• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ရှိ  ၃၁ မြို့နယ်ကို လူ ၅ ဦးထက်ပိုမစုဝေးရ၊ ညမထွက်ရဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ရှိ  ၃၁ မြို့နယ်ကို လူ ၅ ဦးထက်ပိုမစုဝေးရ၊ ညမထွက်ရဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်နယ်နိမိတ်အတွင်းရှိ ၃၁ မြို့နယ်ကို လူ ၅ ဦးထက်ပိုမစုဝေးရ၊ ညမထွက်ရ ဥပဒေပုဒ်မ ၁၄၄ ကို အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ပြည်သူလူထုများအနက်မှ လူ အချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

 

ထို့ကြောင့် ယင်းကဲ့သို့ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဆောင် ရွက်စေနိုင်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့ နယ်မှအပ ကျန်မြို့နယ် ၃၁ မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြု လုပ်ရန် တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည့် ၃၁ မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဥ က္ကလာပ၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ ရန်ကင်း၊ သာကေတ၊ ဒဂုံမြို့သစ်(တောင်းပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ လမ်းမတော်၊ လသာ၊ အလုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင် သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေပြည်သာမြို့နယ်တို့ဖြစ်သည်။

 

အလားတူ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှ အပ ကျန်မြို့နယ် ၃၁ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့် ဆိုင်သောနေရာများ၌ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ စုဝေးခြင်းမပြု လုပ်ရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #ပုဒ်မ၁၄၄ #ထုတ်ပြန်ချက်

 

(unicode)


………………………………………………………………………………

 


 


 


 


 


 


 



Share this post