• Follow Us on

Home ရတနာပုံတကၠသိုလ္ ကုန္ထုတ္ဓာတုဘာသာ(စတုတၳႏွစ္ေက်ာင္းသား) သတ္ခဲ့သူအား ေထာင္ဒဏ္ႏွစ္ ၃၀ ခ်မွတ္

ရတနာပုံတကၠသိုလ္ ကုန္ထုတ္ဓာတုဘာသာ(စတုတၳႏွစ္ေက်ာင္းသား) သတ္ခဲ့သူအား ေထာင္ဒဏ္ႏွစ္ ၃၀ ခ်မွတ္

Share this post

မႏၱေလး၊ ဒီဇင္ဘာ – ၂၃

ၿပီးခဲ့သည့္ႏွစ္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၅ ရက္ေန႔က ရတနာပုံတကၠသိုလ္မွ ကုန္ထုတ္ဓာတုဘာသာ (စတုတၳ ႏွစ္)ေက်ာင္းသားတစ္ဦးအား လုယက္သတ္ျဖတ္ခဲ့သူတစ္ဦးကို ယေန႔ ဒီဇင္ဘာလ ၂၃ ရက္ နံနက္ပိုင္းတြင္ မႏၲေလးခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ အႏွစ္ ၃၀ ခ်မွတ္လိုက္ေၾကာင္းသိရသည္။

မႏၲေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္၊ ဆင္စြယ္ပြတ္ရပ္ကြက္၊ မဟာဂႏၶာ႐ုံေက်ာင္းတိုက္အနီး ေတာင္သမံအင္း ကန္ ပတ္လမ္းတြင္ ကိုစိုးမိုးဟိန္းသည္ သမီးရည္းစားျဖစ္သူ မခိုင္ဇင္ေဝႏွင္း (၂၄) ႏွစ္ႏွင့္အတူ ထိုင္ေနစဥ္ အမည္ မသိလူ (၄) ဦးမွ ဆိုင္ကယ္(၂) စီးျဖင့္ေရာက္ရွိလာၿပီး အကူညီေတာင္းခ်င္လို႔ပါဟုေျပာဆို၍ ပိုက္ဆံအိတ္လု ယူၿပီး ၎တို႔အထဲမွတစ္ဦးက ကိုစိုးမိုးဟိန္းအား ဓားျဖင့္ ထိုးသတ္ခဲ့ျခင္းျဖစ္သည္။

လုယက္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ ၄ ဦးအနက္ ဖမ္းဆီးရမိထားသူတစ္ဦးကို ယေန႔တြင္ ျပစ္ဒဏ္ခ်မွတ္လိုက္ ျခင္းျဖစ္သည္။ လြတ္ေျမာက္ေနသူ သုံးဦးအနက္ ႏွစ္ဦးမွာ လြတ္ေျမာက္ေနေသးၿပီး တစ္ဦးမွာ ေသဆုံးသြားၿပီ ျဖစ္ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္၍ အမည္မသိ လူ (၄) ဦးအား အမပူရၿမိဳ႕မရဲစခန္းတြင္ (ပ) ၇၁၇/၂၀၁၈၊ ရာဇသတ္ ႀကီးဥပေဒပုဒ္မ – ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

Photo – Aung Aung၊ Ba Chit

(Unicode)
ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဘာသာ(စတုတ္ထနှစ်ကျောင်းသား) သတ်ခဲ့သူအား ထောင်ဒဏ်နှစ် ၃၀ ချမှတ်
…………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၂၃

ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ရတနာပုံတက္ကသိုလ်မှ ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထ နှစ်)ကျောင်းသားတစ်ဦးအား လုယက်သတ်ဖြတ်ခဲ့သူတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ကြောင်းသိရသည်။

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမံအင်း ကန် ပတ်လမ်းတွင် ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း (၂၄) နှစ်နှင့်အတူ ထိုင်နေစဉ် အမည် မသိလူ (၄) ဦးမှ ဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီတောင်းချင်လို့ပါဟုပြောဆို၍ ပိုက်ဆံအိတ်လု ယူပြီး ၎င်းတို့အထဲမှတစ်ဦးက ကိုစိုးမိုးဟိန်းအား ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ၄ ဦးအနက် ဖမ်းဆီးရမိထားသူတစ်ဦးကို ယနေ့တွင် ပြစ်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။ လွတ်မြောက်နေသူ သုံးဦးအနက် နှစ်ဦးမှာ လွတ်မြောက်နေသေးပြီး တစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ အမည်မသိ လူ (၄) ဦးအား အမပူရမြို့မရဲစခန်းတွင် (ပ) ၇၁၇/၂၀၁၈၊ ရာဇသတ် ကြီးဥပဒေပုဒ်မ – ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Photo – Aung Aung၊ Ba Chit


Share this post