• Follow Us on

Home ရန္ကုန္တိုင္းတြင္ NLD မွလြဲ၍ က်န္ပါတီမ်ား မဲဆြယ္စည္း႐ုံးရာ၌ အခက္အခဲရွိေနေၾကာင္း တစ္သီးအမတ္ ေလာင္း ဦးေဌးေျပာဆို

ရန္ကုန္တိုင္းတြင္ NLD မွလြဲ၍ က်န္ပါတီမ်ား မဲဆြယ္စည္း႐ုံးရာ၌ အခက္အခဲရွိေနေၾကာင္း တစ္သီးအမတ္ ေလာင္း ဦးေဌးေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၀

ရန္ကုန္တိုင္းတြင္ NLD မွလြဲ၍ က်န္ပါတီမ်ား မဲဆြယ္စည္း႐ုံးရာ၌ အခက္အခဲရွိေနေၾကာင္း လိူင္သာယာအေရွ႕ပိုင္းၿမိဳ႕နယ္၊ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ အလုပ္သမားကိုယ္စားျပဳတစ္သီးပုဂၢလဝင္ေရာက္ယွဉ္ၿပိဳင္မည့္ ဦးေဌးကေျပာသည္။

လက္ရွိအာဏရပါတီသည္ မဲဆြယ္စည္း႐ုံးရာတြင္ လူစုလူေဝးျဖစ္ေနလည္းအေရးယူခံရမည္မဟုတ္ဘဲ က်န္ပါတီမ်ားမွ လူစုလူေဝးျဖစ္ပါက Covid ေၾကာင့္အေရးယူခံရမည့္အေနအထားရွိေၾကာင္း ၎ကေျပာသည္။

“ရန္ကုန္တိုင္းမွာ၂၁ ၿမိဳ႕နယ္ရွိတယ္အဲ့မွာ NLD မွအပ က်န္တဲ့ပါတီေတြမွာေတာ့အခက္အခဲေတာ့ျဖစ္သြားတာေပါ႔ေနာ္။ NLD ဆိုတာကေတာ့ ေနရာတကာမွာ အလံေတြနဲ႔၊ကားေတြနဲ႔၊ဆိုင္းဘုတ္ေတြနဲ႔ အကုန္လုံးပလူပ်ံေနတာေပါ႔ေနာ္။လူစုလူေဝးႀကီးကလည္းျဖစ္ေနတာေပါ႔ က်န္တဲ့ပုဂၢိဳလ္မ်ားၾကေတာ့ အခက္အခဲရွိတယ္၊လူစုလူေဝးဆိုလည္းကိုဗစ္နဲ႔ညႇိတယ္အေရးယူခံရမယ္အဲ့လိုအေနအထား။ကိုယ္ကအာဏာမဲ့အုပ္ခ်ဳပ္ခံဆိုေတာ့ တည္ဆဲဥပေဒေလးစားရတယ္၊တည္ဆဲအစိုးရေလးစားရတယ္ ျဖစ္ရက္ြၽန္ေတာ္တို႔က အေရးယူခံရမွာပါ။”ဟု
ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ အလုပ္သမားကိုယ္စားျပဳတစ္သီးပုဂၢလဝင္ေရာက္ယွဉ္ၿပိဳင္မည့္ ဦးေဌး ကေျပာသည္။

လႈိင္သာယာတြင္ Covid-19 ေရာဂါေၾကာင့္ စက္႐ုံအလုပ္႐ုံမ်ားပိတ္သိမ္းၿပီး လစာမေပးသည့္အတြက္ အလုပ္သမားမ်ားလစာရရွိေအာင္ ကူညီေျဖရွင္းေပးေနျခင္း၊ကိုဗစ္ေရာဂါမ်ားေၾကာင့္ မဲဆြယ္စည္း႐ုံးျခင္းပင္မျပဳလုပ္ႏိုင္ေၾကာင္း အလုပ္သမားကိုယ္စားျပဳတစ္သီးပုဂၢလဝင္ေရာက္ယွဉ္ၿပိဳင္မည့္ ဦးေဌး ကေျပာသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ေရြးေကာက္ပြဲတြင္ အာဏာရပါတီကိုမဲေပးခဲ့ေပမယ့္လည္း အာဏာရရွိသည့္ အခ်ိန္တြင္ အလုပ္သမားအက်ိဳး၊လယ္သမားအက်ိဳးမ်ားကို မ်က္ကြယ္ျပဳခဲ့သည့္အတြက္ အလုပ္သမားမ်ား၏အသံမ်ားကိုလႊတ္ေတာ္တြင္တင္ျပရန္ ၀င္ေရာက္ယွဉ္ၿပိဳင္ျခင္းျဖစ္သည္ဟု ဦးေဌးကေျပာသည္။

