• Follow Us on

Home ရန်ကုန်တိုင်းကောင်စီဥက္ကဋ္ဌသည် မြေပြင်အခြေအနေကို သိရှိခြင်းမရှိဘဲ စီမံခန့်ခွဲမှုအမှားများကြောင့် ပြည်သူလူထုများ ကျန်းမာရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေကြောင်း တိုင်းအမတ်(ဟောင်း) ဦးကျော်ဇေယျ ဝေဖန်

ရန်ကုန်တိုင်းကောင်စီဥက္ကဋ္ဌသည် မြေပြင်အခြေအနေကို သိရှိခြင်းမရှိဘဲ စီမံခန့်ခွဲမှုအမှားများကြောင့် ပြည်သူလူထုများ ကျန်းမာရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေကြောင်း တိုင်းအမတ်(ဟောင်း) ဦးကျော်ဇေယျ ဝေဖန်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးသည် လက်ရှိ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မြေပြင်အခြေအနေအား သိရှိခြင်းမရှိဘဲ စီမံခန့်ခွဲမှု အမှားများကြောင့် ပြည်သူလူ ထုကျန်းမာရေးဆိုင်ရာအခက်အခဲများဖြစ်ပေါ်နေလျက်ရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဦးကျော်ဇေယျက ဝေဖန်ပြောဆိုလိုက်ပါတယ်။

 

လက်ရှိအချိန်၌ တိုင်းအစိုးရရုံးစိုက်ရာ ဒဂုံမြို့နယ် ဒေသန္တရဆေးခန်းများ၌ ဆေးခန်းတာဝန်ကျ ဆရာ/ဆရာမ များသည် CDM လှုပ်ရှားမှု၌ ပါဝင်သောကြောင့် ဆေးခန်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ဆေးခန်းများ ဆက်လက် ပိတ်ထားလျက်ရှိပြီး အဆိုပါလစ်လပ်လျက်ရှိသည့်တာဝန်များ၌ အစား ထိုးထားနိုင်ခြင်းမရှိဘဲ အဆိုပါ ဆရာ ဝန်များကိုသာ ဆက်လက်ခန့်ထားနေခြင်းကြောင့် ကျန်းမာ ရေးဆိုင်ရာအခက်အခဲများ ဖြစ်ပေါ်နေတယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

 

“မြို့နယ်အလိုက်က သက်ဆိုင်ရာ ဒေသန္တရဆေးခန်းတွေကို အားကိုးနေရမှာ အဲ့ဒီဆေးခန်းက ဆေးမှူး ကိုယ်တိုင်က CDM လုပ်ထားတယ်ဆိုတော့ ဘာလုပ်လို့ရမှာလည်း လူစားလည်းမထိုးဘူး၊ ကျန်တဲ့သူ တွေကိုလည်း တာဝန်မလွှဲပြောင်းပေးဘူးဆိုတော့ သက်ဆိုင်ရာမြို့နယ်လူထုအတွက် အများကြီးနစ်နာ တယ်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံးစိုက်ရာ မြို့လယ်ခေါင်ကြီးမှာကအစ အဲ့ဒီလိုတွေ ဖြစ်နေတော့ မကောင်းဘူး” လို့ ဦးကျော်ဇေယျက ပြောပါတယ်။

 

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထက်ပါကဲ့သို့ မြေပြင်အခြေအနေ အား သိရှိခြင်းမရှိဘဲ စီမံခန့်ခွဲမှုအမှားများသည် ပြည်သူလူထုများအတွက် အန္တရာယ်ရှိကြောင်း ဦးကျော်ဇေယျက ဆိုပါတယ်။

 

“အောက်ခြေမှာ ဘာဖြစ်နေလဲဆိုတော့ ကိုဗစ်ဖြစ်လို့ မြို့နယ်ဆေးခန်းတွေက ပိတ်ထားလို့ မင်္ဂလာဒုံ စစ် ဆေးရုံနဲ့ ဒဂုံမြို့မှာရှိတဲ့ အမှတ် (၂) စစ်ဆေးရုံကို သွားပြတဲ့အခါမှာလည်း ဂိတ်မှာ ဝင်ဖို့တောင် အတော် အခက်အခဲရှိတယ်။ အဲ့ဒီတော့ လူနာတွေက စိတ်ဓာတ်ကျပြီးတော့ ပြန်ရတာတွေက အများကြီးပဲ၊ လှိုင် Q Center စစ်ကြောရေးစခန်းတွေ လက်ခံလား မေးကြည့်မရဘူး” ဟု ဦးကျော်ဇေယျက ပြောပါတယ်။

 

လက်ရှိအချိန်၌ န-စ-က သည် ကိုဗစ်ရောဂါကူးစက်ခံရသူများ လုံလောက်စွာ ဆေးဝါးကုသပေးနိုင်ရန် နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ ကုသရေးစင်တာများ အပါအဝင် Q စင်တာ များကို တိုးချဲ့လျက်ရှိတယ်လို့ နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြထားပါတယ်။

 

#PeopleMedia #နစက #ဦးကျော်ဇေယျ #ပြည်သူ့ရှေ့ဆောင်ပါတီ

 

(unicode)


 


 


 


 


 


 


 


 



Share this post