• Follow Us on
Latest News

Home ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၏ေဆာင္ရြက္ခ်က္မ်ား မွားယြင္းမႈႏွင့္ မေအာင္ျမင္မႈမ်ားရွိခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေျပာဆို

ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၏ေဆာင္ရြက္ခ်က္မ်ား မွားယြင္းမႈႏွင့္ မေအာင္ျမင္မႈမ်ားရွိခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေျပာဆို

Share this post

ရန္ကုန္၊ ဇြန္ ၁၅

ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေနျဖင့္ ၎တာ၀န္ယူစဥ္ကာလအတြင္း ေဆာင္ရြက္ခ်က္ မ်ားတြင္ မွားယြင္းမႈႏွင့္ မေအာင္ျမင္မႈမ်ားရွိခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာဆိုၾကသည္။

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္အေနျဖင့္ တာ၀န္ယူစဥ္ကာလအတြင္း အေကာင္အထည္မေဖၚႏိုင္သည့္ စီမံကိန္းလုပ္ ငန္းမ်ားရွိခဲ့ေၾကာင္းလည္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက PeopleMedia သို႔ေျပာသည္။

ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚေမစိုးက ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းအေနျဖင့္ လုပ္ငန္းမ်ားကို အားႀကိဳးမာန္တက္လုပ္ေဆာင္ေသာ္လည္း မေအာင္ျမင္မႈမ်ားရွိခဲ့ေၾကာင္းေျပာသည္။

“၀န္ႀကီးခ်ဳပ္ကစတက္လာထဲက အားႀကိဳးမာန္တက္လုပ္တာပဲ၊ လုပ္တဲ့ထဲမွာ လုပ္ငန္းႀကီးေတြ မေအာင္ျမင္ခဲ့ တာလည္းရွိတယ္ေပါ႔ေနာ္၊ ေဆာင္ရြက္ခ်က္ေတြမွားယြင္းခဲ့တာလည္း ရွိေကာင္းရွိခဲ့တာေပါ႔ေနာ္” ဟု ဗိုလ္တစ္ ေထာင္ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးကေျပာသည္။

၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းလုပ္ေဆာင္ခ်က္မ်ားသည္ လႊတ္ေတာ္၏ သေဘာဆႏၵႏွင့္လည္း ကြဲလြဲမႈမ်ားစြာရွိေန ၿပီး စီမကိန္းမ်ားလည္းအေကာင္အထည္မေဖာ္ႏိုင္ေၾကာင္း တိုင္းေဒေသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦး ေက်ာ္ေဇယ်ကလည္းေျပာသည္။

“၀န္ႀကီးခ်ဳပ္က ေလးႏွစ္တာကာလအတြင္း လုပ္ေတာ့လုပ္ေနတာပဲ။ သူလုပ္တဲ့အရာေတြကလႊတ္ေတာ္ရဲ႕ သေဘာဆႏၵနဲ႔ အမ်ားႀကီးကြဲလြဲေနတယ္။ ညႇိႏႈိင္းမႈေတြက အမ်ားႀကီးအားနည္းတယ္၊ ဘာပဲျဖစ္ျဖစ္ စီမံကိန္းပဲ ျဖစ္ျဖစ္ ဘတ္ဂ်က္ပဲျဖစ္ျဖစ္ တျခားေသာဆုံးျဖတ္ခ်က္မ်ားပဲျဖစ္ျဖစ္ ဥပေဒျဖစ္ျဖစ္ စီမံကိန္းလြဲေနတယ္။ လႊတ္ ေတာ္နဲ႔အစိုးရ၊ အစိုးရနဲ႔ လႊတ္ေတာ္ ေပါင္းစပ္ညႇိႏႈိင္းမႈမ်ားအားနည္းတယ္။ လႊတ္ေတာ္မွာတင္ျပထားတဲ့ စီမံ ကိန္းႏွစ္ခုရွိတယ္၊ ထန္းတပင္နဲ႔ လွည္းကူး စက္မႈဇုံေဖာ္ထုတ္ေရးစီမံကိန္းမ်ားဟာလည္း ရပ္တန္႔ၿပီးေတာ့ ဆက္လက္ၿပီးေတာ့ေမွ်ာ္မွန္းထားတဲ့အတိုင္း ေအာင္ျမင္မႈမျဖစ္ဘူး။ ေလးႏွစ္တာကာလအတြင္းမွာ အေကာင္ အထည္ပီပီျပင္ျပင္ေပၚမလာဘူးဆိုတာေတြ႕ရတယ္” ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ ေဇယ်ကေျပာသည္။

