• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ယခုႏွစ္ အတြင္း ေဆး႐ုံတက္ေရာက္ကုသရသူ ၂၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၄ ဦးထိရွိလာ

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ယခုႏွစ္ အတြင္း ေဆး႐ုံတက္ေရာက္ကုသရသူ ၂၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၄ ဦးထိရွိလာ

Share this post

ရန္ကုန္၊ ဇူလိုင္ – ၆

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ၂၀၂ဝ ျပည့္ႏွစ္အတြင္း ေဆး႐ုံတက္ေရာက္ကုသ ရသူ ၂၄၇ ဦးႏွင့္ ေသဆုံးသူ ၄ ဦးထိရွိလာၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါေသြးလြန္တုပ္ေကြးျဖစ္ပြားမႈအမ်ားဆုံးၿမိဳ႕နယ္မ်ားထဲတြင္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ထန္းတပင္ၿမိဳ႕ နယ္၊ ေရႊျပည္သာၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕နယ္၊ ဒလၿမိဳ႕နယ္တို႔ပါ၀င္ေၾကာင္းသိရသည္။

“ေသြးလြန္တုပ္ေကြးနဲ႔ ပတ္သက္ရင္လူၾကားထဲ အသိပညာေပးထားတာေတြေတာ့ရွိတာေပါ႔။ ဒါေပမဲ့ အဓိက ဖ်ားရင္ေတာ့ ေဆး႐ုံသြားရမွာဘဲ။ လကၡဏာေတြနဲ႔ပတ္သက္လို႔ေတာ့ အမ်ိဳးမ်ိဳးရွိႏိုင္တယ္။ ေသြးလြန္တဲ့အထိ ေစာင့္ေနလို႔ေတာ့မရပါဘူး။ လုပ္ရမဲ့အလုပ္ကေတာ့ျခင္ေတြကို အိမ္ထဲမွာမေမြးဖို႔ပဲ။ အိမ္ထဲမွာ ျခင္ေလာက္လန္း ရွိတယ္ဆိုရင္ ဖုံး၊ သြန္၊ လဲ၊ စစ္ဆိုၿပီး အသိပညာေပးထားတာေပါ႔။ ျခင္မေပါက္ေအာင္လုပ္ဖို႔လိုတယ္။ အဲဒါေတြ ကို ထိထိေရာက္ေရာက္မလုပ္ရင္ေတာ့ မိုးဦးက်အခ်ိန္မွာ ျခင္ေတြေပါက္မယ္။ ဒီေသြးလြန္တုပ္ေကြးျခင္ေတြ အိမ္ထဲမွာပဲရွိရင္ေရာဂါျဖစ္မွာပဲ။ အခုကျခင္ေတြမွာက ေမြးကတည္းကေရာဂါပိုးကိုထည့္ေပးလိုက္တဲ့ မ်ိဳး႐ိုးစဥ္ ဆက္ေတြ ျဖစ္လာတယ္။ ျဖစ္လာေတာ့ ဒီျခင္က်ားရွိေနသေရြ႕ကေတာ့ ေသြးလြန္တုပ္ေကြးကျပန္႔ေနမွာပဲ’’ဟု ဗဟိုက်န္းမာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး အၿငိမ္းစားေဒါက္တာခင္ေမာင္လြင္က PEOPLE MEDIA သို႔ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါသည္ ေအးဒီးစ္ေခၚ ေရာဂါပိုးသယ္ေဆာင္ထားသည့္ျခင္က်ားကိုက္ရာမွ ျဖစ္ပြားျခင္း ျဖစ္ၿပီး ကေလးငယ္မ်ားတြင္ျခင္ကိုက္ခံရမႈမွ ျဖစ္ပြားေလ့ရွိေၾကာင္းသိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာမ်ားမွာ ကိုယ္ပူခ်ိန္ျမင့္ကာဖ်ားနာျခင္း ၊ကေလးဂဏွာမၿငိမ္ျဖစ္ျခင္း သို႔မ ဟုတ္ အလြန္မွိန္းလာျခင္း၊ ေျခဖ်ားလက္ဖ်ားမ်ားေအးစက္ျခင္း၊ ႐ုတ္တရက္ ဗိုက္ေအာင့္လာျခင္း၊ ဆက္တိုက္ အန္ျခင္း၊ ေကာ္ဖီႏွစ္ေရာင္အန္ျခင္း၊ ႏွာေခါင္းေသြးလွံျခင္း၊ ၀မ္းမည္းသြားျခင္း၊ ခႏၶာကိုယ္တြင္အနီမ်ားထြက္လာ ျခင္းတို႔ ျဖစ္ေၾကာင္းသိရသည္။

