• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အစီအစဥ္ျဖင့္ေရာင္းခ်ေသာ ေျမကြက္ ၁၉၇ ကြက္အနက္ ၆၉ ကြက္သာ က်သင့္ေငြမ်ား လာေရာက္ေပးသြင္းခဲ့

ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အစီအစဥ္ျဖင့္ေရာင္းခ်ေသာ ေျမကြက္ ၁၉၇ ကြက္အနက္ ၆၉ ကြက္သာ က်သင့္ေငြမ်ား လာေရာက္ေပးသြင္းခဲ့

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၈

ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အစီအစဉ္ျဖင့္ေရာင္းခ်ေသာ ေျမကြက္မ်ား ၁၉၇ကြက္ေရာင္းခ်ၿပီးေသာ္လည္း ၆၉ကြက္သာက်သင့္ေငြမ်ားလာေရာက္ေပးသြင္းခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ယေန႔ စိုက္ပ်ိဳး၊ေမြးျမဴေရး သစ္ေတာႏွင့္စြမ္းအင္၀န္ႀကီး ဦးဟံထြန္းကေျပာသည္။

ဒုတိယအႀကိမ္ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ၁၂ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး တတိယေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စိုက္ပ်ိဳး၊ေမြးျမဴေရး သစ္ေတာႏွင့္စြမ္းအင္၀န္ႀကီး ဦးဟံထြန္းကေ ျပာၾကားခဲ့သည္။

“ပထမအႀကိမ္ စီစစ္ေရာင္းခ်ခဲ့တဲ့ေျမကြက္ စုစုေပါင္းမွာ ၁၉၇ကြက္ျဖစ္ၿပီးေရာင္းခ်မႈကေန ေရာင္းခ်မႈကေန ရရန္ေငြမွာ က်ပ္ ၁၇၃၀၅၃၃၁ ၃၇ရျဖစ္ေသာ္လည္း ၆ရက္၈လ၂၀၂၀ရက္ေန႔အထိ ၀ယ္ယူခြင့္ရရွိသူမ်ားက ေရာင္းခ်ေျမကြက္ ၁၉၇ကြက္အနက္ ၆၉ကြက္သာက်သင့္ေငြလာေရာက္ေပးသြင္းခဲ့ၿပီး ေပးသြင္းေငြစုစုေပါင္းမွာ က်ပ္၅၈၃ ၄၇၁၂၅၂၅ျဖစ္ပါတယ္။ေငြေပးသြင္းျခင္းမရွိေသးတဲ့က်န္ေျမကြက္မ်ားကို ဇူလိုင္၃၀ရက္ေနာက္ဆုံး ထားေပးသြင္းရန္ေၾကညာခဲ့ၿပီး အခုအခ်ိန္မွာ ပထမအႀကိမ္ေရာင္းခ်မႈကို စာရင္းခ်ဳပ္ပိတ္သိမ္းေဆာင္ရြက္လ် က္ရွိပါတယ္’’ဟု ၎ကေျပာသည္။

ဒဂုံၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၂ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ် ေမးျမန္းသည့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အစီအစဉ္ျဖင့္ ေရာင္းခ်မည့္ေျမကြက္ ၅၀၀ေက်ာ္အတြက္ ေျမကြက္ ေလွ်ာက္လႊာရွင္မ်ားအား ေရာင္းခ်ေပးမည့္ေျမကြက္မ်ားအေနျဖင့္ မည္သည့္ၿမိဳ႕နယ္မ်ားတြင္တည္ရွိၿပီး စတင္ေရာင္းခ်ေပးမည့္ေန႔ရက္အားတိက်စြာသိရွိလိုပါေၾကာင္း၊ေနာက္ဆုံးျပည္သူမ်ားထံကရရွိသည့္ ေျမကြက္ေလွ်ာက္လႊာတန္ဖိုးစုစုေပါင္းမည္မွ်ရွိေၾကာင္း၊အဆိုပါေငြမ်ားအားမည္ကဲ့သို႔ဆက္လက္စီမံေဆာင္ရြက္ထားေၾကာင္းႏွင့္ ရရွိသည့္ေငြမ်ားအနက္တစ္စိတ္တစ္ေဒသအား ေျမယာေလ်ာ္ေၾကးအျဖစ္ေပးအပ္သြား မည္ဆိုသည့္ကိစၥမွန္၊မမွန္ သိရွိလိုပါေၾကာင္း ေမးျမန္းျခင္းအေပၚ ၀န္ႀကီး ဦးဟံထြန္းကေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေျမကြက္အဆိုျပဳေလွ်ာက္လႊာ၁၅၆၃၀ေစာင္ကို ၂၀၁၉ခုႏွစ္အတြင္းေရာင္းခ်ေပးခဲ့ၿပီး ေလွ်ာက္လႊာေရာင္း ခ်ေငြက်ပ္ ၁၅၆၃၀၀၀၀၀ ရရွိခဲ့ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့်ရောင်းချသော မြေကွက် ၁၉၇ ကွက်အနက် ၆၉ ကွက်သာ ကျသင့်ငွေများ လာရောက်ပေးသွင်းခဲ့
……………………………………………

ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့်ရောင်းချသော မြေကွက်များ ၁၉၇ကွက်ရောင်းချပြီးသော်လည်း ၆၉ကွက်သာကျသင့်ငွေများလာရောက်ပေးသွင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယနေ့ စိုက်ပျိုး၊မွေးမြူရေး သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကပြောသည်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၂ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး၊မွေးမြူရေး သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ေပြာကြားခဲ့သည်။

“ပထမအကြိမ် စီစစ်ရောင်းချခဲ့တဲ့မြေကွက် စုစုပေါင်းမှာ ၁၉၇ကွက်ဖြစ်ပြီးရောင်းချမှုကနေ ရောင်းချမှုကနေ ရရန်ငွေမှာ ကျပ် ၁၇၃၀၅၃၃၁ ၃၇ရဖြစ်သော်လည်း ၆ရက်၈လ၂၀၂၀ရက်နေ့အထိ ဝယ်ယူခွင့်ရရှိသူများက ရောင်းချမြေကွက် ၁၉၇ကွက်အနက် ၆၉ကွက်သာကျသင့်ငွေလာရောက်ပေးသွင်းခဲ့ပြီး ပေးသွင်းငွေစုစုပေါင်းမှာ ကျပ်၅၈၃ ၄၇၁၂၅၂၅ဖြစ်ပါတယ်။ငွေပေးသွင်းခြင်းမရှိသေးတဲ့ကျန်မြေကွက်များကို ဇူလိုင်၃၀ရက်နောက်ဆုံး ထားပေးသွင်းရန်ကြေညာခဲ့ပြီး အခုအချိန်မှာ ပထမအကြိမ်ရောင်းချမှုကို စာရင်းချုပ်ပိတ်သိမ်းဆောင်ရွက်လျ က်ရှိပါတယ်’’ဟု ၎င်းကပြောသည်။

ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ မေးမြန်းသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချမည့်မြေကွက် ၅၀၀ကျော်အတွက် မြေကွက် လျှောက်လွှာရှင်များအား ရောင်းချပေးမည့်မြေကွက်များအနေဖြင့် မည်သည့်မြို့နယ်များတွင်တည်ရှိပြီး စတင်ရောင်းချပေးမည့်နေ့ရက်အားတိကျစွာသိရှိလိုပါကြောင်း၊နောက်ဆုံးပြည်သူများထံကရရှိသည့် မြေကွက်လျှောက်လွှာတန်ဖိုးစုစုပေါင်းမည်မျှရှိကြောင်း၊အဆိုပါငွေများအားမည်ကဲ့သို့ဆက်လက်စီမံဆောင်ရွက်ထားကြောင်းနှင့် ရရှိသည့်ငွေများအနက်တစ်စိတ်တစ်ဒေသအား မြေယာလျော်ကြေးအဖြစ်ပေးအပ်သွား မည်ဆိုသည့်ကိစ္စမှန်၊မမှန် သိရှိလိုပါကြောင်း မေးမြန်းခြင်းအပေါ် ဝန်ကြီး ဦးဟံထွန်းကဖြေကြားခဲ့ခြင်းဖြစ်သည်။

မြေကွက်အဆိုပြုလျှောက်လွှာ၁၅၆၃၀စောင်ကို ၂၀၁၉ခုနှစ်အတွင်းရောင်းချပေးခဲ့ပြီး လျှောက်လွှာရောင်း ချငွေကျပ် ၁၅၆၃၀၀၀၀၀ ရရှိခဲ့ကြောင်းသိရသည်။

#PeopleMedia


Share this post