• Follow Us on

Home ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းအတြင္းရွိ အိမ္တြင္းအၾကမ္းဖက္ခံရသည့္ အမ်ိဳးသမီးမ်ားအတြက္ LCM အဖြဲ႕မွ ေငြေၾကးေထာက္ပံ့မည္

ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းအတြင္းရွိ အိမ္တြင္းအၾကမ္းဖက္ခံရသည့္ အမ်ိဳးသမီးမ်ားအတြက္ LCM အဖြဲ႕မွ ေငြေၾကးေထာက္ပံ့မည္

Share this post

ရန္ကုန္၊ ဇြန္ ၅

အိမ္တြင္းအၾကမ္းဖက္မႈမ်ားေလ်ာ့ခ်ေရးအတြက္ ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းအတြင္းရွိ အိမ္တြင္းအၾကမ္းဖက္ ခံရျခင္းႏွင့္ အၾကမ္းဖက္ခံရႏိုင္ေျခရွိသည့္အမ်ိဳးသမီးမ်ားကို အားေငြေၾကးေထာက္ပံ့ျခင္းအစီအစဥ္တစ္ရပ္ကို ဥပေဒေရးရာကုစားေရးအဖြဲ႕(ျမန္မာ)(Legal Clinic Myanmar)LCM အဖြဲ႕မွ ျပဳလုပ္သြားမည္ျဖစ္သည္။

အဆိုပါအစီအစဥ္ကို ယခုလအတြင္း ျပဳလုပ္သြားမည္ျဖစ္ၿပီး အမ်ိဳးသမီးဦးေရ ၃၀၀ နီးပါစးခန္႔ကို ေထာက္ပံ့ေပး အပ္သြားမည္ျဖစ္ေၾကာင္းလည္း LCM အဖြဲ႕ဒါ႐ိုက္တာေဒၚလွလွရီက People Media သို႔ေျပာသည္။

“အဓိကရည္ရြယ္ခ်က္ကေတာ့ ကၽြန္မတို႔႐ုံးမွာက အရင္တုန္းကတည္းက အိမ္တြင္းအၾကမ္းဖက္ခံရသူမ်ားနဲ႔ က်ားမအေျချပဳအၾကမ္းဖက္ခံရသူမ်ားအတြက္ တရားရင္ဆိုင္ေနစဥ္အတြင္း အဆင္ေျပေစရန္ ေငြေၾကးလူူမႈ ေထာက္ပံ့ေပးတဲ့အစီအစဥ္က အရင္ကတည္းကရိွထားၿပီးသားပါ။ ယခု COVID-19 ကူးစက္ေရာဂါကာလ အတြင္း ကၽြန္မတို႔႐ုံးရဲ႕ အခ်က္အလက္အရ အိမ္တြင္းအၾကမ္းဖက္မႈ ရာခိုင္ႏူန္းကတိုးလာတာေတြ႕ရတယ္ ဒါေၾကာင့္ အိမ္တြင္းအၾကမ္းဖက္ခံရမႈေၾကာင့္ အမႈရင္ဆိုင္ေနရတဲ့အမ်ိဳးသမီးမ်ား၊ အိမ္တြင္းအၾကမ္းဖက္ခံ ရသူမ်ား၊ အိမ္တြင္းအၾကမ္းဖက္မႈခံရႏိုင္ေသာအမ်ိဳးသမီးမ်ားနဲ႔ အလုပ္လက္မဲ့ျဖစ္ျခင္းေၾကာင့္ ဝင္ေငြထိခိုက္ကာ စားဝတ္ေနေရးခက္ခဲေသာအိမ္ေထာင္ဝင္ အမ်ိဳးသမီးမ်ားအား ေငြေၾကးေထာက္ပံ့ေပးျခင္းျဖင့္ ေထာက္ပံ့ေငြရရွိ ေသာအမ်ိဳးသမီး၏မိသားစုမွ တစ္ခ်ိဳ႕စားဝတ္ေနေရးကိစၥမ်ား အဆင္ေျပအေထာက္အကူျဖစ္ေစၿပီး စိတ္ဖိစီးမႈ မ်ားအား ေလ်ာ့ခ်ေစရန္နဲ႔ အိမ္တြင္းအၾကမ္းဖက္မႈမ်ားႏွင့္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမ်ားအား ေလ်ာ့ က်၊ တားဆီး၊ ကာကြယ္ေရးကို တဖက္တစ္လမ္းမွ ကာကြယ္ႏိုင္ေစရန္ ရည္ရြယ္ပါတယ္”ဟု ေဒၚလွလွရီက PeopleMedia သို႔ေျပာသည္။

