• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဘုရားမ်ားကို ဇူလိုင္လကုန္တြင္ ျပန္လည္ဖြင့္လွစ္မည္

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဘုရားမ်ားကို ဇူလိုင္လကုန္တြင္ ျပန္လည္ဖြင့္လွစ္မည္

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၈

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဘုရားမ်ားကို ဇူလိုင္လကုန္တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး သာသနာေရးမွဴး႐ုံးမွ ထုတ္ျပန္ထားသည္။

Covid-19 ေရာဂါကာလအတြင္း ဘုရား၊ ေစတီေတာ္မ်ားကို ပိတ္ထားၿပီး ယခုအခါ က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ဇူလိုင္လကုန္တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး Down Town အတြင္းရွိ ဘုရား၊ ေစတီမ်ားအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖဲြ႕လူမႈ ေရး၀န္ႀကီးဦးေဆာင္သည့္ စစ္ေဆးေရးအဖဲြ႕မွ ႀကီးၾကပ္စစ္ေဆးၿပီး ဖြင့္လွစ္သြားမွာျဖစ္သည္။

Down Town ျပင္ပရွိ ဘုရားမ်ားအား သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ားမွ covid -19 ေကာ္မတီ၀င္မ်ားျဖင့္ စစ္ေဆးေဆာင္ရြက္သြားမည္ျဖစ္သည္။

Covid -19 ကာလအတြင္း ဘုရားဖူးခြင့္ကို ဧၿပီလ ပထမအပတ္တြင္ စတင္ပိတ္သိမ္းခဲ့ၿပီး ဇူလိုင္လ ၃၀ ရက္ေန႔ တြင္ မူလအတိုင္း ဘုရားဖူးခြင့္ကို ျပန္လည္ဖြင့္လွစ္သြားမည္လည္းျဖစ္သည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရားများကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားများကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။

Covid-19 ရောဂါကာလအတွင်း ဘုရား၊ စေတီတော်များကို ပိတ်ထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး Down Town အတွင်းရှိ ဘုရား၊ စေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်သည်။

Down Town ပြင်ပရှိ ဘုရားများအား သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ covid -19 ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။

Covid -19 ကာလအတွင်း ဘုရားဖူးခွင့်ကို ဧပြီလ ပထမအပတ်တွင် စတင်ပိတ်သိမ်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ တွင် မူလအတိုင်း ဘုရားဖူးခွင့်ကို ပြန်လည်ဖွင့်လှစ်သွားမည်လည်းဖြစ်သည်။

#PeopleMedia


Share this post