• Follow Us on

Home ရန်ကုန်တိုင်းအတွင်း ညမထွက်ရအချိန်အား ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲသတ်မှတ်

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအချိန်အား ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲသတ်မှတ်

Share this post

ရန်ကုန်၊ မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ ညမထွက်ရအချိန်အား ည (၁၂) နာရီမှ နံနက် (၄) နာရီ အထိ ယမန်နေ့မှစ၍ လျော့ချ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရ သည်။

 

“ဒီလို ပြောင်းလဲရတာက တည်ငြိမ်အေးချမ်းလာတယ်။ ကိုဗစ်ကလည်း နည်းလာတယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင်လို့ ပြောင်းလဲလျော့ချလိုက်တာဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်ကပြောသည်။

 

ယခင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး၌ ညမထွက်ရအချိန်အား ည (၁၀) နာရီမှ မနက် (၄) နာရီအထိ သတ်မှတ်ခဲ့ရာ ယခုအခါ ည (၁၂) နာရီမှ မနက် (၄) နာရီအတွင်း ညမထွက်အချိန်ကို လျော့ ချကာ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

 

ယခုပြောင်းလဲလိုက်သည့် ည (၁၂) နာရီမှ မနက် (၄) နာရီအချိန်အတွင်း တာဝန်အရသွားလာခြင်း၊ ကျန်းမာ ရေးကိစ္စများကြောင့် သွားလာခြင်းများကို သွားလာခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါကိစ္စများ မဟုတ်ဘဲ သွားလာပါ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း သိရသည်။

 

(unicode)


……………………………………….

 


 


 


 


 



Share this post