• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီး၌ တစ္သီးကိုယ္စားလွယ္ေလာင္း (၃၂) ဦး ၀င္ေရာက္ယွဥ္ၿပိဳင္မည္

ရန္ကုန္တိုင္းေဒသႀကီး၌ တစ္သီးကိုယ္စားလွယ္ေလာင္း (၃၂) ဦး ၀င္ေရာက္ယွဥ္ၿပိဳင္မည္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၂

၂၀၂၀ ပါတီစုံ ေထြေထြေရြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌တစ္သီး ပုဂၢလ ကိုယ္စား လွယ္ေလာင္း (၃၂)ဦး ၀င္ေရာက္ယွဉ္ၿပိဳင္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္ေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၌၀င္ေရာက္မည့္ တစ္သီးပုဂၢိလ္ကိုယ္စားလွယ္ေလာင္းမ်ားသည္ ျပည္သူလႊတ္ေတာ္ကို ေနရာအတြက္ (၁၀)ဦး၊ အမ်ိဳးသားလႊတ္ေတာ္ေနရာအတြက္ (၁)ဦး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ေနရာအတြက္ (၁၈)ဦးနဲ႔ တိုင္းရင္သား ေရးရာေနရာ အတြက္ (၃)ဦး စုစုေပါင္း (၃၂)ဦး ၀င္ေရာက္ယွဉ္ၿပိဳင္မွာ ျဖစ္ပါတယ္။

အလားတူ ရန္ကုန္တိုင္းေဒသႀကီးရခိုင္တိုင္းရင္းသား ေရးရာဝန္ႀကီးေနရာ၌ ရခိုင္ႏိုင္ငံေရးသမား ေဒၚထုေမအပါအဝင္ အျခားေသာ ရခိုင္တိုင္းရင္းသားမ်ားလည္း ဝင္ေရာက္ယွဉ္ၿပိဳင္မွာ ျဖစ္ပါတယ္။

“ရခိုင္အေရးကိစၥကို ၂၀၀၃ခုႏွစ္ေလာက္ကတည္းက ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ ရခိုင္ေရးရာကိစၥေတြကို အမ်ားႀကီး ေဆာင္ရြက္ခဲ့တယ္။ ရခိုင္ဘာသာစကား သင္ၾကားႏိုင္မယ့္ ေက်ာင္းသုံးစာအုပ္ေတြ ျပဳစုခဲ့တယ္။ အဲ့ထက္ပိုၿပီး ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ ေရြးေကာက္ပြဲ၀င္ၿပိဳင္တာပါ”ဟု တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ေဒါက္တာစံလွေက်ာ္က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးေရြးေကာက္ပြဲ ေကာ္မရွင္စာရင္းမ်ားအရ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ႏိုင္ငံေရးပါတီ (၄၃)ပါတီမွ ျပည္သူလႊတ္ေတာ္ ေရာအတြက္ (၂၈၅)ဦး၊ အမ်ိဳးသားလႊတ္ေတာ္ ေနရာအတြက္ (၆၉)ဦး၊ တိုင္းေဒသႀကီး လႊတ္ေတာ္ေနရာအတြက္ (၅၅၄)ဦး တိုင္းရင္းမဲဆႏၵနယ္အတြက္ (၁၀)ဦး စုစုေပါင္း (၉၁၈)ဦး ရွိပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ဆႏၵမဲေပးခြင့္ရွိသူ အရည္အတြက္မွာ (၅၆)သိန္းေက်ာ္ ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေရြးကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားသည္။

Photo – MRTV

#PeopleMedia #2020election #UEC

(unicode)
ရန်ကုန်တိုင်းဒေသကြီး၌ တစ်သီးကိုယ်စားလှယ်လောင်း (၃၂) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၂

၂၀၂၀ ပါတီစုံ ထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌တစ်သီး ပုဂ္ဂလ ကိုယ်စား လှယ်လောင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်ဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၌ဝင်ရောက်မည့် တစ်သီးပုဂ္ဂိလ်ကိုယ်စားလှယ်လောင်းများသည် ပြည်သူလွှတ်တော်ကို နေရာအတွက် (၁၀)ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် (၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် (၁၈)ဦးနဲ့ တိုင်းရင်သား ရေးရာနေရာ အတွက် (၃)ဦး စုစုပေါင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာ၌ ရခိုင်နိုင်ငံရေးသမား ဒေါ်ထုမေအပါအဝင် အခြားသော ရခိုင်တိုင်းရင်းသားများလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

“ရခိုင်အရေးကိစ္စကို ၂၀၀၃ခုနှစ်လောက်ကတည်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ရခိုင်ရေးရာကိစ္စတွေကို အများကြီး ဆောင်ရွက်ခဲ့တယ်။ ရခိုင်ဘာသာစကား သင်ကြားနိုင်မယ့် ကျောင်းသုံးစာအုပ်တွေ ပြုစုခဲ့တယ်။ အဲ့ထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်တာပါ”ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာစံလှကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နိုင်ငံရေးပါတီ (၄၃)ပါတီမှ ပြည်သူလွှတ်တော် ရောအတွက် (၂၈၅)ဦး၊ အမျိုးသားလွှတ်တော် နေရာအတွက် (၆၉)ဦး၊ တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် (၅၅၄)ဦး တိုင်းရင်းမဲဆန္ဒနယ်အတွက် (၁၀)ဦး စုစုပေါင်း (၉၁၈)ဦး ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရည်အတွက်မှာ (၅၆)သိန်းကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကာက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Photo – MRTV

#PeopleMedia #2020election #UEC


Share this post