• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန် တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန် တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ တောင်းဆို

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ (People Media)

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိမ်းအပါအဝင် အစိုးရ အဖွဲ့ဝင်များအား ဖမ်းဆီးထားမှုကို အမြန်ဆုံးလွှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) မှ ဖေဖော်ဝါရီ ၁၁ ရက်ပါ ရက်စွဲဖြင့်ထုတ်ပြန်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေအရ မည်သည်ရဲဝန်ထမ်းမျှ ဖမ်းဝရမ်းပါရှိမှုမရှိပဲ ပြည်သူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ခွင့်မရှိကြောင်း ဖမ်းဆီးခေါ်ဆောင်ပါကလဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင့်မရှိကြောင်း ရာဇသတ်ကြီးဥပဒေအရ လူတစ်ယောက်ကို ၁၀ ရက်အထိ ဖြစ်စေ ကျော်လွန်၍ ဖြစ်စေ ဖမ်းဆီးထားခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အထက်ပါကဲ့သို့ ပြဋ္ဌာန်းချက်များရှိပါသော်လည်း အဆိုပါကဲ့သို့ ကျူးလွန်နိုင်ရေးနှင့် ဥပဒေမဲ့ဖမ်းဆီးရန် အမိန့်ပေးသူ ပါဝင်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းအသီးသီးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) မှ ထုတ်ပြန်ထားသည်။

လက်ရှိ ဖမ်းဆီးခံထားရသော ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များစာရင်းတွင် ဦးဖြိုးမင်းသိန်း ၊ ဦးရဲမင်းဦး ၊ ဒေါ်မိုးမိုးစုကြည်၊ ဒေါ်နီလာကျော် ၊ ဦးနိုင်ငံလင်း ၊ နော်ပန်း သဉ္ဇာမျိုး ၊ လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဌများဖြစ်သည့် ဦးတင်မောင်ထွန်း နှင့် ဦးလင်းနိုင်မြင့် တို့ နှင့် ယနေ့အချိန်အထိ မိသားစုများနှင့်အဆက်အသွယ်ရရှိခြင်းမရှိသေးကြောင်း သိရသည်။

#PeopleMedia #CRYH
(unicode)
……………………………..






#PeopleMedia #CRYH


Share this post