• Follow Us on

Home ရခိုင္ႏွင့္ ရွမ္းျပည္နယ္တို႔ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား ရပ္တန္႔ေပးနိုင္ေရး အခ်က္ ၆ ခ်က္ပါဝင္သည့္ ေၾကျငာ ခ်က္ UNA ထုတ္ျပန္

ရခိုင္ႏွင့္ ရွမ္းျပည္နယ္တို႔ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား ရပ္တန္႔ေပးနိုင္ေရး အခ်က္ ၆ ခ်က္ပါဝင္သည့္ ေၾကျငာ ခ်က္ UNA ထုတ္ျပန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၀
ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတို႔တြင္ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား အျမန္ဆုံးရပ္တန္႔နိုင္ေရး အစိုးရ ၊ တပ္မေတာ္ႏွင့္ သက္ဆိုင္ရာလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ခ်က္ခ်င္းေတြ႕ဆုံ ေဆြးေႏြးရန္ စသည္တို႔ အပါ အ၀င္ အခ်က္ ၆ ခ်က္ ပါဝင္ေသာ သေဘာထားေၾကျငာခ်က္ကို စည္းလုံးညီညႊတ္ေသာတိုင္ရင္းသား လူမ်ိဳးမ်ား ဒီမဟာမိတ္(UNA)ႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားက ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။
 
“ဒီနိုင္ငံမွာ ျဖစ္ေနတဲ့ အေနအထားကို UNA မိတ္ဖက္အဖြဲ႕ေတြကလည္း ေဆြးေႏြးတဲ့အခါ စိုးရိမ္စိတ္ရွိတယ္၊ အဲ့ေပၚမွာ ညႇိႏိႈင္းၿပီး အဓိကအခ်က္ေျခာက္ခ်က္ကို ထုတ္ျပန္လိုက္တာျဖစ္တယ္” ဟု UNA ၏ အတြင္းေရးမွဴး အဖြဲ႕၀င္ ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။
 
အဆိုပါေၾကျငာခ်က္တြင္ ျပည္နယ္ အသီးသီးရွိ စစ္ေဘးေရွာင္ျပည္သူတို႔၏ အေျခခံလူ႔အခြင့္အေရး မဆုံး ႐ူံးရေစရန္ အစိုးရအေနျဖင့္ အင္တာနက္လိုင္း ျဖတ္ေတာက္ထားမႈ အျမန္ဆုံး ျပန္ဖြင့္ေပးရန္၊ COVID-19 ေၾကာင့္ အလုပ္အကိုင္မရွိ၊ ၀င္ေငြမရွိဘဲ ဒုကၡေရာက္ေနသည့္ အေျခခံလူတန္းမ်ား စား၀တ္ေနေရး မေျပ လည္မႈႏွင့္ မလိုလားအပ္သည့္ လူထုအုံႂကြမႈကဲ့သို႔ေသာ အျဖစ္အပ်က္မ်ား မေပၚေပါက္ရေလေအာင္ အစိုးရအေနျဖင့္ အထူးသတိျပဳ ကိုင္တြယ္ေဆာင္ရြက္ရန္ စသည့္အခ်က္မ်ားလဲ ပါဝင္ပါတယ္။
 
ဆက္လက္ၿပီး ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးေဆာင္ရြက္ရာတြင္ နိုင္ငံေရးပါတီႀကီးအခ်ိဳ႕၏၀န္းရံသူမ်ားက ေကာ္မရွင္ႏွင့္ က်န္းမာေရႏွင့္ အားကစား၀န္ႀကီးဌာန၏ တားျမစ္ကန္႔သတ္မ်ားကို စည္းကမ္းမဲ့ ျပဳလုပ္ေန သည္ကို သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕မ်ားမွ ထိေရာက္စြာ အေရးယူေဆာင္ရြက္ရန္ ျပည္ေထာင္စု ေရြး ေကာက္ပြဲေကာ္မရွင္၏ တာ၀န္ယူမူ၊ တာ၀န္ခံမႈအားနည္းခ်က္ေၾကာင့္ ေရြးေကာက္ပြဲရလဒ္ခိုင္မာမႈႏွင့္ တရား၀င္မႈကို မထိခိုက္ေစေရး အစိုးရႏွင့္သက္ဆိုင္ရာ အာဏာပိုင္မ်ား ထိန္းေက်ာင္းေပးၾကရန္ တိုက္တြန္း ေတာင္းဆိုေၾကာင္း ထုန္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။
 
