• Follow Us on

Home ရခုိင္ျပည္နယ္သုိ႔ ေစ်းလွည့္လည္ေရာင္းခ်သည့္ ေရႊဘုိနယ္သား ေစ်းသည္ႏွစ္ဦးကုိ AA လက္နက္ကုိင္အဖြဲ႕မွ ညွင္းပန္းႏွိပ္စက္ သတ္ျဖတ္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

ရခုိင္ျပည္နယ္သုိ႔ ေစ်းလွည့္လည္ေရာင္းခ်သည့္ ေရႊဘုိနယ္သား ေစ်းသည္ႏွစ္ဦးကုိ AA လက္နက္ကုိင္အဖြဲ႕မွ ညွင္းပန္းႏွိပ္စက္ သတ္ျဖတ္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၁၆

 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ရခိုင္ျပည္နယ္အတြင္း 2020 Arakan Dream အား အေကာင္ အထည္ေဖာ္နိုင္ရန္ ေဒသခံျပည္သူလူထုအေပၚ အေၾကာက္တရားျဖင့္ လႊမ္းမိုးခ်ဳပ္ကိုင္နိုင္ေရးအတြက္ ေဒသ ခံျပည္သူလူထုအပါအဝင္ ေဒသအတြင္း ဝင္/ထြက္သြားလာေနသည့္ ခရီးသြားလုပ္သားျပည္သူမ်ား၊ အသက္ ေမြးဝမ္းေက်ာင္းအတြက္ ဝင္/ထြက္သြားလာေနသူမ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ား ေဆာင္႐ြက္လ်က္ အၾကမ္းဖက္ရာဇဝတ္မႈမ်ား ဆက္တိုက္က်ဴးလြန္လ်က္ရွိသည္။

 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ပတ္သက္၍ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘို ခ႐ုိင္၊ ေရဦးၿမိဳ႕နယ္၊ ပုဏၰကားေက်း႐ြာေန ဦးသိန္းလြင္က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးသို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းက အသနားခံ တင္ျပစာတစ္ေစာင္ တင္ျပခဲ့သည္။ ၎တင္ျပစာ၌ ဦးသိန္းလြင္အပါအဝင္ ပုဏၰ ကားေက်း႐ြာသားအခ်ိဳ႕သည္ ျမန္မာ႒ႏုိင္ငံ အႏွံ႔အျပားသို႔ ေဈးလွည့္လည္ေရာင္းခ်ရင္း ရခိုင္ျပည္နယ္ဘက္သို႔ ၂၀၀၆ ခုႏွစ္မွစ၍ မိုးကာ၊ သံေသတၱာ၊ ဘက္ထရီ၊ ဆိုလာစသည့္ လူသုံးကုန္ပစၥည္းမ်ားအား တစ္႐ြာဝင္/ထြက္ လွည့္လည္ေရာင္းခ်၍ ႐ုိးသားစြာ အသက္ေမြးဝမ္းေက်ာင္းျပဳေနသူမ်ားျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္၊ ေျမာက္ဦး ၿမိဳ႕၊ ေက်ာက္ရစ္ေကရပ္ကြက္ရွိ ဦးေအာင္ထြန္းေက်ာ္ေနအိမ္၌ အိမ္ငွားေန၍ ေက်း႐ြာအသီးသီးသို႔ ေဈးလွည့္ လည္ ေရာင္းခ်စဥ္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔တြင္ ေအာက္သားကန္႐ြာ၊ ဗ်ိဳင္းေတာင္ေျခ႐ြာတို႔ ဘက္မွ ပစၥည္းမ်ားမွာယူသျဖင့္ ၎တို႔အထဲမွ ေမာင္မ်ိဳးထိုက္ဝင္းသည္ ဆိုင္ကယ္ျဖင့္ ပစၥည္းမ်ား သြားေရာက္ ပို႔ခဲ့ေၾကာင္း၊ ေမာင္မ်ိဳးထိုက္ဝင္း ျပန္မလာသျဖင့္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႕တြင္ ဦးစိုးႏုိင္ႏွင့္ ေမာင္ရာဇာထြန္း တို႔ႏွစ္ဦးက ထပ္မံလိုက္လံရွာေဖြရာ ထပ္မံေပ်ာက္ဆုံးသြားေၾကာင္းႏွင့္ တိမ္ညိဳရဲစခန္း၌ လူေပ်ာက္တိုင္ၾကားခဲ့ ေၾကာင္း၊ ၎တို႔သုံးဦးအား ဝိုင္းဝန္းကူညီရွာေဖြေပးနိုင္ပါရန္ အကူအညီေတာင္းခံပါေၾကာင္း ေရးသားတိုင္ၾကား ခဲ့ပါသည္။

