• Follow Us on

Home ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများသည် မှတ်တမ်းကောင်းပါက တိုင်းဝန်ကြီးနေရာ၌ ပြန်ပါနိုင်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ထုတ်ဖော်ပြောဆို

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများသည် မှတ်တမ်းကောင်းပါက တိုင်းဝန်ကြီးနေရာ၌ ပြန်ပါနိုင်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ထုတ်ဖော်ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများသည် မှတ်တမ်းကောင်းပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အသစ်၌ ဝန်ကြီးအဖြစ် ပြန်လည်ပြန်ဝင်လာနိုင်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က People Media သို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

“ရန်ကုန်တိုင်းအစိုးရဝန်ကြီး ပြန်ပြီးပါလာနိုင်သလားဆိုတာ ဘာမှမပြောနိုင်သေးပါဘူး။ မှတ်တမ်းကောင်းတဲ့သူ တွေလည်း ပြန်မှာပေါ့၊ တစ်ချို့တွေကျတော့လည်း သူထပ်ပိုပြီး စွမ်းဆောင်ရည်ရှိတဲ့သူတွေနဲ့ အစားထိုးမှာပေါ့။ ဒါကတော့ ပုံမှန်လုပ်နေကြပါလေ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများထဲမှ ဦးနိုင်ငံလင်း၊ ဒေါ်မိုးမိုးစုကြည်နှင့် ဦးရဲမင်းဦးတို့ သည် အစိုးရအဖွဲ့သစ်တွင် ပြန်လည်ပါဝင်လာနိုင်ပြီး မြို့တော်ဝန်အပါအဝင် ကျန်ဝန်ကြီးများ ပြန်လည်၍ မပါဝင်နိုင်တော့ကြောင်း NLD ပါတီခေါင်းဆောင်ပိုင်းများက ပြောဆိုမှုရှိခဲ့သည်။

NLD အစိုးရအဖွဲ့တွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ လျာထားချက်ခြင်းကို People Media မှ မေးမြန်းရာ “ဘယ်သူဖြစ်နိုင်တယ်ဆိုတာ လျာထားတာတော့ ရှိတာပေါ့ဗျာ။ အချက်အလက်တွေပေါ်မူတည်ပြီးတော့ နောက်ဆုံးအချိန်ထိ စဉ်းစားနေအုန်းမှာဘဲ။ ဘယ်သူ့ကိုမှ မသိပေးတာ၊ အတည်ပြုတာ ဘယ်သူမှမရှိဘူး။ တရားဝင်စာရင်းကတော့ လွှတ်တော်ကျင်းပမှဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးပြီးတော့ သူတို့က လွှတ်တော်လုပ်ငန်းစဉ်အတိုင်းရွေးသွားမှာ ကျွန်တော်တို့အနေနဲ့ကတော့ သတင်းမထုတ်ပြန်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

#PeopleMedia #ရန်ကုန်တိုင်းအစိုးရအဖွဲ့သစ် #ဒေါက်တာမျိုးညွှန့်

(unicode)
………………………………………………………..








Share this post