• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃ မြို့နယ်ရှိ စားဝတ်နေရေးအခက်အခဲရှိသူများကို WFP မှ ဆန်အိတ် ၈ သိန်း ၇ သောင်းကျော် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃ မြို့နယ်ရှိ စားဝတ်နေရေးအခက်အခဲရှိသူများကို WFP မှ ဆန်အိတ် ၈ သိန်း ၇ သောင်းကျော် လှူဒါန်း

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃၀ (People Media)

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စားဝတ်နေရေးအခက်အခဲရှိသူများ အများဆုံးနေထိုင်လျက်ရှိ သည့် ရွှေပြည်သာ၊ မြောက်ဥက္ကလာပနှင့် ဒဂုံဆိပ်ကမ်းစသည့် အရပ်ဒေသများမှ လူဦးရေ ၈ သိန်း ၇ သောင်း ကျော်အတွက် ဆန်အိတ်ပေါင်း ၈ သိန်း ၇ သောင်းကျော်ကို မေလမှ နိုဝင်ဘာလအတွင်း လှူဒါန်းမှုပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်နှင့် အောင် မြေသာဇံမြို့နယ်များရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း တစ်သန်းကျော်ကို အကူအညီများထောက်ပံ့ပေးနိုင်ခဲ့ ကြောင်း WFP မှ ထုတ်ပြန်ထားပါတယ်။

 

ထိုအပြင် ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံရသူ လူဦးရေ ၃၆၀,၀၀၀ တို့ကို လစဉ် စား နပ်ရိက္ခာနှင့်/သို့မဟုတ် ငွေသား အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ထိ ခိုက်လွယ်သူများကို ကူညီထောက်ပံ့မှုများပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း ထုတ် ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS)နှင့် ပူးပေါင်း၍ မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး၊ သတ်မှတ်ဒေသများရှိ ထိခိုက်လွယ်သူများလက်ဝယ်သို့ ဆန်ရိက္ခာများ တိုက်ရိုက်သေချာစွာရောက်ရှိအောင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။

 

Photo – WFP

 

#PeopleMedia #WFP #ရန်ကုန်

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – WFP

 



Share this post