 

၎ကိစၥႏွင့္ပတ္သက္၍ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္က သတင္းေဖာ္ထုတ္စုံစမ္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ၎ တို႔သုံးဦး ေပ်ာက္ဆုံးမႈအား ေျမာက္ဦးၿမိဳ႕မရဲစခန္း၌ လူေပ်ာက္တိုင္ခ်က္ဖြင့္ခဲ့ေၾကာင္း ေတြ႕ရွိရၿပီး စုံစမ္းရွာေဖြ ေပးနိုင္ေရး ေက်ာက္ေတာ္၊ မင္းျပား၊ ပုဏၰားကြၽန္း၊ ေျမာင္းေဘြ၊ တိမ္ညိုနယ္ေျမရဲစခန္းမ်ားသို႔လည္း အေၾကာင္း ၾကားထားေၾကာင္း ေတြ႕ရွိရပါသည္။

 

စုံစမ္းသိရွိခ်က္မ်ားအရ ၎တို႔သုံးဦးသည္ ၂၀၀၆ ခုႏွစ္အတြင္းကပင္ နယ္ေျမအတြင္း ႐ုိးသားစြာ လွည့္လည္ ေဈးေရာင္းေနသူမ်ားျဖစ္ၿပီး ေဒသခံမ်ားႏွင့္ ရင္းႏွီးသူမ်ားျဖစ္သျဖင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ဖမ္းဆီးျခင္းခံရမႈ ျဖစ္နိုင္ေၾကာင္း ေတြ႕ရွိရပါသည္။ ေပ်ာက္ဆုံးေနသူသုံးဦး၏ သတင္းအား နယ္ေျမခံတပ္မ်ားက သတင္းဆက္စုံစမ္းေဖာ္ထုတ္ျခင္းကို အဆက္မျပတ္ေဆာင္႐ြက္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား၊ အျပစ္မဲ့ျပည္သူမ်ားအေပၚ က်ဴးလြန္သည့္အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံၾက ေသာ ေဒသခံတာဝန္သိျပည္သူမ်ားက တာဝန္ရွိသူမ်ားထံသို႔ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက အရပ္ သားျပည္သူႏွစ္ဦးအား ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ခဲ့သည့္ ဗီဒီယိုဖိုင္တစ္ခုေပးပို႔လ်က္ သတင္းေပးပို႔ တိုင္ၾကားခဲ့ သျဖင့္ ၎ဗီဒီယိုဖိုင္အေပၚ ထပ္မံစုံစမ္း စိစစ္ေဖာ္ထုတ္မႈမ်ား ေဆာင္႐ြက္ခဲ့ပါသည္။

 