အဆိုပါထုတ္ျပန္ခ်က္ကို UNAအဖြဲ႕၀င္ (၁၃)ပါတီႏွင့္ မိတ္ဖက္အဖြဲ႕အစည္း (၉၈)ခုတို႔က ပူးေပါင္းထုတ္ျပန္ခဲ့ ျခင္းျဖစ္သည္။
 
#PeopleMedia
 
(Unicode)
ရခိုင်နှင့် ရှမ်းပြည်နယ်တို့ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ပေးနိုင်ရေး အချက် ၆ ချက်ပါဝင်သည့် ကြေငြာ ချက် UNA ထုတ်ပြန်
………………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ – ၁၀
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး အစိုးရ ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများ ချက်ချင်းတွေ့ဆုံ ဆွေးနွေးရန် စသည်တို့ အပါ အဝင် အချက် ၆ ချက် ပါဝင်သော သဘောထားကြေငြာချက်ကို စည်းလုံးညီညွှတ်သောတိုင်ရင်းသား လူမျိုးများ ဒီမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
 
“ဒီနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားကို UNA မိတ်ဖက်အဖွဲ့တွေကလည်း ဆွေးနွေးတဲ့အခါ စိုးရိမ်စိတ်ရှိတယ်၊ အဲ့ပေါ်မှာ ညှိနှိုင်းပြီး အဓိကအချက်ခြောက်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်” ဟု UNA ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ပြောပါတယ်။
 
အဆိုပါကြေငြာချက်တွင် ပြည်နယ် အသီးသီးရှိ စစ်ဘေးရှောင်ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေး မဆုံး ရူံးရစေရန် အစိုးရအနေဖြင့် အင်တာနက်လိုင်း ဖြတ်တောက်ထားမှု အမြန်ဆုံး ပြန်ဖွင့်ပေးရန်၊ COVID-19 ကြောင့် အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲ ဒုက္ခရောက်နေသည့် အခြေခံလူတန်းများ စားဝတ်နေရေး မပြေ လည်မှုနှင့် မလိုလားအပ်သည့် လူထုအုံကြွမှုကဲ့သို့သော အဖြစ်အပျက်များ မပေါ်ပေါက်ရလေအောင် အစိုးရအနေဖြင့် အထူးသတိပြု ကိုင်တွယ်ဆောင်ရွက်ရန် စသည့်အချက်များလဲ ပါဝင်ပါတယ်။
 
ဆက်လက်ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီကြီးအချို့၏ဝန်းရံသူများက ကော်မရှင်နှင့် ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန၏ တားမြစ်ကန့်သတ်များကို စည်းကမ်းမဲ့ ပြုလုပ်နေ သည်ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ တာဝန်ယူမူ၊ တာဝန်ခံမှုအားနည်းချက်ကြောင့် ရွေးကောက်ပွဲရလဒ်ခိုင်မာမှုနှင့် တရားဝင်မှုကို မထိခိုက်စေရေး အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်များ ထိန်းကျောင်းပေးကြရန် တိုက်တွန်း တောင်းဆိုကြောင်း ထုန်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
အဆိုပါထုတ်ပြန်ချက်ကို UNAအဖွဲ့ဝင် (၁၃)ပါတီနှင့် မိတ်ဖက်အဖွဲ့အစည်း (၉၈)ခုတို့က ပူးပေါင်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
 
#PeopleMedia

Share this post