#PeopleMedia #ဦးေဌး

(unicode)
ရန်ကုန်တိုင်းတွင် NLD မှလွဲ၍ ကျန်ပါတီများ မဲဆွယ်စည်းရုံးရာ၌ အခက်အခဲရှိနေကြောင်း တစ်သီးအမတ် လောင်း ဦးဌေးပြောဆို
………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းတွင် NLD မှလွဲ၍ ကျန်ပါတီများ မဲဆွယ်စည်းရုံးရာ၌ အခက်အခဲရှိနေကြောင်း လိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အလုပ်သမားကိုယ်စားပြုတစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေးကပြောသည်။

လက်ရှိအာဏရပါတီသည် မဲဆွယ်စည်းရုံးရာတွင် လူစုလူဝေးဖြစ်နေလည်းအရေးယူခံရမည်မဟုတ်ဘဲ ကျန်ပါတီများမှ လူစုလူဝေးဖြစ်ပါက Covid ကြောင့်အရေးယူခံရမည့်အနေအထားရှိကြောင်း ၎င်းကပြောသည်။

“ရန်ကုန်တိုင်းမှာ၂၁ မြို့နယ်ရှိတယ်အဲ့မှာ NLD မှအပ ကျန်တဲ့ပါတီတွေမှာတော့အခက်အခဲတော့ဖြစ်သွားတာပေါ့နော်။ NLD ဆိုတာကတော့ နေရာတကာမှာ အလံတွေနဲ့၊ကားတွေနဲ့၊ဆိုင်းဘုတ်တွေနဲ့ အကုန်လုံးပလူပျံနေတာပေါ့နော်။လူစုလူဝေးကြီးကလည်းဖြစ်နေတာပေါ့ ကျန်တဲ့ပုဂ္ဂိုလ်များကြတော့ အခက်အခဲရှိတယ်၊လူစုလူဝေးဆိုလည်းကိုဗစ်နဲ့ညှိတယ်အရေးယူခံရမယ်အဲ့လိုအနေအထား။ကိုယ်ကအာဏာမဲ့အုပ်ချုပ်ခံဆိုတော့ တည်ဆဲဥပဒေလေးစားရတယ်၊တည်ဆဲအစိုးရလေးစားရတယ် ဖြစ်ရက်ျွန်တော်တို့က အရေးယူခံရမှာပါ။”ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အလုပ်သမားကိုယ်စားပြုတစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေး ကပြောသည်။

လှိုင်သာယာတွင် Covid-19 ရောဂါကြောင့် စက်ရုံအလုပ်ရုံများပိတ်သိမ်းပြီး လစာမပေးသည့်အတွက် အလုပ်သမားများလစာရရှိအောင် ကူညီဖြေရှင်းပေးနေခြင်း၊ကိုဗစ်ရောဂါများကြောင့် မဲဆွယ်စည်းရုံးခြင်းပင်မပြုလုပ်နိုင်ကြောင်း အလုပ်သမားကိုယ်စားပြုတစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေး ကပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အာဏာရပါတီကိုမဲပေးခဲ့ပေမယ့်လည်း အာဏာရရှိသည့် အချိန်တွင် အလုပ်သမားအကျိုး၊လယ်သမားအကျိုးများကို မျက်ကွယ်ပြုခဲ့သည့်အတွက် အလုပ်သမားများ၏အသံများကိုလွှတ်တော်တွင်တင်ပြရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဦးဌေးကပြောသည်။

#PeopleMedia #ဦးဌေး


Share this post