• Follow Us on

Home ရန္ကုန္တိုင္းရွိ လူထုအေျချပဳဖ်ားနာကုအခမဲ့ေဆးခန္းမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္ (၅) ဦး ႏွင့္ Volunteer (၁၀) ဦး COVID-19 ေရာဂါကူးစက္ခံရ

ရန္ကုန္တိုင္းရွိ လူထုအေျချပဳဖ်ားနာကုအခမဲ့ေဆးခန္းမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္ (၅) ဦး ႏွင့္ Volunteer (၁၀) ဦး COVID-19 ေရာဂါကူးစက္ခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္း (Community Fever Clinic) တခ်ိဳ႕ တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္ (၅) ဦးႏွင့္ Volunteer (၁၀) ဦး COVID-19 ေရာဂါ ကူးစက္ခံ ရေၾကာင္း ရန္ကုန္တိုင္း Community Fever Clinic တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာသည္။

“ဆရာဝန္ေတြ သူနာျပဳေတြ Volunteer ေတြ ပင္ပန္းေနတဲ့အျပင္ COVID-19 ေရာဂါပိုး ကူးစက္ခံရတာ ေတြလည္း ရွိေနၿပီ၊ ဆရာဝန္ အစားထိုးဖို႔လည္း ေတာင္းတာ မရေသးဘူး၊ အဲ့ေတာ့ ရွိတဲ့ဆရာဝန္ေတြနဲ႔ လုပ္ေနရတာေပါ့” ဟု ၎က ေျပာသည္။

ဆရာဝန္တခ်ိဳ႕ႏွင့္ Volunteer တခ်ိဳ႕ COVID-19 ေရာဂါ ကူးစက္ခံေနေသာ္လည္း လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္း ဖြင့္လွစ္ခ်ိန္မွာေတာ့ ေျပာင္းလဲမႈမရွိဘဲ ယခင္အတိုင္း ကုသေပးေနလ်က္ရွိေၾကာင္း ေဒါက္တာေက်ာ္မင္းထြန္းကေျပာသည္။

လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးတြင္ လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္း (၂၆) ခု ဖြင့္လွစ္ထားၿပီး အဆိုပါ လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္းအားလုံးတြင္ တစ္ေန႔လွ်င္ လူဦးေရ (၅၀၀) ဝန္းက်င္ လာေရာက္ ကု သေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္းမ်ားတြင္ ေအာက္စီဂ်င္က်သူမ်ား၊ အေမာေဖာက္သူမ်ား၊ ေနမေကာင္းသူမ်ား၊ အနံမရသူမ်ား လာေရာက္ကုသေနလ်က္ရွိေၾကာင္း သိရသည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်းရှိ လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် (၅) ဦး နှင့် Volunteer (၁၀) ဦး COVID-19 ရောဂါကူးစက်ခံရ
…………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း (Community Fever Clinic) တချို့ တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် (၅) ဦးနှင့် Volunteer (၁၀) ဦး COVID-19 ရောဂါ ကူးစက်ခံ ရကြောင်း ရန်ကုန်တိုင်း Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

“ဆရာဝန်တွေ သူနာပြုတွေ Volunteer တွေ ပင်ပန်းနေတဲ့အပြင် COVID-19 ရောဂါပိုး ကူးစက်ခံရတာ တွေလည်း ရှိနေပြီ၊ ဆရာဝန် အစားထိုးဖို့လည်း တောင်းတာ မရသေးဘူး၊ အဲ့တော့ ရှိတဲ့ဆရာဝန်တွေနဲ့ လုပ်နေရတာပေါ့” ဟု ၎င်းက ပြောသည်။

ဆရာဝန်တချို့နှင့် Volunteer တချို့ COVID-19 ရောဂါ ကူးစက်ခံနေသော်လည်း လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်ချိန်မှာတော့ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ကုသပေးနေလျက်ရှိကြောင်း ဒေါက်တာကျော်မင်းထွန်းကပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း (၂၆) ခု ဖွင့်လှစ်ထားပြီး အဆိုပါ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းအားလုံးတွင် တစ်နေ့လျှင် လူဦးရေ (၅၀၀) ဝန်းကျင် လာရောက် ကု သနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းများတွင် အောက်စီဂျင်ကျသူများ၊ အမောဖောက်သူများ၊ နေမကောင်းသူများ၊ အနံမရသူများ လာရောက်ကုသနေလျက်ရှိကြောင်း သိရသည်။

#PeopleMedia


Share this post