• Follow Us on
Latest News

Home ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ရခိုင်စစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် ၁၀ ဦးခန့် ကိုဗစ်ပိုး ကူးစက်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ရခိုင်စစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် ၁၀ ဦးခန့် ကိုဗစ်ပိုး ကူးစက်

Share this post

နေပြည်တော်၊ သြဂုတ် ၁၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ ဝက်အင်းပေါက်ကျေးရွာရှိ ရခိုင်စစ်ဘေးရှောင် စခန်းတွင် ကလေးငယ် ၃ ဦးနှင့် လူကြီး ၇ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံနေရကြောင်း သိရပါတယ်။

 

လှည်းကူးမြို့၊ ရခိုင်စစ်ဘေးရှောင်စခန်းရှိ သံသယရှိသူ လူနာ  ၄၃ ဦးကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် ကလေး ၃ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦးတွင် ရောဂါပိုးတွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“ကိုဗစ်ကူးစက်မှုမှာ ၁၀ နှစ်အောက်ကလေးအပါအဝင် စုစုပေါင်း ၁၀ ယောက်ကူးစက်ခံရတယ်” ဟု ရခိုင်စစ် ဘေးရှောင်စခန်းမှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

 

လှည်းကူးမြို့၊ ရခိုင်စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ကူးစက်သူ ကလေးက ၃ ယောက်၊ အမျိုးသမီးက ၃ ယောက်၊ အမျိုးသားက ၄ ယောက်ဖြစ်တယ်”လို့ ရခိုင်စစ်ဘေးရှောင်မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါ တယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ ဝက်အင်းပေါက်ကျေးရွာရှိ ရခိုင်စစ်ဘေး ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်ရှိပြီး၊ လူဦးရေ ၉၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #COVID #လှည်းကူး

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post