• Follow Us on

Home ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကို အမွုဖြင့္သူ အမွုဖြင့္ခြင့္မရ

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကို အမွုဖြင့္သူ အမွုဖြင့္ခြင့္မရ

Share this post

ရန္ကုန္၊ ​ေမ-၂၆

အြန္လိုင္းစာမ်က္ႏွာတြင္ ေဝဖန္မွု အမ်ားအျပားေပၚထြက္ေနေသာ ရွင္ဥပဂုတၱေရခ်ပူေဇာ္ပြဲျပဳလုပ္သူ ရန္ကုန္တိုင္း အစိုးရအဖြဲ႕အား အမွုဖြင့္ေသာ္လည္း ရဲအေရးမပိုင္ေသာ အမွုျဖစ္သျဖင့္ အမွုဖြင့္ခြင့္မရခဲ့ေၾကာင္း သိရသည္။

ပခုကၠဴၿမိဳ့၌ ေနထိုင္သူ ကိုသာထက္ေအာင္ဆိုသူမွ ေမလ ၂၆ရက္၊ မနက္ပိုင္းတြင္ ပခုကၠဴၿမိဳ့မရဲစခန္း၌ သြားေရာက္တိုင္ၾကားခဲ့ၿပီး ရဲစခန္းမွ ရဲအေရးမပိုင္ေသာ အမွုျဖစ္သည့္အတြက္ အမွုဖြင့္မေပးလိုက္ပဲ တရား႐ုံး၌ ဦးတိုက္ေလ်ာက္ထားရန္ အႀကံျပဳခဲ့သည္ဟု ကာယကံရွင္ျဖစ္သူ ကိုသာထက္ေအာင္က ဆိုသည္။

“က်ေနာ္ ဒီေန႔မနက္သြားပါတယ္ဗ်။ ဒီဟာနဲ႔ပတ္သက္ၿပီး။ စာလည္းတင္ထားပါတယ္။ ပူးတြဲပါပုံေတြနဲ႔။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စခန္းမွုးက ေျပာတာက ရဲအေရးပိုင္တဲ့အမွုမဟုတ္ဘူး။ တရား႐ုံးကို ဦးတိုက္ေလ်ာက္ထားရင္ေတာ့ ရတယ္လို့ေျပာတယ္ဗ်”ဟု ကိုသာထက္ေအာင္က ေျပာသည္။

ဆက္လက္၍ ၄င္းမွ “ဘာသာေရးအခမ္းအနားေတြက်င္းပတာနဲ႔ ပတ္သက္ၿပီး ဥပေဒခ်ိဳးေဖာက္တယ္လို့ တရားစြဲဆိုတာက အမ်ိဳးသားအဆင့္ Covid-19 ထိန္းခ်ဳပ္ေရးေကာ္မတီက ဦးေဆာင္ၿပီး တရားစြဲဆိုတာ ေရွ႕မွာလည္း ရွိခဲ့တယ္ဗ်။မႏၲေလးတိုင္းမွာလည္း ရွိတယ္ဗ်။ ရန္ကုန္မွာလည္း ေဒးဗစ္လားကိစၥေပါ့။ဒါေတြက ထိန္းခ်ဳပ္ေရးေကာ္မတီက ဦးေဆာင္တရားစြဲတာေပါ့။ က်ေနာ္က ျပည္သူတစ္ဦးအေနနဲ႔ အသိေပးအေၾကာင္းၾကားတာ။ က်ြန္ေတာ္က ဥပေဒအထက္မွာ ဘယ္သူမွမရွိဘူးဆိုတာကို လိုခ်င္တာ” ေျပာသည္။

ပခုကၠဴၿမိဳ့မရဲစခန္းမွ အမွုဖြင့္မေပးေသာ္လည္း စာကိုလက္ခံထားသည္ဟုလည္း ၄င္းထံမွ သိရသည္။

“သူတို့က ရဲအေရးပိုင္တဲ့ အမွုမဟုတ္ဘူး။ တရား႐ုံးကေန ဦးတိုက္ေလၽွာက္လို့ရတယ္။ ဒါေပမယ့္ က်ေနာ္က တာဝန္သိျပည္သူတစ္ေယာက္အေနနဲ႔ အေၾကာင္းၾကားတာ။ စာကိုလက္ခံထားၿပီး လုပ္ရိုးလုပ္စဥ္အတိုင္းအထက္အဆင့္ဆင့္တင္ျပေပးပါဆိုေတာ့ သူတို့လက္ခံထားလိုက္တယ္ဗ်”ဟု ကိုသာထက္ေအာင္က ဆိုသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ပခုကၠဴၿမိဳ့မရဲစခန္းသို့ဆက္သြယ္ေမးျမန္းခဲ့ရာ လူႀကီးမ်ားမရွိေၾကာင္း၊ စခန္းကို ကိုယ္တိုင္လာေမးမွသာ ျဖစ္မွာျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္။

ေမလ ၂၄ရက္၊ မနက္ပိုင္းက ရန္ကုန္တိုင္း၊ ဗိုလ္တစ္ေထာင္ၿမိဳ့နယ္၊ ဗိုလ္တစ္ေထာင္ဆိပ္ကမ္း၌ ျပဳလုပ္ခဲ့သည္ ရွင္ဥပဂုတၱေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ ရန္ကုန္ၿမိဳ့ေတာ္ဝန္၊နယ္/လုံဝန္ႀကီး၊ လူမွုေရးဝန္ႀကီး၊ လူဝင္မွုႀကီးၾကပ္ေရးဝန္ႀကီးႏွင့္ ဥပေဒခ်ဳပ္အပါအဝင္ ဌာနဆိုင္ရာမ်ား တက္ေရာက္ခဲ့ၾကသည္။

