• Follow Us on

Home ရန်ကုန်တိုင်းတွင် ယခုနှစ်မှစတင်၍ နေကြာသီးနှံဧက (၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးမည်

ရန်ကုန်တိုင်းတွင် ယခုနှစ်မှစတင်၍ နေကြာသီးနှံဧက (၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးမည်

Share this post

မန္တလေး၊ မတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၌ စားသုံးဆီဖူလုံရေးအတွက် ယခုနှစ် ဆောင်းသီးနှံမှ စတင်၍ နေကြာသီးနှံ ဧက (၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစည်းအ‌ဝေးတွင် ယမန်နေ့က တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့ တွေ့ဆုံခဲ့ကြသည်။

 

ဒေသ၏ ရေမြေရာသီဥတုထူးခြား အားသာချက်များကို စနစ်တကျအသုံးချ၍ ဈေးကွက်အလားအလာရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောသည်။

 

ထို့သို့ တွေ့ဆုံရာတွင် ဒေသဝမ်းစာဖူလုံရေး၊ အာဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော စိုက်ပျိုး မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် ဌာန ပုဂ္ဂလိက တောင်သူတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါး၊ မိုးစပါးဧက (၁၃) သိန်းကျော်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအပါအဝင် အဓိက သီးနှံ (၈) မျိုး၏ စိုက်ပျိုးဧရိယာစုစုပေါင်း ဧက (၁၈) သိန်းကျော်ရှိပြီး စားသုံးဆီဖူလုံရေးအတွက် ယခုနှစ် ဆောင်းသီးနှံမှစတင်၍ နေကြာသီးနှံ ဧက (၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #စိုက်ပျိုးရေး

 

(unicode)


………………………………

 

မန်တလေး၊ မတျ ၁၇

 


 


 


 


 


 



Share this post