• Follow Us on

Home ရန္ကုန္တိုင္းရွိ အေျခခံလူတန္းစား အိမ္ေထာင္စု တစ္စုလ်င္ က်ပ္ေငြေလးေသာင္းေထာက္ပံ့ရန္ နိုင္ငံေတာ္အစိုးရ စီစဥ္

ရန္ကုန္တိုင္းရွိ အေျခခံလူတန္းစား အိမ္ေထာင္စု တစ္စုလ်င္ က်ပ္ေငြေလးေသာင္းေထာက္ပံ့ရန္ နိုင္ငံေတာ္အစိုးရ စီစဥ္

Share this post

ရန္ကုန္၊ နိုဝင္ဘာ – ၃(PeopleMedia)
ေ႐ြးေကာက္ပြဲမတိုင္မွီ ရန္ကုန္တိုင္ေဒသႀကီးရွိ အေျခခံလူတန္းစား အိမ္ေထာင္စုတစ္စုလ်င္ က်ပ္ေငြေလးေသာင္း ေထာက္ပံ့ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ေထြ/အုပ္ တာဝန္ရွိသူမ်ားက PeopleMedia သတင္းဌာနထံ အတည္ျပဳ႕သည္။ ထိုကဲ့သို႔ နိုင္ငံေတာ္မွေထာက္ပံ့မည့္ က်ပ္ေငြေလးေသာင္းႏွင့္ ပတ္သက္၍ PeopleMedia က ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ေထြ/အုပ္ထံ ဖုန္းျဖင့္ ဆက္သြယ္ရာ၌ ေထာင္ပံ့မည့္ အစီစဥ္မွာ မွန္ကန္ေၾကာင္း၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားထံ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း ေျပာဆိုပါတယ္။ အဆိုပါ နိုင္ငံေတာ္က ေထာက္ပံ့မည့္ က်ပ္ေငြေလးေသာင္းကို နိုဝင္ဘာ(၄)ရက္ေန႕မွ နိုဝင္ဘာ(၆)ရက္ေန႕ ညေန(၈)နာရီ အခ်ိန္အထိ ေထာက္ပံ့ရန္ နိုင္ငံေတာ္အစိုးရက စီစဥ္ထားျခင္းလည္း ျဖစ္ပါတယ္။ ထိုကဲ့သို႔ နိုင္ငံေတာ္အစိုးရက စတုတၱအႀကိမ္ေျမာက္ ေထာက္ပံ့မည့္ အစီစဥ္ႏွင့္ ပတ္သက္၍ PeopleMedia က ရန္ကုန္တိုင္းေဒသႀကီး၊ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊တိုင္းေဒသႀကီးအမွတ္(၂)ကိုယ္စားလွယ္ ဦးသန္းေဆြကို ဆက္သြယ္ေမးျမန္းရာ ေထာက္ပံ့မည့္ အစီစဥ္ မွန္ကန္ေၾကာင္း အတည္ျပဳ႕ ေျပာဆိုခဲ့ပါတယ္။ ထိုကဲ့သို႔ နိုင္ငံေတာ္မွ ေထာက္ပံ့မည့္ က်ပ္ေငြေလးေသာင္းႏွင့္ ပတ္သက္၍ PeopleMedia က ထပ္မံ၍ ဒလၿမိဳ႕နယ္ အမွတ္(၂) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေထြးတင္ ထံ ဖုန္းျဖင့္ဆက္သြယ္ရာ”ကြၽန္ေတာ္တို႔ထံမွာ မနက္မွ သတင္းရမယ္။ခုနကမွ ေထြအုပ္က မနက္ တစ္နာရီကို ေန႕လည္တစ္နာရီကို ဖိတ္တယ္။ကြၽန္ေတာ္က ဘာမွန္းမသိဘူး။သူတို႔ေထာက္ပံ့ေၾကးကိစၥကို ေဆြးေႏြးမလိုဆိုတယ္”လို႔ ေျပာပါတယ္။ အလားတူ ထိုကဲ့သို႔ ေငြေၾကးေထာက္ပံ့မည့္ အစီစဥ္ႏွင့္ပတ္သက္၍ သဃၤန္းကြၽန္းၿမိဳ႕နယ္ အမွတ္(၂) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးထံ ထပ္မံေမးျမန္းရာ “မနက္ျဖန္ေတာ့ မေဝေလာက္ေသးဘူး။ရပ္ကြက္ေတြကို ခြဲရမွာ ျပဳ႕ရမွာ ရွိေသးတယ္”လို႔ ေျပာပါတယ္။ အဆိုပါ သတင္းႏွင့္ ပတ္သက္၍ ထပ္မံအတည္ျပဳ႕နိုင္ရန္ PeopleMedia က စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးတစ္ဦးထံ ဆက္သြယ္ရာ၌ မသိရွိေသးေၾကာင္း၊ေ႐ြးေကာက္ပြဲအတြက္ ကြင္းဆင္းေဆာင္႐ြက္ေနရ၍ မသိေသးေၾကာင္းေျပာပါတယ္။ ထပ္မံ၍ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးတစ္ဦးထံ ဆက္သြယ္ေမးျမန္းရာတြင္ အလုပ္မ်ားေန၍ ေၾကာင္း ေျပာဆို၍ ဖုန္းခ်သြားပါတယ္။ PeopleMedia က ထပ္မံအတည္ျပဳ႕ခ်က္အရ Stay At Home သက္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံအိမ္ေထာင္စု တစ္စုလ်င္ က်ပ္ေငြေလးေသာင္း ေထာက္ပံ့မည္ျဖစ္ၿပီး အျခားေသာ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ Stay At Home သက္မွတ္ထားျခင္း မရွိသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံအိမ္ေထာင္စု တစ္စုလ်င္ က်ပ္ေငြ ႏွစ္ေသာင္းေထာက္ပံ့မည္ျဖစ္ပါတယ္။