Covid-19 ကာလ၊ လူစုလူေဝးမျပဳလုပ္ရန္တားျမစ္ထားသည့္အခ်ိန္တြင္ လူုလူေဝးျဖင့္က်င္းပေသာ ဘာသာေရးပြဲကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေသာေၾကာင့္ လူမွုကြန္ယက္တြင္ အမ်ားအျပားက ေဝဖန္ခဲ့ၾကသည္။

မီကို

#PeopleMedia

(Unicode)
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အမှုဖွင့်သူ အမှုဖွင့်ခွင့်မရ
=======================

ရန်ကုန်၊ မေ-၂၆

အွန်လိုင်းစာမျက်နှာတွင် ဝေဖန်မှု အများအပြားပေါ်ထွက်နေသော ရှင်ဥပဂုတ္တရေချပူဇော်ပွဲပြုလုပ်သူ ရန်ကုန်တိုင်း အစိုးရအဖွဲ့အား အမှုဖွင့်သော်လည်း ရဲအရေးမပိုင်သော အမှုဖြစ်သဖြင့် အမှုဖွင့်ခွင့်မရခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ နေထိုင်သူ ကိုသာထက်အောင်ဆိုသူမှ မေလ ၂၆ရက်၊ မနက်ပိုင်းတွင် ပခုက္ကူမြို့မရဲစခန်း၌ သွားရောက်တိုင်ကြားခဲ့ပြီး ရဲစခန်းမှ ရဲအရေးမပိုင်သော အမှုဖြစ်သည့်အတွက် အမှုဖွင့်မပေးလိုက်ပဲ တရားရုံး၌ ဦးတိုက်လျောက်ထားရန် အကြံပြုခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ကိုသာထက်အောင်က ဆိုသည်။

“ကျနော် ဒီနေ့မနက်သွားပါတယ်ဗျ။ ဒီဟာနဲ့ပတ်သက်ပြီး။ စာလည်းတင်ထားပါတယ်။ ပူးတွဲပါပုံတွေနဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး စခန်းမှုးက ပြောတာက ရဲအရေးပိုင်တဲ့အမှုမဟုတ်ဘူး။ တရားရုံးကို ဦးတိုက်လျောက်ထားရင်တော့ ရတယ်လို့ပြောတယ်ဗျ”ဟု ကိုသာထက်အောင်က ပြောသည်။

ဆက်လက်၍ ၎င်းမှ “ဘာသာရေးအခမ်းအနားတွေကျင်းပတာနဲ့ ပတ်သက်ပြီး ဥပဒေချိုးဖောက်တယ်လို့ တရားစွဲဆိုတာက အမျိုးသားအဆင့် Covid-19 ထိန်းချုပ်ရေးကော်မတီက ဦးဆောင်ပြီး တရားစွဲဆိုတာ ရှေ့မှာလည်း ရှိခဲ့တယ်ဗျ။မန္တလေးတိုင်းမှာလည်း ရှိတယ်ဗျ။ ရန်ကုန်မှာလည်း ဒေးဗစ်လားကိစ္စပေါ့။ဒါတွေက ထိန်းချုပ်ရေးကော်မတီက ဦးဆောင်တရားစွဲတာပေါ့။ ကျနော်က ပြည်သူတစ်ဦးအနေနဲ့ အသိပေးအကြောင်းကြားတာ။ ကျွန်တော်က ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို လိုချင်တာ” ပြောသည်။

ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်မပေးသော်လည်း စာကိုလက်ခံထားသည်ဟုလည်း ၎င်းထံမှ သိရသည်။

“သူတို့က ရဲအရေးပိုင်တဲ့ အမှုမဟုတ်ဘူး။ တရားရုံးကနေ ဦးတိုက်လျှောက်လို့ရတယ်။ ဒါပေမယ့် ကျနော်က တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ အကြောင်းကြားတာ။ စာကိုလက်ခံထားပြီး လုပ်ရိုးလုပ်စဉ်အတိုင်းအထက်အဆင့်ဆင့်တင်ပြပေးပါဆိုတော့ သူတို့လက်ခံထားလိုက်တယ်ဗျ”ဟု ကိုသာထက်အောင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့ရာ လူကြီးများမရှိကြောင်း၊ စခန်းကို ကိုယ်တိုင်လာမေးမှသာ ဖြစ်မှာဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မေလ ၂၄ရက်၊ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်း၌ ပြုလုပ်ခဲ့သည် ရှင်ဥပဂုတ္တဖောင်တော် ရေချပူဇော်ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊နယ်/လုံဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနှင့် ဥပဒေချုပ်အပါအဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

Covid-19 ကာလ၊ လူစုလူဝေးမပြုလုပ်ရန်တားမြစ်ထားသည့်အချိန်တွင် လူုလူဝေးဖြင့်ကျင်းပသော ဘာသာရေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သောကြောင့် လူမှုကွန်ယက်တွင် အများအပြားက ဝေဖန်ခဲ့ကြသည်။

မီကို

#PeopleMedia


Share this post