• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား Quarantine ၀င္ေရာက္ရမည္

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား Quarantine ၀င္ေရာက္ရမည္

Share this post

ရန္ကုန္၊ ေမ ၂၀

၂၀၂၀ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွ စတင္ကာ ေခၚယူမႈရပ္နားထားေသာ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကို လာမည့္ ဇြန္လတြင္ ျပန္လည္က်င္းပသြားရန္ရွိေနေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ ေမလ ၂၀ ရက္ေန႔က သိရသည္။

ဇြန္လတြင္ က်င္းပမည့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အား တက္ေရာက္မည့္ ကိုယ္စားလွယ္မ်ားအား ေမ ၂၉ ရက္ေန႔မတိုင္မီ သတင္းေပးပို႔ရန္ ၫြန္ၾကားထားေၾကာင္း သိရသည္။

“ဒီေန႔ ရန္ကုန္လႊတ္ေတာ္က တရား၀င္ထုတ္မယ္ထင္တယ္ အန္ကယ္လည္းၾကားတာက ဒီလ ၂၉ ရက္ေန႔ ၁ ရက္ေန႔ ေနာက္ဆုံး သတင္းပို႔ဖို႔ အန္ကယ္လည္းၾကားထားတာရွိတယ္၊ ဒီေန႔ေတာ့ လႊတ္ေတာ္ ၀က္ဆိုဒ္ကေန တရား၀င္ေၾကျငာမယ္ထင္ပါတယ္” ဟု ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ျပန္လည္က်င္းပမည့္ ရန္ကုန္တိုင္းလႊတ္ေတာ္ကို တက္ေရာက္မည့္ကိုယ္စားလွယ္မ်ားအေနျဖင့္ Quarantine ၀င္ေရာက္ရမည္ျဖစ္ၿပီး Quarantine ၀င္ေရာက္ရမည္ရက္ကိုမူ ေျပာဆိုထားျခင္းမရွိေသးေၾကာင္း သိရသည္။

“အန္ကယ္တို႔က Quarantine ၀င္ရတဲ့ပုံစံမ်ိဳးနဲ႔ လႊတ္ေတာ္တက္ရမယ္ဆိုရင္ ကန္သတ္ခ်က္ေတြျဖစ္ေနတာေပ့ါ ဥပမာ – အန္ကယ္တို႔က ဘတ္ဂ်က္ကို ေဆြးေႏြးမယ္ဆိုရင္ ေပးတဲ့ဟာကိုပဲ ေဆြးေႏြးလို႔မွမရတာ က်န္တဲ့ဟာ ကိုလည္း အန္ကယ္တို႔က ၾကည့္ရတယ္ ကိုးကားရတယ္ အဲ့ဒီေတာ့ ဒီလိုသာဆိုရင္ လိုအပ္တဲ့ စာရြက္စာတမ္း ေတြက ယူသြားရမယ့္ အေနအထားလားဆိုတာ အန္ကယ္က တရား၀င္ ျပန္ေမးရဦးမယ္” ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။

လာမည့္ ဇြန္လတြင္ ရန္ကုန္တိုင္းလႊတ္ေတာ္အေနျဖင့္ ျပန္လည္က်င္းပမည္ျဖစ္ေသာ္လည္း အျခားေသာ အေၾကာင္းအရာမ်ားကိုမူ သိရွိရျခင္းမရွိေသးပဲ Covid 19 ကာလျဖစ္သည့္အတြက္ က်န္မားေရးဆိုင္ရာ ေဆာင္ ရြက္ျခင္းမ်ားကို လက္ရွိတြင္ ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္၏ သတင္းထုတ္ျပန္ ခ်က္မ်ားအရသိရသည္။

#PeopleMedia

(Unicode)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ Quarantine ဝင်ရောက်ရမည်
………………………………………………………

ရန်ကုန်၊ မေ ၂၀

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ခေါ်ယူမှုရပ်နားထားသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို လာမည့် ဇွန်လတွင် ပြန်လည်ကျင်းပသွားရန်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ မေလ ၂၀ ရက်နေ့က သိရသည်။

ဇွန်လတွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အား တက်ရောက်မည့် ကိုယ်စားလှယ်များအား မေ ၂၉ ရက်နေ့မတိုင်မီ သတင်းပေးပို့ရန် ညွန်ကြားထားကြောင်း သိရသည်။

“ဒီနေ့ ရန်ကုန်လွှတ်တော်က တရားဝင်ထုတ်မယ်ထင်တယ် အန်ကယ်လည်းကြားတာက ဒီလ ၂၉ ရက်နေ့ ၁ ရက်နေ့ နောက်ဆုံး သတင်းပို့ဖို့ အန်ကယ်လည်းကြားထားတာရှိတယ်၊ ဒီနေ့တော့ လွှတ်တော် ဝက်ဆိုဒ်ကနေ တရားဝင်ကြေငြာမယ်ထင်ပါတယ်” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ပြန်လည်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်ကို တက်ရောက်မည့်ကိုယ်စားလှယ်များအနေဖြင့် Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး Quarantine ဝင်ရောက်ရမည်ရက်ကိုမူ ပြောဆိုထားခြင်းမရှိသေးကြောင်း သိရသည်။

“အန်ကယ်တို့က Quarantine ဝင်ရတဲ့ပုံစံမျိုးနဲ့ လွှတ်တော်တက်ရမယ်ဆိုရင် ကန်သတ်ချက်တွေဖြစ်နေတာပေ့ါ ဥပမာ – အန်ကယ်တို့က ဘတ်ဂျက်ကို ဆွေးနွေးမယ်ဆိုရင် ပေးတဲ့ဟာကိုပဲ ဆွေးနွေးလို့မှမရတာ ကျန်တဲ့ဟာ ကိုလည်း အန်ကယ်တို့က ကြည့်ရတယ် ကိုးကားရတယ် အဲ့ဒီတော့ ဒီလိုသာဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်း တွေက ယူသွားရမယ့် အနေအထားလားဆိုတာ အန်ကယ်က တရားဝင် ပြန်မေးရဦးမယ်” ဟု ဦးကျော်ဇေယျက ပြောသည်။

လာမည့် ဇွန်လတွင် ရန်ကုန်တိုင်းလွှတ်တော်အနေဖြင့် ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း အခြားသော အကြောင်းအရာများကိုမူ သိရှိရခြင်းမရှိသေးပဲ Covid 19 ကာလဖြစ်သည့်အတွက် ကျန်မားရေးဆိုင်ရာ ဆောင် ရွက်ခြင်းများကို လက်ရှိတွင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ သတင်းထုတ်ပြန် ချက်များအရသိရသည်။

#PeopleMedia


Share this post