• Follow Us on
Latest News

Home ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် BFRAF အဖွဲ့ဝင် (၇) ဦးအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် BFRAF အဖွဲ့ဝင် (၇) ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင် (၇) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ် ပြန်ထားသည်။

 

ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁)၊ တိုက်အမှတ်(၃၄)တွင် ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာ တို့အားလည်းကောင်း စတင်ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းမိတရားခံထွက်ဆိုချက်အရ ရန်နိုင်ထူး(ခ)နဂါးလေး၊ ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော်သက်ဝေ၊ စန်းလွင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ရဲနောင်ထွန်း(ခ)Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၇ ရက် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ အား ရဲနောင်ထွန်း(ခ) Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ ခေါင်းဆောင်၍ အင်အား ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ် သော ငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့ကြောင်း ထုတ် ပြန်ထားသည်။

 

BFRAF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူ များ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post