• Follow Us on

Home ရန္ကုန္တုိင္းအစုိးရအဖြဲ႕ဦးေဆာင္၍ ရွင္ဥပဂုတၱကုိယ္ေတာ္ျမတ္ ေဖာင္ေတာ္ေရခ်ပူေဇာ္ပြဲ လူစုလူေဝးျဖင့္ ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားဆုိ၊ ကိုိယ္ရဲ႕ဥပေဒကုိ ကုိယ္တုိင္လုိက္နာရန္လုိေၾကာင္း ဗုိလ္တေထာင္ ျပည္ သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေျပာဆုိ

ရန္ကုန္တုိင္းအစုိးရအဖြဲ႕ဦးေဆာင္၍ ရွင္ဥပဂုတၱကုိယ္ေတာ္ျမတ္ ေဖာင္ေတာ္ေရခ်ပူေဇာ္ပြဲ လူစုလူေဝးျဖင့္ ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားဆုိ၊ ကိုိယ္ရဲ႕ဥပေဒကုိ ကုိယ္တုိင္လုိက္နာရန္လုိေၾကာင္း ဗုိလ္တေထာင္ ျပည္ သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေျပာဆုိ

Share this post

ရန္ကုန္၊ ေမ – ၂၅

ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕ဦးေဆာင္၍ ရွင္ဥပဂုတၱကုိယ္ေတာ္ျမတ္ႀကီးေဖာင္ေတာ္ျဖင့္ ေရခ်ပူေဇာ္ပြဲကုိ ေမ(၂၄)ရက္ေန႔က ဗုိလ္တေထာင္ဆိပ္ကမ္းမွာ က်င္းပျပဳလုပ္ခဲ့ရာ၌ လူစုလူေဝးျဖင့္ ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံ မ်ားက ေျပာပါတယ္။

ထုိကဲ့သုိ႔ တုိင္းအစုိးရမွ လူစုလူေဝးျဖင့္ ဘာသာေရးအခမ္းအနားျပဳလုပ္ခဲ့သည့္အေပၚ ဗုိလ္တေထာင္ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေမစုိးက ေဝဖန္လုိက္ပါတယ္။

“ဒီကာလမွာ လူ ၅ ေယာက္ ထက္မစုရဆိုတဲ့ဟာက အခုထိရွိေနဆဲပဲမလား။ ထုတ္ထားတဲ့အမိန္႔ေတြကို မလိုက္ နာတဲ့သေဘာမွာရွိတယ္ေပါ့ေနာ္။ ျပည္သူေတြၾကရင္ေတာ့ Mask မတပ္ရင္ဘာလုပ္ရမယ္၊ ညာလုပ္ရမယ္အမိန္႔ ထုတ္တယ္ေပါ့ေနာ္။ လူမစုရဘူးဆိုၿပီးေတာ့ ဒါေပမယ့္ဒီပြဲေတြကို အစ္မအေနနဲ႔ တားတာမဟုတ္ဘူး။ လုပ္မယ္ ဆိုလည္း လူစုလူေဝးမျဖစ္ေအာင္အနည္းငယ္နဲ႔ လုပ္သင့္တယ္။ ကိုယ္ရဲ႕ဥပေဒကို ကိုယ္ကိုတိုင္လိုက္နာဖို႔လို တယ္” ဗုိလ္တေထာင္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေမစုိးက ေျပာပါတယ္။

အဆုိပါ အခမ္းအနားကုိ ရန္ကုန္တုိင္းဝန္ၾကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းအပါအဝင္ အစုိးရအဖြဲ႔ဝင္မ်ား တက္ေရာက္ခဲ့ၾက ပါတယ္။ လက္ရွိကာလသည္ COVID-19 ကာလျဖစ္ျခင္းေၾကာင့္ ျပည္ေထာင္စုအစုိးရအဖြဲ႕မွ COVID ကာ ကြယ္တားဆီးေရးအတြက္ ေမ(၃၁)ရက္အထိ လူစုလူေဝးမလုပ္ရန္ အမိန္႔ထုတ္ျပန္ထားၿပီး ဥပေဒခ်ဳိးေဖာက္ လွ်က္ တည္ဆဲဥပေဒမ်ားအရ အေရးယူမည္ျဖစ္ေၾကာင္း ဆုိပါတယ္။