စုံစမ္းေဖာ္ထုတ္ခ်က္မ်ားအရ ဗီဒီယိုဖိုင္တြင္ပါရွိသည့္ အေၾကာင္းမဲ့ဖမ္းဆီး ႏွိပ္စက္ညွဥ္းပန္းခံေနရေသာ အျပစ္မဲ့ ျပည္သူ အရပ္သားႏွစ္ဦးမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ုိင္၊ ေရဦးၿမိဳ႕နယ္၊ ပုဏၰကားေက်း႐ြာေန ေမာင္ရာ ဇာထြန္း (၂၂)ႏွစ္၊ ၅/ရဥန(နိုင္) ၁၂၆၆၉၉(အဘ) ဦးနိုင္ေအာင္ႏွင့္ ဦးစိုးနိုင္(ခ) ကိုရင္ႀကီး(အဘ) ဦးဘလိႈင္တို႔ ျဖစ္ေၾကာင္း၊ ၎တို႔ႏွစ္ဦးသည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႕တြင္ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ သို႔ ေဈးေရာင္းသြားရာမွ ေပ်ာက္ဆုံးခဲ့ေၾကာင္း၊ ၎တို႔ႏွစ္ဦးအား ဗီဒီယိုဖိုင္တြင္ပါရွိသည့္အတိုင္း ေျမာက္ဦးၿမိဳ႕ နယ္၊ မၾကား႐ြာအဝင္လမ္းတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ULA တာဝန္ခံ ဗန္ဒိုေခါင္းေဆာင္သည့္ အဖြဲ႕က အေၾကာင္းမဲ့ ဖမ္းဆီးညွဥ္းပန္းႏွိပ္စက္ခဲ့ေၾကာင္း၊ ဖမ္းဆီးညွဥ္းပန္းႏွိပ္စက္မႈေၾကာင့္ပင္ ႏွစ္ဦးစလုံးမွာ ေသဆုံးသြားခဲ့ရေၾကာင္း သိရွိရပါသည္။

 

အလားတူ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ဖမ္းဆီးရမိသူမ်ားအား ညွဥ္းပန္းႏွိပ္စက္သည့္ ဗီဒီယို ဖိုင္မ်ား၊ ရက္စက္စြာ ဝါးရင္းတုတ္ျဖင့္ ႐ုိက္သတ္သည့္ ဗီဒီယိုဖိုင္မ်ား လူမႈကြန္ရက္၌ ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ၎ျဖစ္စဥ္ မ်ားမွာလည္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက က်ဴးလြန္လ်က္ရွိသည့္ ရက္စက္ၾကမ္းၾကဳတ္သည့္ ရာဇ ဝတ္မႈမ်ားျဖစ္ေၾကာင္း သတင္းဆက္စပ္ေဖာ္ထုတ္ရရွိသည္။ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ၎တို႔အဖြဲ႕အား ေထာက္ခံအားေပးမႈမရွိသည့္ ရခိုင္တိုင္းရင္းသားမ်ားအပါအဝင္ အျခားအျပစ္မဲ့ျပည္သူမ်ား၊ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႔မွ သက္ျပည့္အၿငိမ္းစားယူထားသူမ်ား၊ က်န္းမာေရးေၾကာင့္ အနားယူထားသူမ်ား စသည့္ စစ္မႈထမ္းေဟာင္းမ်ား၊ ရဲမႈထမ္းေဟာင္းမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားကို အေၾကာင္းမဲ့ဖမ္းဆီး၍ လူ မဆန္စြာ သတ္ျဖတ္ျခင္း၊ ျပန္ေပးဆြဲျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ား မၾကာခဏ ေဆာင္႐ြက္လ်က္ရွိရာ ယေန႔အထိ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက သတ္ျဖတ္ခဲ့ေသာ ျပည္သူ ၂၉ ဦးရွိၿပီး AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ မိုင္းနင္းမိ၍ ေသဆုံးခဲ့သည့္ အရပ္သား ၁၁ ဦး၊ ဒဏ္ရာရရွိသူ ၂၆ ဦး ရွိေၾကာင္း သိရွိရသည္။

 

