• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်မည့် PR စနစ် ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီ ၅၀ ကျော် စာရင်းပေးထား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်မည့် PR စနစ် ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီ ၅၀ ကျော် စာရင်းပေးထား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

 

ရန်ကုန်မြို့တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်မည့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီ ၅၀ ကျော် စာရင်းပေးထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲ၌ လာမည့် ရွေးကောက်ပွဲ၌ ကျင့်သုံးမည့် PR စနစ်အပေါ် UEC နှင့် တက်ရောက်မည့် နိုင်ငံရေးပါတီများ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

နိုဝင်ဘာ ပထမအပတ်တွင် ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၉၀ ကျော် ဖိတ်ကြားမှုပြုလုပ်ခဲ့ သော်လည်း နိုင်ငံရေးပါတီ ၅၀ ကျော်မှာ တက်ရောက်ရန် အကြောင်းကြားထားပါတယ်။

 

“အကြမ်းဖျဉ်းကတော့ နိုင်ငံရေးပါတီ ၅၂ ပါတီတော့ တက်လိမ့်မယ်။ ဖိတ်တာကတော့ နိုင်ငံရေးပါတီ အကုန် လုံးကို ဖိတ်ထားတာပါ အဲ့ဒီထဲက ၅၂ ပါတီက တက်ရောက်မယ်လို့ အကြောင်းပြန်ထားပါတယ်။ တကယ်တက် တဲ့ စာရင်းကတော့ အဲ့ဒီနေ့ရောက်ရင် ပိုပြီးတော့ သိရပါမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်မည် PR စနစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်မည့်သူများအနေဖြင့်လည်း လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Electronic Device များခန်းမအတွင်းသို့ ယူဆောင်လာခြင်းမပြုရန် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ ကန့်သတ်ထားပါတယ်။

 

အလားတူ လာမည့် ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးရန် မူအားဖြင့် သဘောတူထားကြောင်း န-စ-ကဥက္ကဋ္ဌက ပြောဆိုမှု ပြုလုပ်ထားပြီးဖြစ်ပါတယ်။

 

#PeopleMedia #PR #UEC

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

အလားတူ လာမည့ျ ရှေးကောကျပှဲ၌ PR စနဈကငြ့ျသုံးရနျ မူအားဖွင့ျ သဘောတူထားကွောငျး န-စ-ကဥက်ကဋ်ဌက ပွောဆိုမှု ပွုလုပျထားပွီးဖွဈပါတယျ။

 

#PeopleMedia #PR #UEC


Share this post