• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ညီညွှတ်သော တိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီကိုယ်စားလှယ်များတောင်းဆို


Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၁
 
 
 
 
 
 
 
(unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ညီညွှတ်သော တိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီကိုယ်စားလှယ်များတောင်းဆို
……………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၂၁
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းပေးရန် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းများက တောင်းဆိုလိုက်သည်။
 
COVID -19 ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်းမြို့ နယ်မပါ)၄၄ မြို့နယ်အား ရွေးကောက်ပွဲကျင်းပခြင်းရွှေ့ဆိုင်းရန် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါမှ အောက်တိုဘာ ၂၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရွေးကောက်ပွဲကျင်းပပါက ပြည်သူများ၏ကျန်းမာရေးအတွက်စိုးရိမ်ပူ ပန်မိကြောင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးသည် ဒုတိယ၊ ပြည်သူ့ကျန်းမာရေးသည်သာအဓိက ပထမဖြစ်ကြောင်းပါရှိသည်။
 
အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့် နယ်မြေစာရင်းကိုထုတ်ပြန်ကြေညာလိုက်ပြီး ၎င်းအထဲတွင် ရန်ကုန်တိုင်းဒေသကြီးပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။
 
သို့ဖြစ်ပါ၍ လွှတ်လပ်မျှတသောရွေးကောက်ပွဲကိုဦးတည်ပြီး ပွင့်လင်းမြင်သာမှုနှင့်တရားဝင်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင် (Stay at home)ထုတ်ပြန်ထားသော ၄၄ မြို့နယ်၏ ရွေးကောက်ပွဲကျင်း ပမည့်ရက်ကိုရွှေ့ဆိုင်းပေးပါရန် လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးတောင်းဆိုထားကြသည်။
 
#PeopleMedia #Political #ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ

Share this post