#PeopleMedia #ေထာက္ပံ့ေင#ေ႐ြးေကာက္ပြဲ
[Unicode]
ရန်ကုန်တိုင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျင် ကျပ်ငွေလေးသောင်းထောက်ပံ့ရန် နိုင်ငံတော်အစိုးရ စီစဉ် ရန်ကုန်၊နိုဝင်ဘာ-၃(PeopleMedia) ရွေးကောက်ပွဲမတိုင်မှီ ရန်ကုန်တိုင်ဒေသကြီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျင် ကျပ်ငွေလေးသောင်း ထောက်ပံ့ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ထွေ/အုပ် တာဝန်ရှိသူများက PeopleMedia သတင်းဌာနထံ အတည်ပြု့သည်။ ထိုကဲ့သို့ နိုင်ငံတော်မှထောက်ပံ့မည့် ကျပ်ငွေလေးသောင်းနှင့် ပတ်သက်၍ PeopleMedia က ဆိပ်ကြီးခနောင်တိုမြို့နယ်ထွေ/အုပ်ထံ ဖုန်းဖြင့် ဆက်သွယ်ရာ၌ ထောင်ပံ့မည့် အစီစဉ်မှာ မှန်ကန်ကြောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောဆိုပါတယ်။ အဆိုပါ နိုင်ငံတော်က ထောက်ပံ့မည့် ကျပ်ငွေလေးသောင်းကို နိုဝင်ဘာ(၄)ရက်နေ့မှ နိုဝင်ဘာ(၆)ရက်နေ့ ညနေ(၈)နာရီ အချိန်အထိ ထောက်ပံ့ရန် နိုင်ငံတော်အစိုးရက စီစဉ်ထားခြင်းလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရက စတုတ္တအကြိမ်မြောက် ထောက်ပံ့မည့် အစီစဉ်နှင့် ပတ်သက်၍ PeopleMedia က ရန်ကုန်တိုင်းဒေသကြီး၊ဆိပ်ကြီးခနောင်တိုမြို့နယ်၊တိုင်းဒေသကြီးအမှတ်(၂)ကိုယ်စားလှယ် ဦးသန်းဆွေကို ဆက်သွယ်မေးမြန်းရာ ထောက်ပံ့မည့် အစီစဉ် မှန်ကန်ကြောင်း အတည်ပြု့ ပြောဆိုခဲ့ပါတယ်။ ထိုကဲ့သို့ နိုင်ငံတော်မှ ထောက်ပံ့မည့် ကျပ်ငွေလေးသောင်းနှင့် ပတ်သက်၍ PeopleMedia က ထပ်မံ၍ ဒလမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် ထံ ဖုန်းဖြင့်ဆက်သွယ်ရာ”ကျွန်တော်တို့ထံမှာ မနက်မှ သတင်းရမယ်။ခုနကမှ ထွေအုပ်က မနက် တစ်နာရီကို နေ့လည်တစ်နာရီကို ဖိတ်တယ်။ကျွန်တော်က ဘာမှန်းမသိဘူး။သူတို့ထောက်ပံ့ကြေးကိစ္စကို ဆွေးနွေးမလိုဆိုတယ်”လို့ ပြောပါတယ်။ အလားတူ ထိုကဲ့သို့ ငွေကြေးထောက်ပံ့မည့် အစီစဉ်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးထံ ထပ်မံမေးမြန်းရာ “မနက်ဖြန်တော့ မဝေလောက်သေးဘူး။ရပ်ကွက်တွေကို ခွဲရမှာ ပြု့ရမှာ ရှိသေးတယ်”လို့ ပြောပါတယ်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ထပ်မံအတည်ပြု့နိုင်ရန် PeopleMedia က စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးထံ ဆက်သွယ်ရာ၌ မသိရှိသေးကြောင်း၊ရွေးကောက်ပွဲအတွက် ကွင်းဆင်းဆောင်ရွက်နေရ၍ မသိသေးကြောင်းပြောပါတယ်။ ထပ်မံ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် အလုပ်များနေ၍ ကြောင်း ပြောဆို၍ ဖုန်းချသွားပါတယ်။ PeopleMedia က ထပ်မံအတည်ပြု့ချက်အရ Stay At Home သက်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံအိမ်ထောင်စု တစ်စုလျင် ကျပ်ငွေလေးသောင်း ထောက်ပံ့မည်ဖြစ်ပြီး အခြားသော တိုင်းဒေသကြီး/ပြည်နယ်များရှိ Stay At Home သက်မှတ်ထားခြင်း မရှိသည့် မြို့နယ်များရှိ အခြေခံအိမ်ထောင်စု တစ်စုလျင် ကျပ်ငွေ နှစ်သောင်းထောက်ပံ့မည်ဖြစ်ပါတယ်။
#PeopleMedia #ထောက်ပံ့ငွေ #ရွေးကောက်ပွဲ

Share this post