က်င္းပၿပီးစီးခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ တပ္မေတာ္သားကိုယ္စားလွယ္မ်ား၊ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္မ်ားႏွင့္ အျခားပါတီအခ်ိဳ႕မွကိုယ္စားလွယ္မ်ားက ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦ္းၿဖိဳး မင္းသိန္းကို စြပ္စြဲပစ္တင္သည့္အဆိုတင္သြင္းခဲ့သည္။

ယခုလ ၁၈ ရက္တြင္ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အေရးေပၚအစည္းအေဝးကို က်င္းပျပဳလုပ္သြားမည္ ျဖစ္ၿပီး အဆိုပါအစည္းအေဝးတြင္ အထက္ပါအဆိုကို ေဆြးေႏြးသြားဖြယ္ရွိသည္။

#PeopleMedia

(unicode)
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ဆောင်ရွက်ချက်များ မှားယွင်းမှုနှင့် မအောင်မြင်မှုများရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များပြောဆို
…………………………………………………

ရန်ကုန်၊ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ၎င်းတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ချက် များတွင် မှားယွင်းမှုနှင့် မအောင်မြင်မှုများရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်မဖေါ်နိုင်သည့် စီမံကိန်းလုပ် ငန်းများရှိခဲ့ကြောင်းလည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက PeopleMedia သို့ပြောသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေဖြင့် လုပ်ငန်းများကို အားကြိုးမာန်တက်လုပ်ဆောင်သော်လည်း မအောင်မြင်မှုများရှိခဲ့ကြောင်းပြောသည်။

“ဝန်ကြီးချုပ်ကစတက်လာထဲက အားကြိုးမာန်တက်လုပ်တာပဲ၊ လုပ်တဲ့ထဲမှာ လုပ်ငန်းကြီးတွေ မအောင်မြင်ခဲ့ တာလည်းရှိတယ်ပေါ့နော်၊ ဆောင်ရွက်ချက်တွေမှားယွင်းခဲ့တာလည်း ရှိကောင်းရှိခဲ့တာပေါ့နော်” ဟု ဗိုလ်တစ် ထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကပြောသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလုပ်ဆောင်ချက်များသည် လွှတ်တော်၏ သဘောဆန္ဒနှင့်လည်း ကွဲလွဲမှုများစွာရှိနေ ပြီး စီမကိန်းများလည်းအကောင်အထည်မဖော်နိုင်ကြောင်း တိုင်းဒေသေကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ဇေယျကလည်းပြောသည်။

“ဝန်ကြီးချုပ်က လေးနှစ်တာကာလအတွင်း လုပ်တော့လုပ်နေတာပဲ။ သူလုပ်တဲ့အရာတွေကလွှတ်တော်ရဲ့ သဘောဆန္ဒနဲ့ အများကြီးကွဲလွဲနေတယ်။ ညှိနှိုင်းမှုတွေက အများကြီးအားနည်းတယ်၊ ဘာပဲဖြစ်ဖြစ် စီမံကိန်းပဲ ဖြစ်ဖြစ် ဘတ်ဂျက်ပဲဖြစ်ဖြစ် တခြားသောဆုံးဖြတ်ချက်များပဲဖြစ်ဖြစ် ဥပဒေဖြစ်ဖြစ် စီမံကိန်းလွဲနေတယ်။ လွှတ် တော်နဲ့အစိုးရ၊ အစိုးရနဲ့ လွှတ်တော် ပေါင်းစပ်ညှိနှိုင်းမှုများအားနည်းတယ်။ လွှတ်တော်မှာတင်ပြထားတဲ့ စီမံ ကိန်းနှစ်ခုရှိတယ်၊ ထန်းတပင်နဲ့ လှည်းကူး စက်မှုဇုံဖော်ထုတ်ရေးစီမံကိန်းများဟာလည်း ရပ်တန့်ပြီးတော့ ဆက်လက်ပြီးတော့မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုမဖြစ်ဘူး။ လေးနှစ်တာကာလအတွင်းမှာ အကောင် အထည်ပီပီပြင်ပြင်ပေါ်မလာဘူးဆိုတာတွေ့ရတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များနှင့် အခြားပါတီအချို့မှကိုယ်စားလှယ်များက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦ်းဖြိုး မင်းသိန်းကို စွပ်စွဲပစ်တင်သည့်အဆိုတင်သွင်းခဲ့သည်။

ယခုလ ၁၈ ရက်တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် အထက်ပါအဆိုကို ဆွေးနွေးသွားဖွယ်ရှိသည်။

#PeopleMedia


Share this post