• Follow Us on
Latest News

Home ရခိုင္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ အင္တာနက္ျဖတ္ေတာက္မႈ ခ်က္ခ်င္းရပ္ ဆိုင္းရန္ HRW အႀကံျပဳ

ရခိုင္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ အင္တာနက္ျဖတ္ေတာက္မႈ ခ်က္ခ်င္းရပ္ ဆိုင္းရန္ HRW အႀကံျပဳ

Share this post

ဘန္ေကာက္၊ ဇူလိုင္ ၂၇

ရခိုင္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ အရပ္သားမ်ား ထပ္တိုးအႏၲရာယ္မ်ားႀကံဳရသည့္ အင္တာနက္ျဖတ္ေတာက္မႈကို ခ်က္ခ်င္းရပ္ဆိုင္းရန္ ျမန္မာအစိုးရကို လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕(HRW)က ယေန႔တြင္အႀကံျပဳသည္။

အစိုးရ၏ အင္တာနက္ကန္႔သတ္မႈေၾကာင့္ အကူအညီအတြက္ပူးေပါင္းေဆာင္႐ြက္မႈ၊ တိက်သည့္သတင္း အခ်က္အလက္စုေဆာင္းမႈႏွင့္ အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေစာင့္ၾကည့္မႈတို႔တြင္ အခက္အခဲမ်ားႀကံဳေနရ သည္ဟု HRW ကေျပာသည္။

“ျမန္မာအစိုးရရဲ႕ ရခိုင္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ျမန္မာအစိုးရရဲ႕ကာလ႐ွည္ၾကာအင္တာနက္ျဖတ္ေတာက္မႈနဲ႔ ပတ္ သက္ၿပီး ေနာက္ဆံုးအေၾကာင္းျပခ်က္ေတြဟာ အေျခအျမစ္မ႐ွိဘဲ ေျမျပင္အမွန္တရားနဲ႔ဆန္႔က်င္ေနပါတယ္။ ေျမႁမွဳပ္မိုင္းေတြအသံုးျပဳမႈအဆံုးသတ္ဖို႔ အလြန္အကၽြံက်ယ္ျပန္႔တဲ့ကန္႔သတ္ခ်က္ေတြကို ဂ႐ုမစိုက္ဘဲရက္ရက္ စက္စက္ခ်မွတ္ေနတာဟာ လူေတြကို အသက္ကယ္တင္ႏိုင္တဲ့အင္တာနက္အသံုးျပဳခြင့္ကင္းမဲ့ေစပါတယ္”ဟု HRW မွ အၾကပ္အတည္းႏွင့္ပဋိပကၡဆိုင္ရာသုေတသီ ရစ္ခ်က္ ဝါးကေျပာသည္။

ေျမႁမွဳပ္မိုင္းမ်ားႏွင့္ လက္လုပ္ေဖာက္ခြဲေရးပစၥည္းမ်ားကို ေဖာက္ခြဲရန္ ေအေအအဖြဲ႔က မိုဘိုင္းအင္တာနက္နည္း ပညာမ်ားအသံုးျပဳေနျခင္းကာကြယ္ရန္ တစိတ္တပိုင္းအေနျဖင့္ အင္တာနက္ျဖတ္ေတာက္ထားရန္ လိုအပ္ ေၾကာင္း ယခုႏွစ္၊ ဇြန္ ၃၀ ရက္တြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီထံ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ထည့္သြင္းေျပာဆိုထားသည္။

သို႔ေသာ္ ေအေအအသံုးျပဳေနသည္ဆိုေသာေျမႁမွဳပ္မိုင္းမ်ားကို အင္တာနက္မလိုသည့္ အမ်ိဳးမ်ိဳးေသာ႐ိုး႐ွင္း သည့္နည္းလမ္းမ်ားျဖင့္ ေဖာက္ခြဲႏိုင္ေၾကာင္း HRW ကေျပာသည္။