လက္ရွိ COVID-19 ကာလ၌ တုိင္းအစုိးရအဖြဲ႔မွ ဦးေဆာင္၍ ဘာသာေရးအခမ္းအနားကုိ လူစုလူေဝးျဖင့္ က်င္း ပခဲ့သည့္အေပၚ ျပည္သူအခ်ဳိ႕က တုိင္းအစုိးရကုိ ေဝဖန္မႈျပဳလုပ္ၾကပါတယ္။

Photo – တုိင္းဝန္ႀကီးခ်ဳပ္

#PeopleMedia #COVID-19 #ရန္ကုန္တုိင္းအစုိးရအဖြဲ႕

(Unicode)
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဦးဆောင်၍ ရှင်ဥပဂုတ္တကိုယ်တော်မြတ် ဖောင်တော်ရေချပူဇော်ပွဲ လူစုလူဝေးဖြင့် ပြုလုပ်ခဲ့ကြောင်း ဒေသခံများဆို၊ ကိုယ်ရဲ့ဥပဒေကို ကိုယ်တိုင်လိုက်နာရန်လိုကြောင်း ဗိုလ်တထောင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ပြောဆို
……………………………………………

ရန်ကုန်၊ မေ – ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်၍ ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးဖောင်တော်ဖြင့် ရေချပူဇော်ပွဲကို မေ(၂၄)ရက်နေ့က ဗိုလ်တထောင်ဆိပ်ကမ်းမှာ ကျင်းပပြုလုပ်ခဲ့ရာ၌ လူစုလူဝေးဖြင့် ပြုလုပ်ခဲ့ကြောင်း ဒေသခံ များက ပြောပါတယ်။

ထိုကဲ့သို့ တိုင်းအစိုးရမှ လူစုလူဝေးဖြင့် ဘာသာရေးအခမ်းအနားပြုလုပ်ခဲ့သည့်အပေါ် ဗိုလ်တထောင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ဝေဖန်လိုက်ပါတယ်။

“ဒီကာလမှာ လူ ၅ ယောက် ထက်မစုရဆိုတဲ့ဟာက အခုထိရှိနေဆဲပဲမလား။ ထုတ်ထားတဲ့အမိန့်တွေကို မလိုက် နာတဲ့သဘောမှာရှိတယ်ပေါ့နော်။ ပြည်သူတွေကြရင်တော့ Mask မတပ်ရင်ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်အမိန့် ထုတ်တယ်ပေါ့နော်။ လူမစုရဘူးဆိုပြီးတော့ ဒါပေမယ့်ဒီပွဲတွေကို အစ်မအနေနဲ့ တားတာမဟုတ်ဘူး။ လုပ်မယ် ဆိုလည်း လူစုလူဝေးမဖြစ်အောင်အနည်းငယ်နဲ့ လုပ်သင့်တယ်။ ကိုယ်ရဲ့ဥပဒေကို ကိုယ်ကိုတိုင်လိုက်နာဖို့လို တယ်” ဗိုလ်တထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါတယ်။ လက်ရှိကာလသည် COVID-19 ကာလဖြစ်ခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ COVID ကာ ကွယ်တားဆီးရေးအတွက် မေ(၃၁)ရက်အထိ လူစုလူဝေးမလုပ်ရန် အမိန့်ထုတ်ပြန်ထားပြီး ဥပဒေချိုးဖောက် လျှက် တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ဆိုပါတယ်။

လက်ရှိ COVID-19 ကာလ၌ တိုင်းအစိုးရအဖွဲ့မှ ဦးဆောင်၍ ဘာသာရေးအခမ်းအနားကို လူစုလူဝေးဖြင့် ကျင်း ပခဲ့သည့်အပေါ် ပြည်သူအချို့က တိုင်းအစိုးရကို ဝေဖန်မှုပြုလုပ်ကြပါတယ်။

Photo – တိုင်းဝန်ကြီးချုပ်

#PeopleMedia #COVID-19 #ရန်ကုန်တိုင်းအစိုးရအဖွဲ့


Share this post