• Follow Us on
Latest News

Home ရခုိင္ျပည္နယ္မွ ရန္ကုန္သုိ႔လာသည့္ ခရီးသည္တင္ယာဥ္မ်ား တုိက္ႀကီးတုိးဂတ္အနီး၌ ရပ္တန္႔၍ က်န္းမာေရး စစ္ေဆးမႈ ျပဳလုပ္၊ ကုိယ္အပူခ်ိန္ ျမင့္တက္လာသူမ်ားကုိ ရန္ကုန္ၿမိဳ႕တြင္းသုိ႔ အဝင္မခံဟုဆုိ

ရခုိင္ျပည္နယ္မွ ရန္ကုန္သုိ႔လာသည့္ ခရီးသည္တင္ယာဥ္မ်ား တုိက္ႀကီးတုိးဂတ္အနီး၌ ရပ္တန္႔၍ က်န္းမာေရး စစ္ေဆးမႈ ျပဳလုပ္၊ ကုိယ္အပူခ်ိန္ ျမင့္တက္လာသူမ်ားကုိ ရန္ကုန္ၿမိဳ႕တြင္းသုိ႔ အဝင္မခံဟုဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၁

ရခုိင္ျပည္နယ္မွ ရန္ကုန္သုိ႔လာသည့္ ခရီးသည္တင္ယာဥ္မ်ား တုိက္ႀကီးတုိးဂတ္အနီး၌ ရပ္တန္႔၍ က်န္းမာေရး စစ္ေဆးမႈ ျပဳလုပ္လ်က္ရွိၿပီး ကုိယ္အပူခ်ိန္ ျမင့္တက္လာသူမ်ားကုိ ရန္ကုန္ၿမိဳ႕တြင္းသုိ႔ ဝင္ေရာက္မႈ မျပဳေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ တိုက္ႀကီးၿမိဳ႕နယ္ ဦးလြင္စိုးမင္းကေျပာသည္။

ရခုိင္ျပည္နယ္မွ ရန္ကုန္သုိ႔ လာေရာက္သည့္ ခရီးသည္တင္ယာဥ္မ်ားသည္ တုိက္ႀကီးတုိးဂိတ္အနီး၌ ရပ္တန္႔ ထားမႈႏွင့္ပတ္သတ္ၿပီး People Media က တုိက္ႀကီးျမိဳ႕ တုိင္းအမတ္ ဦးလြင္စုိးမင္းကုိ ဆက္သြယ္ ေမးျမန္း ခဲ့သည္။

“ညကတည္းကကားေတြတန္းစီပုံေနတာေတာ့ ဟုတ္တယ္ခင္ဗ်။ ၾသဂုတ္လ ၂၀ ရက္ မေန႔ကတုန္းက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာ အစည္းအေ၀းတစ္ခုလုပ္ေနတုန္းကို ခ႐ိုင္ကေနၿပီးေတာ့ ၫႊန္ၾကားခ်က္၀င္လာတယ္။ ဒီရခိုင္ဘက္ကလာတဲ့ကားေတြကိုနည္းနည္းေလးေပါ့။ အဲဒီကားေပၚမွာ ခရီးသည္ပါလာလို႔ရွိရင္အပူခ်ိန္တိုင္းတာမ်ိဳး၊ ဘယ္ကလာသလဲ။ ဘယ္ကိုသြားမလဲ။ ခရီးသြားမွတ္တမ္း လုပ္ပါလို႔ ၫႊန္ၾကားတယ္။ ေလာေလာဆယ္ဥကၠံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးေရွ႕မွာက်န္းမာေရးဌာနနဲ႔ၫွိနႈိင္းၿပီး အပူခ်ိန္တိုင္းတာ၊ ခရီးသြားမွတ္တမ္းယူတာလုပ္ေနတယ္ခင္ဗ်။ တကယ္လို႔ သူတို႔မွာ ဖ်ားတာနာတာပါလာ ရင္ေတာ့ အ၀င္မခံဘူးေပါ့’’ဟု ၎ကေျပာသည္။

စစ္ေတြေနလူနာအမွတ္ ၃၇၅ ၌ COVID-19 ေရာဂါပိုးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္အာကးစား၀န္ႀကီးဌာနမွ ၾသဂုတ္လ ဒုတိယပတ္ေက်ာ္အတြင္း သတင္းထုတ္ျပန္ၿပီးေနာက္ ျပည္တြင္းကူးစက္မႈအသစ္ တစ္လၾကာတြင္ ျပန္လည္ေတြ႕ရွိျဖစ္ပြားျခင္းျဖစ္သည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္ စစ္ေတြတြင္ COVID-19 ေတြ႕ရွိမႈဆက္တိုက္ျမင့္တက္ေနၿပီး စစ္ေတြၿမိဳ႕ေန ျပည္သူမ်ားကုိ ေနအိမ္တြင္း၌သာေနထိုင္ရန္ ျပည္နယ္အစိုးရ က အမိန္႔ထုတ္ျပန္ထားသည္။