၂၀၁၉ ခုႏွစ္၊ ဇြန္တြင္ အစိုးရက ဖုန္းအင္တာနက္ဆက္သြယ္ေရးအေပၚကန္႔သတ္မႈမ်ားပထမဆံုးခ်မွတ္ခဲ့ၿပီး စက္တင္ဘာ ၁ ရက္၌ အခ်ိဳ႕ေနရာမ်ားတြင္ ယာယီျပန္လည္ေျဖေလွ်ာ့ေပးခဲ့သည္။

Ref : Myanmar End Unlawful Internet Restrictions

#PeopleMedia

(unicode)
ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ် ဆိုင်းရန် HRW အကြံပြု
…………………………………………………

ဘန်ကောက်၊ ဇူလိုင် ၂၇

ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အရပ်သားများ ထပ်တိုးအန္တရာယ်များကြုံရသည့် အင်တာနက်ဖြတ်တောက်မှုကို ချက်ချင်းရပ်ဆိုင်းရန် မြန်မာအစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က ယနေ့တွင်အကြံပြုသည်။

အစိုးရ၏ အင်တာနက်ကန့်သတ်မှုကြောင့် အကူအညီအတွက်ပူးပေါင်းဆောင်ရွက်မှု၊ တိကျသည့်သတင်း အချက်အလက်စုဆောင်းမှုနှင့် အခွင့်အရေးချိုးဖောက်မှုများစောင့်ကြည့်မှုတို့တွင် အခက်အခဲများကြုံနေရ သည်ဟု HRW ကပြောသည်။

“မြန်မာအစိုးရရဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ မြန်မာအစိုးရရဲ့ကာလရှည်ကြာအင်တာနက်ဖြတ်တောက်မှုနဲ့ ပတ် သက်ပြီး နောက်ဆုံးအကြောင်းပြချက်တွေဟာ အခြေအမြစ်မရှိဘဲ မြေပြင်အမှန်တရားနဲ့ဆန့်ကျင်နေပါတယ်။ မြေမြှုပ်မိုင်းတွေအသုံးပြုမှုအဆုံးသတ်ဖို့ အလွန်အကျွံကျယ်ပြန့်တဲ့ကန့်သတ်ချက်တွေကို ဂရုမစိုက်ဘဲရက်ရက် စက်စက်ချမှတ်နေတာဟာ လူတွေကို အသက်ကယ်တင်နိုင်တဲ့အင်တာနက်အသုံးပြုခွင့်ကင်းမဲ့စေပါတယ်”ဟု HRW မှ အကြပ်အတည်းနှင့်ပဋိပက္ခဆိုင်ရာသုတေသီ ရစ်ချက် ဝါးကပြောသည်။

မြေမြှုပ်မိုင်းများနှင့် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲရန် အေအေအဖွဲ့က မိုဘိုင်းအင်တာနက်နည်း ပညာများအသုံးပြုနေခြင်းကာကွယ်ရန် တစိတ်တပိုင်းအနေဖြင့် အင်တာနက်ဖြတ်တောက်ထားရန် လိုအပ် ကြောင်း ယခုနှစ်၊ ဇွန် ၃၀ ရက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီထံ ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းပြောဆိုထားသည်။

သို့သော် အေအေအသုံးပြုနေသည်ဆိုသောမြေမြှုပ်မိုင်းများကို အင်တာနက်မလိုသည့် အမျိုးမျိုးသောရိုးရှင်း သည့်နည်းလမ်းများဖြင့် ဖောက်ခွဲနိုင်ကြောင်း HRW ကပြောသည်။

၂၀၁၉ ခုနှစ်၊ ဇွန်တွင် အစိုးရက ဖုန်းအင်တာနက်ဆက်သွယ်ရေးအပေါ်ကန့်သတ်မှုများပထမဆုံးချမှတ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်၌ အချို့နေရာများတွင် ယာယီပြန်လည်ဖြေလျှော့ပေးခဲ့သည်။

Ref : Myanmar End Unlawful Internet Restrictions

#PeopleMedia


Share this post