခရိုင်သည်လည်း တပ်မတော်နှင့် AA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက် ရှိသည့် ရခိ်ုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်တစ်ခုဖြစ်သည်။
#PeopleMedia
Share this post