• Follow Us on

Home ရန္ကုန္တုိင္းရွိ Stay at Home သတ္မွတ္ထားသည့္ အေျခခံလူတန္းစားအိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေငြေလး ေသာင္းက်ပ္ကို ေရြးေကာက္ပြဲမတုိင္မီ ေထာက္ပံ့ရန္ စီစဥ္ထားမႈ ေရြ႕ဆုိင္း

ရန္ကုန္တုိင္းရွိ Stay at Home သတ္မွတ္ထားသည့္ အေျခခံလူတန္းစားအိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေငြေလး ေသာင္းက်ပ္ကို ေရြးေကာက္ပြဲမတုိင္မီ ေထာက္ပံ့ရန္ စီစဥ္ထားမႈ ေရြ႕ဆုိင္း

Share this post

ရန္ကုန္၊ နို၀င္ဘာ – ၄
ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ Stay at Home သက္မွတ္ထားသည့္ အေျခခံလူတန္းစားအိမ္ေထာင္စု တစ္စုလွ်င္ က်ပ္ေငြေလးေသာင္းက်ပ္ကုိ ေရြးေကာက္ပြဲမတုိင္မီ ႏုိင္ငံေတာ္က ေထာက္ပံံရန္ စီစဥ္ထား ေသာ္လည္း မူလအစီစဥ္ကုိ ေရြ႕ဆုိင္းလုိက္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရွိ တုိင္းလႊတ္ေတာ္ကုိယ္စား လွယ္မ်ားက People Media ကုိ အတည္ျပဳေျပာဆုိသည္။
ထုိကဲ့သုိ႔ ေထာက္ပံ့မည့္အစီစဥ္ ေရြ႕ေျပာင္းလုိက္မႈႏွင့္ပတ္သက္၍ People Media က ရန္ကုန္တုိင္းေဒသႀကီး၊ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္ အမွတ္(၂)တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္းေဆြကုိ ဆက္သြယ္ေမးျမန္းရာ၌ ႏုိင္ငံေတာ္က က်ပ္ေငြေလးေသာင္းေထာက္ပံ့ရန္ စီစဥ္ထားေသာ္လည္း ေရြးေကာက္ပြဲၿပီးမွသာ ေထာက္ပံ့ရန္ စီစဥ္ထားေၾကာင္း ေျပာဆုိသည္။
အဆိုပါ အေျခခံလူတန္းစားမ်ားအတြက္ နိုင္ငံေတာ္မွ စတုတၳအႀကိမ္အျဖစ္ အိမ္ေထာင္စုတစ္စုလွ်င္ ေငြက်ပ္ ေလးေသာင္းႏႈန္းျဖင့္ သက္ဆိုင္ရာရပ္ကြက္မ်ားအလိုက္ ေငြေၾကးေထာက္ပံ့ရာတြင္ စနစ္တက်ရရွိေစေရး အတြက္ နို၀င္ဘာ ၄၊ ၅၊ ၆ ရက္ေန႔မ်ားတြင္ လိုက္လံေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း နို၀င္ဘာ ၃ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
ထုိကဲ့သုိ႔ေထာက္ပံ့မည့္ အစီစဥ္ကုိ သက္ဆုိင္ရာဝန္ႀကီးဌာနက ညႊန္ၾကားခဲ့ေသာ္လည္း အဆုိပါ ညႊန္ၾကား ခ်က္ကုိ ႏုိဝင္ဘာ(၃)ရက္ေန႔ ည(၁၀)နာရီ အခ်ိန္ခန္႔၌ ပယ္ဖ်က္လုိက္ျခင္းျဖစ္သည္။
“သူ႔ရဲ႕အေၾကာင္းၾကားစာမွာ ေ႐ြးေကာက္ပြဲကာလၿပီးမွလို႔ ေရးထားတယ္။ ဘယ္ေလာက္ထိၾကာမလဲေတာ့ မသိေသးဘူး။ ကြၽန္ေတာ္တို႔ေမးထားတယ္၊ အေၾကာင္းေတာ့မျပန္ေသးဘူး။ သူတို႔ကိုဘယ္လိုၫႊန္ၾကားတယ္ ဆိုတာေတာ့ မသိရဘူး။ ဒီစာလာလို႔ ကြၽန္ေတာ္က စာတင္လိုက္တဲ့အခါမွာ ျပည္သူေတြအေနနဲ႔ အခက္အခဲ ရွိမွာစိုးလို႔ ကြၽန္ေတာ္က ျပန္တင္ေပးလိုက္တာ။ ျပည္သူေတြက ခက္ခဲေနေတာ့ေလ။ ေ႐ြးေကာက္ပြဲၿပီးေတာ့ လည္း ျမန္ျမန္ေလးေပးဖို႔ပါ”ဟု ဆိပ္ႀကီး/ခေနာင္တိုၿမိဳ႕နယ္ တိုင္းေဒသႀကီးအမွတ္(၂)လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးသန္းေဆြမွ ေျပာသည္။