ထိုသို႔အၾကမ္းဖက္ ႏွိပ္စက္မႈမ်ား၊ လူမ်ိဳးေရးခြဲျခားမႈမ်ားေၾကာင့္ ေဒသခံျပည္သူလူထု၊ လူမႈေရးအသင္းအဖြဲ႕မ်ား မွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအား မၾကာခဏ ေၾကညာခ်က္မ်ား ထုတ္ျပန္ကန႔္ကြက္လ်က္ရွိၿပီး ၎ တို႔၏ လုပ္ရပ္မ်ားအေပၚ စက္ဆုပ္႐ြံရွာလ်က္ရွိေၾကာင္း သိရွိရသည္။

 

အဆိုပါအျပစ္မဲ့ျပည္သူႏွစ္ဦး ေသဆုံးရျခင္းျဖစ္စဥ္ႏွင့္ပတ္သက္၍လည္း ဗီဒီယိုဖိုင္ပါ အၾကမ္းဖက္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား သက္ဆိုင္ရာရဲစခန္းတြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒႏွင့္ အျခားသက္ဆိုင္ရာ ဥပေဒမ်ားျဖင့္ အမႈဖြင့္အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

#PeopleMedia #Political

 

(Unicode)

ရခိုင်ပြည်နယ်သို့ ဈေးလှည့်လည်ရောင်းချသည့် ရွှေဘိုနယ်သား ဈေးသည်နှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့မှ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်
…………………………………………………………………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၁၆

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း 2020 Arakan Dream အား အကောင် အထည်ဖော်နိုင်ရန် ဒေသခံပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ဒေသ ခံပြည်သူလူထုအပါအဝင် ဒေသအတွင်း ဝင်/ထွက်သွားလာနေသည့် ခရီးသွားလုပ်သားပြည်သူများ၊ အသက် မွေးဝမ်းကျောင်းအတွက် ဝင်/ထွက်သွားလာနေသူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အသနားခံ တင်ပြစာတစ်စောင် တင်ပြခဲ့သည်။ ၎င်းတင်ပြစာ၌ ဦးသိန်းလွင်အပါအဝင် ပုဏ္ဏ ကားကျေးရွာသားအချို့သည် မြန်မာဋ္ဌနိုင်ငံ အနှံ့အပြားသို့ ဈေးလှည့်လည်ရောင်းချရင်း ရခိုင်ပြည်နယ်ဘက်သို့ ၂၀၀၆ ခုနှစ်မှစ၍ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာစသည့် လူသုံးကုန်ပစ္စည်းများအား တစ်ရွာဝင်/ထွက် လှည့်လည်ရောင်းချ၍ ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ ဦးအောင်ထွန်းကျော်နေအိမ်၌ အိမ်ငှားနေ၍ ကျေးရွာအသီးသီးသို့ ဈေးလှည့် လည် ရောင်းချစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောက်သားကန်ရွာ၊ ဗျိုင်းတောင်ခြေရွာတို့ ဘက်မှ ပစ္စည်းများမှာယူသဖြင့် ၎င်းတို့အထဲမှ မောင်မျိုးထိုက်ဝင်းသည် ဆိုင်ကယ်ဖြင့် ပစ္စည်းများ သွားရောက် ပို့ခဲ့ကြောင်း၊ မောင်မျိုးထိုက်ဝင်း ပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်း တို့နှစ်ဦးက ထပ်မံလိုက်လံရှာဖွေရာ ထပ်မံပျောက်ဆုံးသွားကြောင်းနှင့် တိမ်ညိုရဲစခန်း၌ လူပျောက်တိုင်ကြားခဲ့ ကြောင်း၊ ၎င်းတို့သုံးဦးအား ဝိုင်းဝန်းကူညီရှာဖွေပေးနိုင်ပါရန် အကူအညီတောင်းခံပါကြောင်း ရေးသားတိုင်ကြား ခဲ့ပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က သတင်းဖော်ထုတ်စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်း တို့သုံးဦး ပျောက်ဆုံးမှုအား မြောက်ဦးမြို့မရဲစခန်း၌ လူပျောက်တိုင်ချက်ဖွင့်ခဲ့ကြောင်း တွေ့ရှိရပြီး စုံစမ်းရှာဖွေ ပေးနိုင်ရေး ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောင်းဘွေ၊ တိမ်ညိုနယ်မြေရဲစခန်းများသို့လည်း အကြောင်း ကြားထားကြောင်း တွေ့ရှိရပါသည်။

