• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာနှင့် လှိုင်သာယာရှိ ကျောင်းများတွင် လက်လုပ်မိုင်းများတွေ့

ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာနှင့် လှိုင်သာယာရှိ ကျောင်းများတွင် လက်လုပ်မိုင်းများတွေ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာ အထကကျောင်းများနှင့် အမကကျောင်းများတွင် လက်လုပ်မိုင်းတွေ့ရှိမှုရှိခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက်နေ့က ရွှေပြည်သာမြို့နယ် အထက (၂) နှင့် လှိုင်သာယာမြို့နယ် အမကကျောင်း များတွင် ကီးပတ်ဖုန်းဖြင့် ချိတ်ဆက်ထားသည့် ဖျက်အားပြင်းလက်လုပ်မိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ကျောင်းရှေ့က ဝင်ပေါက်နားမှာ ၂ လုံးတောင်ထောင်ထားတာ။ မသင်္ကာလို့ ကြည့်လိုက်တော့ လက်လုပ်မိုင်းဖြစ်နေတာ။ သိပ်မကြာပါဘူး GE တပ်က မိုင်းကို လာရှင်းသွားတယ်” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အလားတူ လှိုင်သာယာမြို့နယ် အမကကျောင်းတွင် လက်လုပ်မိုင်းတွေ့ရှိမှုဖြစ်စဉ်တွင်လည်း တပ်မတော် မိုင်းရှင်းလင်းရေးတပ်မှ လာရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိတွင် ကျောင်းများဖွင့်၍ စာသင်ကျောင်းများတွင် စာသင်ကြားခြင်းကို ရပ်တံ့ရန်အတွက် အကြမ်းဖက် သမားများက စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲမှုများကို ပြုလုပ်လျက်ရှိပါတယ်။

 

#PeopleMedia #စာသင်ကျောင်း #လက်လုပ်မိုင်း

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post