ထုိကဲ့သုိ႔ ေထာက္ပံ့မႈေရြ႕ဆုိင္းမႈႏွင့္ ပတ္သက္ၿပီး သီးျခားအတည္ျပဳႏိုင္ရန္ People Media က ရန္ကုန္တုိင္း ေဒသႀကီး ဒလၿမိဳ႕နယ္ တုိင္းအမွတ္(၂)လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေထြးတင္ကုိ ဆက္သြယ္ေမးျမန္းရာ “ဒီေန႔ေလးေသာင္းကိစၥကို မလုပ္ျဖစ္ဘူး။ ဒီေန႔ တစ္နာရီမွာျဖန႔္ေဝဖို႔ ပထမလုပ္မယ္ဆိုၿပီးအစည္းအေဝး လုပ္ေတာ့ ဒီေန႔မလုပ္ျဖစ္ဘူးဆိုတဲ့အတြက္ ကြၽန္ေတာ္တို႔လည္း ျပန္လာခဲ့တယ္။ အခုဟာက ေ႐ြးေကာက္ပြဲက ကပ္ေနၿပီေလ။ အဲဒါေၾကာင့္ ဒါကိုစီမံရမယ့္ လူေတြက အဆင္မေျပဘူး။ အုပ္ခ်ဳပ္ေရးပိုင္းေတြ၊ ၿမိဳ႕နယ္ကရပ္မိ၊ ရပ္ဖေတြကိုအကုန္ေခၚၿပီးေတာ့ ဘယ္လိုေဝေပးရမယ္ဆိုတဲ့ စာရင္းေတြလုပ္ရမွာျဖစ္တဲ့အတြက္ အခုခ်ိန္မွာ သူတို႔ေက်း႐ြာေတြမွာရွိတဲ့ လူႀကီးေတြကိုေခၚရမွာဆိုေတာ့ ခုေ႐ြးေကာက္ပြဲအတြက္ကို ျပင္ဆင္မႈေတြ အကုန္လုပ္ေနရၿပီ။ အဲဒါေၾကာင့္ ေ႐ႊ႕လိုက္ရတာလို႔ ကြၽန္ေတာ့္အေနနဲ႔ထင္တယ္”ဟု ဆိုသည္။
ထပ္မံၿပီး People Media က ေထြ/အုပ္တာဝန္ရွိသူတစ္ဦးထံ ဆက္သြယ္၍ အတည္ျပဳခ်က္ရယူရာ၌ Stay At Home သက္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစားအိမ္ေထာင္စုလွ်င္ က်ပ္ေငြေလးေသာင္း၊ Stay At Home သတ္မွတ္ထားမႈ မရွိသည့္ၿမိဳ႕နယ္မ်ား၌ ေနထုိင္သည့္ အေျခခံလူတန္းစားအိမ္ေထာင္စုလွ်င္ က်ပ္ေငြ ႏွစ္ေသာင္းကုိ ေရြးေကာက္ပြဲ အလြန္ကာလ၌ ေထာက္ပံ့ရန္ စီစဥ္ထားေၾကာင္းဆုိသည္။
#PeopleMedia #ေထာက္ပံ့ေငြ
(unicode)
ရန်ကုန်တိုင်းရှိ Stay at Home သတ်မှတ်ထားသည့် အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေလေး သောင်းကျပ်ကို ရွေးကောက်ပွဲမတိုင်မီ ထောက်ပံ့ရန် စီစဉ်ထားမှု ရွေ့ဆိုင်း
……………………………………………………
ရန်ကုန်၊ နိုဝင်ဘာ – ၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သက်မှတ်ထားသည့် အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေလေးသောင်းကျပ်ကို ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတော်က ထောက်ပံံရန် စီစဉ်ထား သော်လည်း မူလအစီစဉ်ကို ရွေ့ဆိုင်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းလွှတ်တော်ကိုယ်စား လှယ်များက People Media ကို အတည်ပြုပြောဆိုသည်။
ထိုကဲ့သို့ ထောက်ပံ့မည့်အစီစဉ် ရွေ့ပြောင်းလိုက်မှုနှင့်ပတ်သက်၍ People Media က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေကို ဆက်သွယ်မေးမြန်းရာ၌ နိုင်ငံတော်က ကျပ်ငွေလေးသောင်းထောက်ပံ့ရန် စီစဉ်ထားသော်လည်း ရွေးကောက်ပွဲပြီးမှသာ ထောက်ပံ့ရန် စီစဉ်ထားကြောင်း ပြောဆိုသည်။