စုံစမ်းသိရှိချက်များအရ ၎င်းတို့သုံးဦးသည် ၂၀၀၆ ခုနှစ်အတွင်းကပင် နယ်မြေအတွင်း ရိုးသားစွာ လှည့်လည် ဈေးရောင်းနေသူများဖြစ်ပြီး ဒေသခံများနှင့် ရင်းနှီးသူများဖြစ်သဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ဖမ်းဆီးခြင်းခံရမှု ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ပျောက်ဆုံးနေသူသုံးဦး၏ သတင်းအား နယ်မြေခံတပ်များက သတင်းဆက်စုံစမ်းဖော်ထုတ်ခြင်းကို အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြ သော ဒေသခံတာဝန်သိပြည်သူများက တာဝန်ရှိသူများထံသို့ AA အကြမ်းဖက် သောင်းကျန်းသူများက အရပ် သားပြည်သူနှစ်ဦးအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုပေးပို့လျက် သတင်းပေးပို့ တိုင်ကြားခဲ့ သဖြင့် ၎င်းဗီဒီယိုဖိုင်အပေါ် ထပ်မံစုံစမ်း စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းဖော်ထုတ်ချက်များအရ ဗီဒီယိုဖိုင်တွင်ပါရှိသည့် အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခံနေရသော အပြစ်မဲ့ ပြည်သူ အရပ်သားနှစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာ ဇာထွန်း (၂၂)နှစ်၊ ၅/ရဥန(နိုင်) ၁၂၆၆၉၉(အဘ) ဦးနိုင်အောင်နှင့် ဦးစိုးနိုင်(ခ) ကိုရင်ကြီး(အဘ) ဦးဘလှိုင်တို့ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် သို့ ဈေးရောင်းသွားရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား ဗီဒီယိုဖိုင်တွင်ပါရှိသည့်အတိုင်း မြောက်ဦးမြို့ နယ်၊ မကြားရွာအဝင်လမ်းတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ULA တာဝန်ခံ ဗန်ဒိုခေါင်းဆောင်သည့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုကြောင့်ပင် နှစ်ဦးစလုံးမှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါသည်။

အလားတူ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖမ်းဆီးရမိသူများအား ညှဉ်းပန်းနှိပ်စက်သည့် ဗီဒီယို ဖိုင်များ၊ ရက်စက်စွာ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိပြီး ၎င်းဖြစ်စဉ် များမှာလည်း AA အကြမ်းဖက်သောင်းကျန်းသူများက ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်သည့် ရာဇ ဝတ်မှုများဖြစ်ကြောင်း သတင်းဆက်စပ်ဖော်ထုတ်ရရှိသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် ရခိုင်တိုင်းရင်းသားများအပါအဝင် အခြားအပြစ်မဲ့ပြည်သူများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ သက်ပြည့်အငြိမ်းစားယူထားသူများ၊ ကျန်းမာရေးကြောင့် အနားယူထားသူများ စသည့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီး၍ လူ မဆန်စွာ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦး ရှိကြောင်း သိရှိရသည်။

ထိုသို့အကြမ်းဖက် နှိပ်စက်မှုများ၊ လူမျိုးရေးခွဲခြားမှုများကြောင့် ဒေသခံပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များ မှ AA အကြမ်းဖက် သောင်းကျန်းသူများအား မကြာခဏ ကြေညာချက်များ ထုတ်ပြန်ကန့်ကွက်လျက်ရှိပြီး ၎င်း တို့၏ လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါအပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးရခြင်းဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဗီဒီယိုဖိုင်ပါ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား သက်ဆိုင်ရာရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PeopleMedia #Political


Share this post