• Follow Us on
Latest News

Home ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည့္ ျပည္ေထာင္စုဒီမိုကေရစီ(UDP) ပါတီ ဖ်က္သိမ္းခံရ၊ ပါတီဝင္မ်ား ျပည္သူ႔ပါတီသုိ႔ ကူးေျပာင္းမည္ဟုဆုိ

ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည့္ ျပည္ေထာင္စုဒီမိုကေရစီ(UDP) ပါတီ ဖ်က္သိမ္းခံရ၊ ပါတီဝင္မ်ား ျပည္သူ႔ပါတီသုိ႔ ကူးေျပာင္းမည္ဟုဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္-၁၄

ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္ရြက္ခဲ့ဖူးသည့္ ျပည္ေထာင္စု ဒီမိုကေရစီ (UDP) ပါတီကုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ပါတီမွတ္ပုံတင္ခြင့္ ဖ်က္သိမ္းလုိက္ပါတယ္။

ေရြးေကာက္ပြဲ ဥပေဒအရ ႏုိင္ငံေရးပါတီတစ္ရပ္သည္ အနည္းဆုံး မဲဆႏၵနယ္ (၃)ေနရာဝင္ေရာက္ယွဥ္ၿပိဳင္ရ မည္ျဖစ္ေသာ္လည္း UDP ပါတီသည္ ဝင္ေရာက္ယွဥ္ၿပိဳင္မႈ မရွိမႈေၾကာင့္ ပါတီ ဖ်က္သိမ္းခံရတာလည္း ျဖစ္ပါတယ္။

“အစ္ကိုတို႔က ၂၀၂၀ ခုႏွစ္မွာ ျပည္ေထာင္စု ဒီမိုကေရစီပါတီ(UDP)ကို ေရြးေကာက္ပြဲကို မဝင္ေတာ့ပဲနဲ႔ ပါတီေတြေပါင္းပစ္ဖို႔စိတ္ကူးထားတာ ျပည္ေထာင္စု ဒီမိုကေရစီပါတီကို ျပည္သူ႔ပါတီ နဲ႔ ေပါင္း အဲ့ဒီမွာ အစ္ကိုတို႔ ေရြးေကာက္ပြဲ ဝင္မယ့္ကိုယ္စားလွယ္မ်ားက ျပည္သူ႕ပါတီကေနၿပီးေတာ့ ဝင္မယ္လို႔ ျပင္ဆင္ခဲ့တာ” ဟု အတြင္းေရးမႉးျဖစ္သူ ဦးေသာင္း၀င္းက ေျပာပါတယ္။

ထုိကဲ့သုိ႔ ပါတီဖ်က္သိမ္းခံရေသာ UDP ပါတီဝင္မ်ားသည္ ျပည္သူ႔ပါတီဝင္မ်ားအျဖစ္ ဆက္လက္ရပ္တည္သြား မယ္လုိ႔ ပါတီေခါင္းေဆာင္ပုိင္းက ေျပာပါတယ္။

“အစ္ကိုတို႔က ပါတီဝင္ေတြအားလုံးရဲ႕ သေဘာထားနဲ႔ ပါတီကို ဖ်က္သိမ္းမယ္။ ၿပီးရင္ျပည္သူ႕ပါတီထဲကို ဝင္မယ္။ အစ္ကိုဆိုရင္လည္း ျပည္သူ႔ပါတီကေန ကိုယ္စားလွယ္ေလာင္းအျဖစ္နဲ႔ ေရြးေကာက္ပြဲဝင္ဖို႔လုပ္ထား တာ ဒါေပမယ့္ အဲ့ဒီဟာက တရားဝင္မလုပ္ျဖစ္ခဲ့လိုက္ဘူး”ဟု ဦးေသာင္း၀င္းက ေျပာပါတယ္။

UDP ပါတီကုိ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ျဖစ္သည့္ ဦးၿဖိဳးမင္းသိန္း စတင္တည္ေထာင္ခဲ့သလုိ ပါတီ၏ ဥကၠ႒အျဖစ္လည္း ထမ္းေဆာင္ခဲ့ပါတယ္။

ထုိ႔ေနာက္ ဦးၿဖိဳးမင္းသိန္းသည္ UDP ပါတီမွ တရားဝင္ ႏုတ္ထြက္ခဲ့ၿပီး NLD ပါတီသုိ႔ ကူးေျပာင္းခဲ့ပါတယ္။

#PeopleMedia #2020election #UDP

(unicode)
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ပြည်ထောင်စုဒီမိုကရေစီ(UDP) ပါတီ ဖျက်သိမ်းခံရ၊ ပါတီဝင်များ ပြည်သူ့ပါတီသို့ ကူးပြောင်းမည်ဟုဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ်-၁၄

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသည့် ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ်သည် အနည်းဆုံး မဲဆန္ဒနယ် (၃)နေရာဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်သော်လည်း UDP ပါတီသည် ဝင်ရောက်ယှဉ်ပြိုင်မှု မရှိမှုကြောင့် ပါတီ ဖျက်သိမ်းခံရတာလည်း ဖြစ်ပါတယ်။

“အစ်ကိုတို့က ၂၀၂၀ ခုနှစ်မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)ကို ရွေးကောက်ပွဲကို မဝင်တော့ပဲနဲ့ ပါတီတွေပေါင်းပစ်ဖို့စိတ်ကူးထားတာ ပြည်ထောင်စု ဒီမိုကရေစီပါတီကို ပြည်သူ့ပါတီ နဲ့ ပေါင်း အဲ့ဒီမှာ အစ်ကိုတို့ ရွေးကောက်ပွဲ ဝင်မယ့်ကိုယ်စားလှယ်များက ပြည်သူ့ပါတီကနေပြီးတော့ ဝင်မယ်လို့ ပြင်ဆင်ခဲ့တာ” ဟု အတွင်းရေးမှူးဖြစ်သူ ဦးသောင်းဝင်းက ပြောပါတယ်။

ထိုကဲ့သို့ ပါတီဖျက်သိမ်းခံရသော UDP ပါတီဝင်များသည် ပြည်သူ့ပါတီဝင်များအဖြစ် ဆက်လက်ရပ်တည်သွား မယ်လို့ ပါတီခေါင်းဆောင်ပိုင်းက ပြောပါတယ်။

“အစ်ကိုတို့က ပါတီဝင်တွေအားလုံးရဲ့ သဘောထားနဲ့ ပါတီကို ဖျက်သိမ်းမယ်။ ပြီးရင်ပြည်သူ့ပါတီထဲကို ဝင်မယ်။ အစ်ကိုဆိုရင်လည်း ပြည်သူ့ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့လုပ်ထား တာ ဒါပေမယ့် အဲ့ဒီဟာက တရားဝင်မလုပ်ဖြစ်ခဲ့လိုက်ဘူး”ဟု ဦးသောင်းဝင်းက ပြောပါတယ်။

UDP ပါတီကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သည့် ဦးဖြိုးမင်းသိန်း စတင်တည်ထောင်ခဲ့သလို ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။

ထို့နောက် ဦးဖြိုးမင်းသိန်းသည် UDP ပါတီမှ တရားဝင် နုတ်ထွက်ခဲ့ပြီး NLD ပါတီသို့ ကူးပြောင်းခဲ့ပါတယ်။

#PeopleMedia #2020election #UDP


Share this post