LCM အဖြဲ႕အေနျဖင့္ ေထာက္ပံ့ေၾကးကို ယခုလအတြင္း ေပးအပ္သြားမည္ျဖစ္ၿပီး အဖြဲ႕တာ၀န္ရွိသူမ်ား ရပ္/ ေက်းေထြအုပ္မ်ားႏွင့္ LCM ႐ုံး၏ ရပ္ရြာဥပေဒအေထာက္အကူျပဳသူမ်ားပူးေပါင္းၿပီး ေပးရမည့္သူမ်ားစာရင္း ကိုေကာက္ခံေနေၾကာင္းႏွင့္ LCM အဖြဲ႕ကို ဆက္သြယ္လိုပါက ဖုန္း ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉ တို႔ကို ဆက္သြယ္ စံုစမ္းႏိုင္ေၾကာင္းလည္းသိရသည္။

ဥပေဒေရးရာကုစားေရးအဖြဲ႕(ျမန္မာ) LCM အေနျဖင့္ အမ်ိဳးသမီးတစ္ဦးလွ်င္ ေငြေၾကး ရွစ္ေသာင္းက်ပ္မွ က်ပ္ တစ္သိန္းအထိ ေထာက္ပံ့ေပးအပ္သြားမည္လည္းျဖစ္သည္။ ဥပေဒေရးရာကုစားေရးအဖြဲ႕(ျမန္မာ) LCMသည္ -တရားဥပေဒလမ္းေၾကာင္းအရ ေရွ႕ေနမ်ားႏွင့္ အခမဲ့တိုင္ပင္ေဆြးေႏြးအႀကံဉာဏ္ရယူႏိုင္ျခင္း၊ အမွန္တကယ္ နစ္နာသူမ်ားဘက္မွ တရားမွ်တမႈရရွိေအာင္ အခမဲ့ေရွ႕ေနလိုက္ပါ‌‌ေဆာင္ရြက္ေပးျခင္း၊ အမ်ိဳးသမီး၊ ကေလး၊ မသန္စြမ္း၊ ေဘးဖယ္ခံရသူမ်ားအုပ္စုႏွင့္ ထိခိုက္ခံစားလြယ္ေသာအုပ္စုတို႔၏ တရားမွ်တမႈအတြက္ အခမဲ့ ေရွ႕ေနလိုက္ပါေဆာင္ရြက္ေပးျခင္း၊ အိမ္တြင္းအၾကမ္းဖက္ခံရသူမ်ားအေနျဖင့္ ယုံၾကည္စြာ ရင္ဖြင့္ႏိုင္ၿပီး ဥပေဒ လမ္းေၾကာင္းအရ တိုင္ပင္ေဆြးေႏြးကူညီေပးျခင္း၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ၊ မုဒိမ္းမႈ၊ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္မ်ားအေပၚ အၾကမ္းဖက္က်ဴးလြန္ခံရသူမ်ားအတြက္ ဥပေဒအရ အခမဲ့ လိုက္ပါေဆာင္ရြက္ေပး ျခင္းတို႔ကိုေဆာင္ရြက္ေပးလွ်က္ရွိသည့္အဖြဲ႕အစည္းတစ္ရပ္လည္းျဖစ္သည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ အိမ်တွင်းအကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် LCM အဖွဲ့မှ ငွေကြေးထောက်ပံ့မည်
……………………………………………………

ရန်ကုန်၊ ဇွန် ၅

အိမ်တွင်းအကြမ်းဖက်မှုများလျော့ချရေးအတွက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ အိမ်တွင်းအကြမ်းဖက် ခံရခြင်းနှင့် အကြမ်းဖက်ခံရနိုင်ခြေရှိသည့်အမျိုးသမီးများကို အားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တစ်ရပ်ကို ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)(Legal Clinic Myanmar)LCM အဖွဲ့မှ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဦးရေ ၃၀၀ နီးပါစးခန့်ကို ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်းလည်း LCM အဖွဲ့ဒါရိုက်တာဒေါ်လှလှရီက People Media သို့ပြောသည်။

