• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီး အလံုၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ တရားမ၀င္ပိေတာက္ ခြဲသားသစ္မ်ား ဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီး အလံုၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ တရားမ၀င္ပိေတာက္ ခြဲသားသစ္မ်ား ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၀

ရန္ကုန္တိုင္းေဒသႀကီး၊ အလံုၿမိဳ႕နယ္ MIP ဆိပ္ကမ္းအတြင္းရပ္တန္႔ထားသည္ ေမာ္ေတာ္ယာဥ္အမွတ္ YGN5/ A9600 NISSAN Diesel အဝါေရာင္ ကုန္ေသတၱာယာဥ္အတြင္းမွ တရားမ၀င္ပိေတာက္ခြဲသားသစ္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းသစ္ေတာဦးစီးဌာနမွသတင္းရရွိသည္။

ဖမ္းဆီးရမိသည့္ တရားမ၀င္ပိေတာက္ခြဲသားမ်ားမွာ ၁၀တန္ခန္႔ရွိၿပီး တရားခံႏွစ္ဦးကိုလည္း ဖမ္းဆီးရမိခဲ့ကာ သက္ဆိုင္ရာရဲစခန္းတြင္ တရားခံမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးေဆာင္ရြက္လ်က္ ရွိေၾကာင္းလည္း သစ္ေတာဦးစီးဌာနမွသတင္းထုတ္ျပန္ထားသည္။

အထက္ပါဖမ္းဆီးရမိမႈမ်ားကို ယခုလ ၉ ရက္က သစ္ေတာဦးစီးဌာမႏွၫႊန္ၾကားေရးမွဴးဦးေဆာင္ေသာ သစ္ ေတာ၀န္ထမ္းမ်ား၊ျပည္ပပို႔သစ္ေတာထြက္ ပစၥစိစစ္ေထာက္ခံခ်က္ျပဳေရးအဖြဲ႕မွ သစ္ေတာ၀န္ထမ္းမ်ား၊ အေကာက္အခြန္ဦးစီးဌာန၊ မူးယစ္အထူးတပ္ဖြဲ႕၀င္မ်ား၊ ေရေၾကာင္းရဲတပ္ဖြဲ႕၀င္မ်ား သတင္းရဲတပ္ဖြဲ႔၀င္မ်ား ပူးေပါင္းဖမ္းဆီးခဲ့ျခင္းလည္းျဖစ္သည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးနှင့် တရားမဝင်ပိတောက် ခွဲသားသစ်များ ဖမ်းဆီးရမိ
………………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် MIP ဆိပ်ကမ်းအတွင်းရပ်တန့်ထားသည် မော်တော်ယာဉ်အမှတ် YGN5/ A9600 NISSAN Diesel အဝါရောင် ကုန်သေတ္တာယာဉ်အတွင်းမှ တရားမဝင်ပိတောက်ခွဲသားသစ်များ ဖမ်းဆီးရမိခဲ့ကြောင်းသစ်တောဦးစီးဌာနမှသတင်းရရှိသည်။

ဖမ်းဆီးရမိသည့် တရားမဝင်ပိတောက်ခွဲသားများမှာ ၁၀တန်ခန့်ရှိပြီး တရားခံနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကာ သက်ဆိုင်ရာရဲစခန်းတွင် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက် ရှိကြောင်းလည်း သစ်တောဦးစီးဌာနမှသတင်းထုတ်ပြန်ထားသည်။

အထက်ပါဖမ်းဆီးရမိမှုများကို ယခုလ ၉ ရက်က သစ်တောဦးစီးဌာမနှညွှန်ကြားရေးမှူးဦးဆောင်သော သစ် တောဝန်ထမ်းများ၊ပြည်ပပို့သစ်တောထွက် ပစ္စစိစစ်ထောက်ခံချက်ပြုရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ အကောက်အခွန်ဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ သတင်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

#PeopleMedia


Share this post