• Follow Us on

Home ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ ၀န္ႀကီးႏွစ္ဦး COVID ကူးစက္ခံရၿပီးေနာက္ ၎တို႔ႏွင့္ ထိစပ္သူမ်ားစစ္ေဆးရာ ကူးစက္ခံရမႈမရွိေၾကာင္း ၀န္ႀကီးေဒၚမိုးမိုးစုၾကည္ ေျပာဆို

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ ၀န္ႀကီးႏွစ္ဦး COVID ကူးစက္ခံရၿပီးေနာက္ ၎တို႔ႏွင့္ ထိစပ္သူမ်ားစစ္ေဆးရာ ကူးစက္ခံရမႈမရွိေၾကာင္း ၀န္ႀကီးေဒၚမိုးမိုးစုၾကည္ ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စိုးႏွင့္ စိုက္ပ်ိဳးေရး၊ သစ္ေတာႏွင့္ စြမ္းအင္၀န္ႀကီးဦးဟံထြန္းတို႔ COVID စက္ခံရၿပီးေနာက္ ၎တို႔ႏွင့္ထိစပ္ထိသူမ်ားကို စစ္ေဆးခဲ့ရာထပ္မံကူးစက္ခံရသူမရွိေၾကာင္း လူ၀င္မႈ ႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္၀န္ႀကီး ေဒၚမိုးမိုးစုၾကည္ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၀င္ ၀န္ႀကီးဦးေမာင္ေမာင္စိုးသည္ ဒီဇင္ဘာ ၈ ရက္တြင္ COVID ကူးစက္ခံ ရေၾကာင္းေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ဦးေမာင္ေမာင္စိုးႏွင့္ ထိစပ္သူမ်ားအား က်န္းမာေရးဌာနက ထပ္မံစစ္ေဆးခဲ့ရာ ၀န္ႀကီးဦးဟံထြန္း တြင္ COVID ပိုး ထပ္မံေတြ႕ရွိရျခင္းလည္းျဖစ္သည္။

“၀န္ႀကီးႏွစ္ပါး Positive ျဖစ္တယ္ဆိုတဲ့သတင္းလည္းထုတ္ျပန္ထားၿပီးသားေလ။ COVID ျဖစ္တယ္ဆိုတဲ့ အေျခအေနေတြက က်န္ခဲ့တဲ့ႏွစ္ရက္သုံးရက္ေလာက္ထဲကစစ္ေနတာေနာ္” ဟု ေဒၚမိုးမိုးစုၾကည္ကေျပာသည္။

ထို႔သို႔စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ကိုဗစ္ပိုးကူးစက္ခံရသူ ထပ္မရွိေၾကာင္း ၎ကဆက္ေျပာသည္။

“ဆရာဦးဟန္ထြန္းနဲ႔ ၿမိဳ႕ေတာ္၀န္ႀကီးေနာက္ပိုင္းစစ္ၿပီးတဲ့သူတို႔နဲ႔ Contact ျဖစ္ၿပီးစစ္ၿပီးေနာက္ပိုင္းမွာ ထပ္စစ္တာဘယ္သူမွမရွိဘူးေနာ္။ Contact ျဖစ္တဲ့သူေတြအားလုံးစစ္ေဆးၿပီးပါၿပီ” ေဒၚမိုးမိုးစုၾကည္ကေျပာ သည္။

Photo – Credit

#PeopleMedia #ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ #ေဒၚမိုးမိုးစုၾကည္

(unicode)
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး COVID ကူးစက်ခံရပြီးနောက် ၎င်းတို့နှင့် ထိစပ်သူများစစ်ဆေးရာ ကူးစက်ခံရမှုမရှိကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည် ပြောဆို
………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုးနှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးဟံထွန်းတို့ COVID စက်ခံရပြီးနောက် ၎င်းတို့နှင့်ထိစပ်ထိသူများကို စစ်ဆေးခဲ့ရာထပ်မံကူးစက်ခံရသူမရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမောင်မောင်စိုးသည် ဒီဇင်ဘာ ၈ ရက်တွင် COVID ကူးစက်ခံ ရကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးမောင်မောင်စိုးနှင့် ထိစပ်သူများအား ကျန်းမာရေးဌာနက ထပ်မံစစ်ဆေးခဲ့ရာ ဝန်ကြီးဦးဟံထွန်း တွင် COVID ပိုး ထပ်မံတွေ့ရှိရခြင်းလည်းဖြစ်သည်။

“ဝန်ကြီးနှစ်ပါး Positive ဖြစ်တယ်ဆိုတဲ့သတင်းလည်းထုတ်ပြန်ထားပြီးသားလေ။ COVID ဖြစ်တယ်ဆိုတဲ့ အခြေအနေတွေက ကျန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ထဲကစစ်နေတာနော်” ဟု ဒေါ်မိုးမိုးစုကြည်ကပြောသည်။

ထို့သို့စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကိုဗစ်ပိုးကူးစက်ခံရသူ ထပ်မရှိကြောင်း ၎င်းကဆက်ပြောသည်။

“ဆရာဦးဟန်ထွန်းနဲ့ မြို့တော်ဝန်ကြီးနောက်ပိုင်းစစ်ပြီးတဲ့သူတို့နဲ့ Contact ဖြစ်ပြီးစစ်ပြီးနောက်ပိုင်းမှာ ထပ်စစ်တာဘယ်သူမှမရှိဘူးနော်။ Contact ဖြစ်တဲ့သူတွေအားလုံးစစ်ဆေးပြီးပါပြီ” ဒေါ်မိုးမိုးစုကြည်ကပြော သည်။

Photo – Credit

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ #ဒေါ်မိုးမိုးစုကြည်


Share this post