“အဓိကရည်ရွယ်ချက်ကတော့ ကျွန်မတို့ရုံးမှာက အရင်တုန်းကတည်းက အိမ်တွင်းအကြမ်းဖက်ခံရသူများနဲ့ ကျားမအခြေပြုအကြမ်းဖက်ခံရသူများအတွက် တရားရင်ဆိုင်နေစဉ်အတွင်း အဆင်ပြေစေရန် ငွေကြေးလူမှု ထောက်ပံ့ပေးတဲ့အစီအစဉ်က အရင်ကတည်းကရှိထားပြီးသားပါ။ ယခု COVID-19 ကူးစက်ရောဂါကာလ အတွင်း ကျွန်မတို့ရုံးရဲ့ အချက်အလက်အရ အိမ်တွင်းအကြမ်းဖက်မှု ရာခိုင်နူန်းကတိုးလာတာတွေ့ရတယ် ဒါကြောင့် အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် အမှုရင်ဆိုင်နေရတဲ့အမျိုးသမီးများ၊ အိမ်တွင်းအကြမ်းဖက်ခံ ရသူများ၊ အိမ်တွင်းအကြမ်းဖက်မှုခံရနိုင်သောအမျိုးသမီးများနဲ့ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့် ဝင်ငွေထိခိုက်ကာ စားဝတ်နေရေးခက်ခဲသောအိမ်ထောင်ဝင် အမျိုးသမီးများအား ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် ထောက်ပံ့ငွေရရှိ သောအမျိုးသမီး၏မိသားစုမှ တစ်ချို့စားဝတ်နေရေးကိစ္စများ အဆင်ပြေအထောက်အကူဖြစ်စေပြီး စိတ်ဖိစီးမှု များအား လျော့ချစေရန်နဲ့ အိမ်တွင်းအကြမ်းဖက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား လျော့ ကျ၊ တားဆီး၊ ကာကွယ်ရေးကို တဖက်တစ်လမ်းမှ ကာကွယ်နိုင်စေရန် ရည်ရွယ်ပါတယ်”ဟု ဒေါ်လှလှရီက PeopleMedia သို့ပြောသည်။

LCM အဖွဲ့အနေဖြင့် ထောက်ပံ့ကြေးကို ယခုလအတွင်း ပေးအပ်သွားမည်ဖြစ်ပြီး အဖွဲ့တာဝန်ရှိသူများ ရပ်/ ကျေးထွေအုပ်များနှင့် LCM ရုံး၏ ရပ်ရွာဥပဒေအထောက်အကူပြုသူများပူးပေါင်းပြီး ပေးရမည့်သူများစာရင်း ကိုကောက်ခံနေကြောင်းနှင့် LCM အဖွဲ့ကို ဆက်သွယ်လိုပါက ဖုန်း ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉ တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်းလည်းသိရသည်။

ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) LCM အနေဖြင့် အမျိုးသမီးတစ်ဦးလျှင် ငွေကြေး ရှစ်သောင်းကျပ်မှ ကျပ် တစ်သိန်းအထိ ထောက်ပံ့ပေးအပ်သွားမည်လည်းဖြစ်သည်။ ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) LCMသည် -တရားဥပဒေလမ်းကြောင်းအရ ရှေ့နေများနှင့် အခမဲ့တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူနိုင်ခြင်း၊ အမှန်တကယ် နစ်နာသူများဘက်မှ တရားမျှတမှုရရှိအောင် အခမဲ့ရှေ့နေလိုက်ပါ‌‌ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီး၊ ကလေး၊ မသန်စွမ်း၊ ဘေးဖယ်ခံရသူများအုပ်စုနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုတို့၏ တရားမျှတမှုအတွက် အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရသူများအနေဖြင့် ယုံကြည်စွာ ရင်ဖွင့်နိုင်ပြီး ဥပဒေ လမ်းကြောင်းအရ တိုင်ပင်ဆွေးနွေးကူညီပေးခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မုဒိမ်းမှု၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ကျူးလွန်ခံရသူများအတွက် ဥပဒေအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေး ခြင်းတို့ကိုဆောင်ရွက်ပေးလျှက်ရှိသည့်အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်သည်။

#PeopleMedia


Share this post