• Follow Us on

Home ရန္ကုန္တုိင္းရွိ ၿမိဳ႕နယ္(၂၀)သည္ ျပည္သူ႔ေရွ႕ေဆာင္ပါတီအတြက္ အလားအလာေကာင္းေၾကာင္း ဒု-ဥကၠ႒ဆုိ

ရန္ကုန္တုိင္းရွိ ၿမိဳ႕နယ္(၂၀)သည္ ျပည္သူ႔ေရွ႕ေဆာင္ပါတီအတြက္ အလားအလာေကာင္းေၾကာင္း ဒု-ဥကၠ႒ဆုိ

Share this post

ရန္ကုန္၊ ဇြန္ – ၁၇

ရန္ကုန္တုိင္းရွိ ၿမိဳ႕နယ္(၂၀)သည္ ျပည္သူ႔ေရွ႕ေဆာင္ပါတီအတြက္ အလားအလာေကာင္းေၾကာင္း ပါတီဒု-ဥကၠ႒ျဖစ္သူ ဦးျမင့္ေမာင္ထြန္းက ေျပာဆုိလုိက္ပါတယ္။

“အထူးသျဖင့္ ရန္ကုန္တုိင္းမွာ ၿမိဳ႕နယ္ေပါင္း ၃၅ ၿမိဳ႕နယ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးစားေနပါတယ္။ အဲ့ဒီၿမိဳ႕နယ္ ေတြမွာ ၿမိဳ႕နယ္ ၂၀ ေလာက္ကေတာ့ အလားအလာရွိတဲ့ ၿမိဳ႕နယ္ေတြလုိ႔ ယူဆပါတယ္”လုိ႔ ဦးျမင့္ေမာင္ထြန္းက ေျပာပါတယ္။

ထုိ႔အတူ လက္ရွိပါတီကုိလည္း ေရြးခ်ယ္ဖုိ႔ဆႏၵမရွိဘူး။ အရင္ပါတီေတြကုိလည္း ေရြးခ်ယ္ဖုိ႔ ဆႏၵမရွိရန္ ျပည္သူ မ်ားအေနျဖင့္ ေရြးခ်ယ္ရန္ ျပည္သူ႔ေရွ႕ေဆာင္ပါတီရွိေနေၾကာင္း ဦးျမင့္ေမာင္ထြန္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္ ပါတီ႐ုံးဖြင့္ပြဲ၌ ေျပာဆုိလုိက္ပါတယ္။

အလားတူ ၂၀၂၀ ေရြးေကာက္ပြဲ၌ ျပည္သူ႔ေရွ႕ေဆာင္ပါတီသည္ တုိင္းေဒသႀကီးမ်ား၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ထားပါတယ္။

ထုိ႔အတူ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခုိင္၏ မဲဆႏၵနယ္ေျမျဖစ္သည္ ဒဂုံၿမိဳ႕နယ္၌ NLD ပါတီမွ ဦးရဲမင္းဦး(လက္ရွိ ရန္ကုန္တုိင္းအစုိးရစီမံဘ႑ာဝန္ႀကီး)က ဝင္ေရာက္ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။

#PeopleMedia #PPP #2020Election

(unicode)
ရန်ကုန်တိုင်းရှိ မြို့နယ်(၂၀)သည် ပြည်သူ့ရှေ့ဆောင်ပါတီအတွက် အလားအလာကောင်းကြောင်း ဒု-ဥက္ကဋ္ဌဆို
……………………………………………………

ရန်ကုန်၊ ဇွန် – ၁၇

ရန်ကုန်တိုင်းရှိ မြို့နယ်(၂၀)သည် ပြည်သူ့ရှေ့ဆောင်ပါတီအတွက် အလားအလာကောင်းကြောင်း ပါတီဒု-ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင်ထွန်းက ပြောဆိုလိုက်ပါတယ်။

“အထူးသဖြင့် ရန်ကုန်တိုင်းမှာ မြို့နယ်ပေါင်း ၃၅ မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီမြို့နယ် တွေမှာ မြို့နယ် ၂၀ လောက်ကတော့ အလားအလာရှိတဲ့ မြို့နယ်တွေလို့ ယူဆပါတယ်”လို့ ဦးမြင့်မောင်ထွန်းက ပြောပါတယ်။

ထို့အတူ လက်ရှိပါတီကိုလည်း ရွေးချယ်ဖို့ဆန္ဒမရှိဘူး။ အရင်ပါတီတွေကိုလည်း ရွေးချယ်ဖို့ ဆန္ဒမရှိရန် ပြည်သူ များအနေဖြင့် ရွေးချယ်ရန် ပြည်သူ့ရှေ့ဆောင်ပါတီရှိနေကြောင်း ဦးမြင့်မောင်ထွန်းက မြောက်ဥက္ကလာပမြို့နယ် ပါတီရုံးဖွင့်ပွဲ၌ ပြောဆိုလိုက်ပါတယ်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်သူ့ရှေ့ဆောင်ပါတီသည် တိုင်းဒေသကြီးများ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပါတယ်။

ထို့အတူ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်၏ မဲဆန္ဒနယ်မြေဖြစ်သည် ဒဂုံမြို့နယ်၌ NLD ပါတီမှ ဦးရဲမင်းဦး(လက်ရှိ ရန်ကုန်တိုင်းအစိုးရစီမံဘဏ္ဍာဝန်ကြီး)က ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

#PeopleMedia #PPP #2020Election


Share this post