ၾသဂုတ္လ ၂၁ ရက္မနက္၈နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာ ၄၀၉ ဦး၊ ေရာဂါပိုး ျပန္လည္ကင္းစင္သူ ၃၃၃ ဦး၊ ေသဆုံးသူ ၆ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက သတင္း ထုတ္ျပန္ထားသည္။

#PeopleMedia #COVID #စစ္ေတြ #တုိက္ႀကီး

(unicode)
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့လာသည့် ခရီးသည်တင်ယာဉ်များ တိုက်ကြီးတိုးဂတ်အနီး၌ ရပ်တန့်၍ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်၊ ကိုယ်အပူချိန် မြင့်တက်လာသူများကို ရန်ကုန်မြို့တွင်းသို့ အဝင်မခံဟုဆို
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၁

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့လာသည့် ခရီးသည်တင်ယာဉ်များ တိုက်ကြီးတိုးဂတ်အနီး၌ ရပ်တန့်၍ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်လျက်ရှိပြီး ကိုယ်အပူချိန် မြင့်တက်လာသူများကို ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်မှု မပြုကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုက်ကြီးမြို့နယ် ဦးလွင်စိုးမင်းကပြောသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လာရောက်သည့် ခရီးသည်တင်ယာဉ်များသည် တိုက်ကြီးတိုးဂိတ်အနီး၌ ရပ်တန့် ထားမှုနှင့်ပတ်သတ်ပြီး People Media က တိုက်ကြီးမြို့ တိုင်းအမတ် ဦးလွင်စိုးမင်းကို ဆက်သွယ် မေးမြန်း ခဲ့သည်။

“ညကတည်းကကားတွေတန်းစီပုံနေတာတော့ ဟုတ်တယ်ခင်ဗျ။ ဩဂုတ်လ ၂၀ ရက် မနေ့ကတုန်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အစည်းအဝေးတစ်ခုလုပ်နေတုန်းကို ခရိုင်ကနေပြီးတော့ ညွှန်ကြားချက်ဝင်လာတယ်။ ဒီရခိုင်ဘက်ကလာတဲ့ကားတွေကိုနည်းနည်းလေးပေါ့။ အဲဒီကားပေါ်မှာ ခရီးသည်ပါလာလို့ရှိရင်အပူချိန်တိုင်းတာမျိုး၊ ဘယ်ကလာသလဲ။ ဘယ်ကိုသွားမလဲ။ ခရီးသွားမှတ်တမ်း လုပ်ပါလို့ ညွှန်ကြားတယ်။ လောလောဆယ်ဥက္ကံမြို့နယ်အုပ်ချုပ်ရေးရုံးရှေ့မှာကျန်းမာရေးဌာနနဲ့ညှိနှိုင်းပြီး အပူချိန်တိုင်းတာ၊ ခရီးသွားမှတ်တမ်းယူတာလုပ်နေတယ်ခင်ဗျ။ တကယ်လို့ သူတို့မှာ ဖျားတာနာတာပါလာ ရင်တော့ အဝင်မခံဘူးပေါ့’’ဟု ၎င်းကပြောသည်။

စစ်တွေနေလူနာအမှတ် ၃၇၅ ၌ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အာကးစားဝန်ကြီးဌာနမှ ဩဂုတ်လ ဒုတိယပတ်ကျော်အတွင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းကူးစက်မှုအသစ် တစ်လကြာတွင် ပြန်လည်တွေ့ရှိဖြစ်ပွားခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေတွင် COVID-19 တွေ့ရှိမှုဆက်တိုက်မြင့်တက်နေပြီး စစ်တွေမြို့နေ ပြည်သူများကို နေအိမ်တွင်း၌သာနေထိုင်ရန် ပြည်နယ်အစိုးရ က အမိန့်ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၁ ရက်မနက်၈နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ ၄၀၉ ဦး၊ ရောဂါပိုး ပြန်လည်ကင်းစင်သူ ၃၃၃ ဦး၊ သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

#PeopleMedia #COVID #စစ်တွေ #တိုက်ကြီး


Share this post