• Follow Us on

Home ရန်ကုန်တိုင်းရှိ ကွင်းဆက်တရားခံများ ဧရာဝတီတိုင်းအတွင်းသို့ ထွက်ပြေးလာနိုင်သည့်အတွက် လုံခြုံရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

ရန်ကုန်တိုင်းရှိ ကွင်းဆက်တရားခံများ ဧရာဝတီတိုင်းအတွင်းသို့ ထွက်ပြေးလာနိုင်သည့်အတွက် လုံခြုံရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

Share this post

ပုသိမ်၊ နိုဝင်ဘာ ၂၄ (People Media)

 

ရန်ကုန်တိုင်းရှိ ကွင်းဆက်တရားခံများ ဧရာဝတီတိုင်းအတွင်းသို့ ထွက်ပြေးနိုင်သည့်အတွက် လုံခြုံရေးကို ရေလမ်း၊ ကုန်လမ်းများ၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ထုတ် ပြန်ထားသည်။

 

“ဧရာဝတီတိုင်းဆိုတာ ထွက်ပေါက်တစ်ခုဖြစ်တော့ ဧရာဝတီတိုင်းကနေ အခြားသော တိုင်းဒေသကြီး/ပြည်နယ် ဘက်ကို ဝင်ရောက်ခိုလှုံမှုမရှိအောင် ဆောင်ရွက်နေပါတယ်” လို့ ဧရာဝတီတိုင်းတာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၌ ဦးဖြိုးယျာသော်ထံမှ လက်နက်အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ၎င်းနှင့်ပတ်သက်သည့် ကွင်းဆက်များသည် အခြားတိုင်းဒေသကြီးသို့ ထွက်ပြေးလွတ်မြောက်မှုမရှိရန် လုံခြုံ ရေးကို တိုးမြှင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

လက်ရှိအချိန်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာ ပုသိမ်မြို့သည့် ဆူပူမှုအနည်းဆုံးဖြစ်သည့် တိုင်း ဒေသကြီးတစ်ခုဖြစ်သည်။

 

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများရန်မှ ကြိုတင်ကာကွယ်ရန်နှင့် အများ ပြည်သူလုံခြုံရေးအတွက် မြို့ရွာအနှံ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post