အဆိုပါ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် သက်ဆိုင်ရာရပ်ကွက်များအလိုက် ငွေကြေးထောက်ပံ့ရာတွင် စနစ်တကျရရှိစေရေး အတွက် နိုဝင်ဘာ ၄၊ ၅၊ ၆ ရက်နေ့များတွင် လိုက်လံထောက်ပံ့ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ထောက်ပံ့မည့် အစီစဉ်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ညွှန်ကြားခဲ့သော်လည်း အဆိုပါ ညွှန်ကြား ချက်ကို နိုဝင်ဘာ(၃)ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်၌ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
“သူ့ရဲ့အကြောင်းကြားစာမှာ ရွေးကောက်ပွဲကာလပြီးမှလို့ ရေးထားတယ်။ ဘယ်လောက်ထိကြာမလဲတော့ မသိသေးဘူး။ ကျွန်တော်တို့မေးထားတယ်၊ အကြောင်းတော့မပြန်သေးဘူး။ သူတို့ကိုဘယ်လိုညွှန်ကြားတယ် ဆိုတာတော့ မသိရဘူး။ ဒီစာလာလို့ ကျွန်တော်က စာတင်လိုက်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ အခက်အခဲ ရှိမှာစိုးလို့ ကျွန်တော်က ပြန်တင်ပေးလိုက်တာ။ ပြည်သူတွေက ခက်ခဲနေတော့လေ။ ရွေးကောက်ပွဲပြီးတော့ လည်း မြန်မြန်လေးပေးဖို့ပါ”ဟု ဆိပ်ကြီး/ခနောင်တိုမြို့နယ် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ် စားလှယ် ဦးသန်းဆွေမှ ပြောသည်။
ထိုကဲ့သို့ ထောက်ပံ့မှုရွေ့ဆိုင်းမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ရန် People Media က ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် တိုင်းအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်ကို ဆက်သွယ်မေးမြန်းရာ “ဒီနေ့လေးသောင်းကိစ္စကို မလုပ်ဖြစ်ဘူး။ ဒီနေ့ တစ်နာရီမှာဖြန့်ဝေဖို့ ပထမလုပ်မယ်ဆိုပြီးအစည်းအဝေး လုပ်တော့ ဒီနေ့မလုပ်ဖြစ်ဘူးဆိုတဲ့အတွက် ကျွန်တော်တို့လည်း ပြန်လာခဲ့တယ်။ အခုဟာက ရွေးကောက်ပွဲက ကပ်နေပြီလေ။ အဲဒါကြောင့် ဒါကိုစီမံရမယ့် လူတွေက အဆင်မပြေဘူး။ အုပ်ချုပ်ရေးပိုင်းတွေ၊ မြို့နယ်ကရပ်မိ၊ ရပ်ဖတွေကိုအကုန်ခေါ်ပြီးတော့ ဘယ်လိုဝေပေးရမယ်ဆိုတဲ့ စာရင်းတွေလုပ်ရမှာဖြစ်တဲ့အတွက် အခုချိန်မှာ သူတို့ကျေးရွာတွေမှာရှိတဲ့ လူကြီးတွေကိုခေါ်ရမှာဆိုတော့ ခုရွေးကောက်ပွဲအတွက်ကို ပြင်ဆင်မှုတွေ အကုန်လုပ်နေရပြီ။ အဲဒါကြောင့် ရွှေ့လိုက်ရတာလို့ ကျွန်တော့်အနေနဲ့ထင်တယ်”ဟု ဆိုသည်။
ထပ်မံပြီး People Media က ထွေ/အုပ်တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်၍ အတည်ပြုချက်ရယူရာ၌ Stay At Home သက်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံလူတန်းစားအိမ်ထောင်စုလျှင် ကျပ်ငွေလေးသောင်း၊ Stay At Home သတ်မှတ်ထားမှု မရှိသည့်မြို့နယ်များ၌ နေထိုင်သည့် အခြေခံလူတန်းစားအိမ်ထောင်စုလျှင် ကျပ်ငွေ နှစ်သောင်းကို ရွေးကောက်ပွဲ အလွန်ကာလ၌ ထောက်ပံ့ရန် စီစဉ်ထားကြောင်းဆိုသည်။
#PeopleMedia #ထောက်ပံ့ငွေ


Share this post