• Follow Us on

Home ရထားဈေးသည် အမျိုးသမီးတစ်ဦးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သည့် နေအိမ် လေးဆယ်ကျော်ခန့်ကို LOCK DOWN ချထားမှု ပြုလုပ်

ရထားဈေးသည် အမျိုးသမီးတစ်ဦးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သည့် နေအိမ် လေးဆယ်ကျော်ခန့်ကို LOCK DOWN ချထားမှု ပြုလုပ်

Share this post

မိုးကောင်း၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ် မီးရထားဝင်းနေ မီးရထားပေါ်ဈေးရောင်းသူအမျိုးသမီးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သည့် နေအိမ် (၄၂) အိမ်အား LOCK DOWN ချ ထားသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့၊နောင်ကိုင်တော်ရပ်၊ မီးရထားဝင်းနေ အသက် (၃၃)နှစ်အရွယ် ရထားပေါ်ဈေးရောင်းသူ အမျိုးသမီးသည် ဇန်နဝါရီ (၂၉)ရက် နံနက်ပိုင်းက (42) အစုန် ရထားဖြင့် ပင်းဘောဘူတာထိ ရထားပေါ်တွင် ဈေးရောင်းပြီး ညနေပိုင်းတွင် (41) အဆန်ရထားဖြင့် မိုးကောင်းဘူတာသို့ပြန်ရောက်စဉ် အနံ့ပျောက် လက္ခဏာဖြစ်ပေါ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မိုးကောင်း ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဓါတ်ခွဲနမူနာ ရယူစစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သူမနှင့် အမြဲထိတွေ့ဆက်စပ်ခဲ့သည့်မီးရထားဝင်းအတွင်းရှိ မီးရထားဈေး သည်များ၏ နေအိမ်များ၊သူ၏ မိသားစုနှင့် နေ့စဉ်ထိတွေ့ခဲ့သည့် နောင်ကိုင်တော်အုပ်စု၊ မဟောင်ရပ်ကွက်များ ရှိ နေအိမ်များစုစုပေါင်း (၄၂) အိမ်အား Lockdown ချပြီး အသွားအလာ ကန့်သတ်ထားသည်။

ချိုမောင်

#PeopleMedia #မိုးကောင်း

(unicode)
…………………………………….








Share this post