#PeopleMedia #က်န္းမာေရး

(unicode)
ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ် အတွင်း ဆေးရုံတက်ရောက်ကုသရသူ ၂၀၀ ကျော်နှင့် သေဆုံးသူ ၄ ဦးထိရှိလာ
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၂ဝ ပြည့်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသ ရသူ ၂၄၇ ဦးနှင့် သေဆုံးသူ ၄ ဦးထိရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါသွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးမြို့နယ်များထဲတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ထန်းတပင်မြို့ နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒလမြို့နယ်တို့ပါဝင်ကြောင်းသိရသည်။

“သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ရင်လူကြားထဲ အသိပညာပေးထားတာတွေတော့ရှိတာပေါ့။ ဒါပေမဲ့ အဓိက ဖျားရင်တော့ ဆေးရုံသွားရမှာဘဲ။ လက္ခဏာတွေနဲ့ပတ်သက်လို့တော့ အမျိုးမျိုးရှိနိုင်တယ်။ သွေးလွန်တဲ့အထိ စောင့်နေလို့တော့မရပါဘူး။ လုပ်ရမဲ့အလုပ်ကတော့ခြင်တွေကို အိမ်ထဲမှာမမွေးဖို့ပဲ။ အိမ်ထဲမှာ ခြင်လောက်လန်း ရှိတယ်ဆိုရင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုပြီး အသိပညာပေးထားတာပေါ့။ ခြင်မပေါက်အောင်လုပ်ဖို့လိုတယ်။ အဲဒါတွေ ကို ထိထိရောက်ရောက်မလုပ်ရင်တော့ မိုးဦးကျအချိန်မှာ ခြင်တွေပေါက်မယ်။ ဒီသွေးလွန်တုပ်ကွေးခြင်တွေ အိမ်ထဲမှာပဲရှိရင်ရောဂါဖြစ်မှာပဲ။ အခုကခြင်တွေမှာက မွေးကတည်းကရောဂါပိုးကိုထည့်ပေးလိုက်တဲ့ မျိုးရိုးစဉ် ဆက်တွေ ဖြစ်လာတယ်။ ဖြစ်လာတော့ ဒီခြင်ကျားရှိနေသရွေ့ကတော့ သွေးလွန်တုပ်ကွေးကပြန့်နေမှာပဲ’’ဟု ဗဟိုကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး အငြိမ်းစားဒေါက်တာခင်မောင်လွင်က PEOPLE MEDIA သို့ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခေါ် ရောဂါပိုးသယ်ဆောင်ထားသည့်ခြင်ကျားကိုက်ရာမှ ဖြစ်ပွားခြင်း ဖြစ်ပြီး ကလေးငယ်များတွင်ခြင်ကိုက်ခံရမှုမှ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ ကိုယ်ပူချိန်မြင့်ကာဖျားနာခြင်း ၊ကလေးဂဏှာမငြိမ်ဖြစ်ခြင်း သို့မ ဟုတ် အလွန်မှိန်းလာခြင်း၊ ခြေဖျားလက်ဖျားများအေးစက်ခြင်း၊ ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ဆက်တိုက် အန်ခြင်း၊ ကော်ဖီနှစ်ရောင်အန်ခြင်း၊ နှာခေါင်းသွေးလှံခြင်း၊ ဝမ်းမည်းသွားခြင်း၊ ခန္ဓာကိုယ်တွင်အနီများထွက်လာ ခြင်းတို့ ဖြစ်ကြောင်းသိရသည်။

#PeopleMedia #ကျန်းမာရေး


Share this post