• Follow Us on
Latest News

Home ရထားကို ခဲႏွင့္ေပါက္သူကို ဥပေဒအရ ဖမ္းဆီးအေရးယူ

ရထားကို ခဲႏွင့္ေပါက္သူကို ဥပေဒအရ ဖမ္းဆီးအေရးယူ

Share this post

မိုးညႇင္း၊ စက္တင္ဘာ ၁၀

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ေက်းရြာ အဝင္သဲလမ္း အနီးတြင္ ျမစ္ႀကီးနား-မႏၲေလး အမွတ္ (၅၈) အစုန္မႏၲလာရထားအား ခဲႏွင့္ေပါက္ခဲ့သည့္ လူငယ္တစ္ဦးကို မိုးညႇင္း ၿမိဳ႕မရဲစခန္းကဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ စက္တင္ဘာလ (၈)ရက္ေန႔ ည (၁၁)နာရီခြဲအခ်ိန္ခန္႔က မိုးညႇင္းၿမိဳ႕နယ္၊ ေမာ္ဟန္ ေက်းရြာ အဝင္၊ သဲလမ္းအနီး ရထားမိုင္တိုင္အမွတ္ (၆၁၈/၁၀) ႏွင့္ (၆၂၈/၁၁) အၾကားတြင္ ျဖစ္ပြားခဲ့ၿပီး ရထား ျပတင္းေပါက္မွန္ ကြဲသြားခဲ့သည္။

“ကြၽန္ေတာ္က ျမစ္ႀကီးနားကေန ေမာ္ဟန္ကို ရထားနဲ႔ ျပန္လာတာပါ၊ ရထားက မိုးညႇင္းဘူတာကို ေက်ာ္ၿပီး ကာဒူဘူတာ နားေရာက္ေတာ့ ကြၽန္ေတာ္ရဲ႕ႏိုင္ငံသားစီစစ္ေရးကဒ္ျပားနဲ႔ဖုန္းဟာ ေပ်ာက္သြားခဲ့ပါတယ္၊ အနီးပတ္ဝန္းက်င္ကိုေမး ၾကည့္ေတာ့လည္း ဘာမွမသိရလို႔ စိတ္တိုၿပီး သဲလမ္းအဆင္းမွာ စိတ္မထိန္းႏိုင္ဘဲ အခုလိုခဲနဲ႔ေပါက္ခဲ့မိတာပါ”ဟု ေက်ာ္လင္းထက္ကေျပာသည္။

ယင္းကဲ့သို႔ ရထားကို ခဲႏွင့္ ေပါက္ခဲ့သူအား တာဝန္ရွိသူမ်ားက စက္တင္ဘာလ (၉)ရက္ေန႔၊ နံနက္ (၁၁)နာရီ အခ်ိန္ခန္႔တြင္ ၄င္းေနထိုင္ရာ ေက်းရြာတြင္ သြားေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရထားကို ခဲႏွင့္ ေပါက္သူ ေက်ာ္လင္းထက္ (၁၇)ႏွစ္ (ဘ) ဦးေစာလြင္ ဘူတာစု ကြက္သစ္ ေမာ္ဟန္ေက်းရြာ မိုးညႇင္းၿမိဳနယ္ ေနထိုင္သူအား မိုးညႇင္းၿမိဳမ ရဲစခန္းက (ပ) ၁၁၉ ရထားပို႔ေဆာင္ေရး လုပ္ငန္း ဥပေဒ ပုဒ္မ-၈၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မဂၤလာဦး

#PeopleMedia #မိုးညႇင္း

(unicode)
ရထားကို ခဲနှင့်ပေါက်သူကို ဥပဒေအရ ဖမ်းဆီးအရေးယူ
………………………………………

မိုးညှင်း၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အဝင်သဲလမ်း အနီးတွင် မြစ်ကြီးနား-မန္တလေး အမှတ် (၅၈) အစုန်မန္တလာရထားအား ခဲနှင့်ပေါက်ခဲ့သည့် လူငယ်တစ်ဦးကို မိုးညှင်း မြို့မရဲစခန်းကဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ (၈)ရက်နေ့ ည (၁၁)နာရီခွဲအချိန်ခန့်က မိုးညှင်းမြို့နယ်၊ မော်ဟန် ကျေးရွာ အဝင်၊ သဲလမ်းအနီး ရထားမိုင်တိုင်အမှတ် (၆၁၈/၁၀) နှင့် (၆၂၈/၁၁) အကြားတွင် ဖြစ်ပွားခဲ့ပြီး ရထား ပြတင်းပေါက်မှန် ကွဲသွားခဲ့သည်။

“ကျွန်တော်က မြစ်ကြီးနားကနေ မော်ဟန်ကို ရထားနဲ့ ပြန်လာတာပါ၊ ရထားက မိုးညှင်းဘူတာကို ကျော်ပြီး ကာဒူဘူတာ နားရောက်တော့ ကျွန်တော်ရဲ့နိုင်ငံသားစီစစ်ရေးကဒ်ပြားနဲ့ဖုန်းဟာ ပျောက်သွားခဲ့ပါတယ်၊ အနီးပတ်ဝန်းကျင်ကိုမေး ကြည့်တော့လည်း ဘာမှမသိရလို့ စိတ်တိုပြီး သဲလမ်းအဆင်းမှာ စိတ်မထိန်းနိုင်ဘဲ အခုလိုခဲနဲ့ပေါက်ခဲ့မိတာပါ”ဟု ကျော်လင်းထက်ကပြောသည်။

ယင်းကဲ့သို့ ရထားကို ခဲနှင့် ပေါက်ခဲ့သူအား တာဝန်ရှိသူများက စက်တင်ဘာလ (၉)ရက်နေ့၊ နံနက် (၁၁)နာရီ အချိန်ခန့်တွင် ၄င်းနေထိုင်ရာ ကျေးရွာတွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရထားကို ခဲနှင့် ပေါက်သူ ကျော်လင်းထက် (၁၇)နှစ် (ဘ) ဦးစောလွင် ဘူတာစု ကွက်သစ် မော်ဟန်ကျေးရွာ မိုးညှင်းမြိုနယ် နေထိုင်သူအား မိုးညှင်းမြိုမ ရဲစခန်းက (ပ) ၁၁၉ ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေ ပုဒ်မ-၈၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်္ဂလာဦး

#PeopleMedia #မိုးညှင်း


Share this post