• Follow Us on

Home ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များကို တိုင်းဝန်ကြီးချုပ်မှ နှုတ်မိန့်ဖြင့် ဖွင့်ခွင့်ပေးလိုက်ကြောင်း စည် ပင်ကိုယ်စားလှယ်များပြောဆို


Share this post

ရန်ကုန်၊ မေ – ၁၈

 


 


 


 


 


 


 

(Unicode)

ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များကို တိုင်းဝန်ကြီးချုပ်မှ နှုတ်မိန့်ဖြင့် ဖွင့်ခွင့်ပေးလိုက်ကြောင်း စည် ပင်ကိုယ်စားလှယ်များပြောဆို
………………………………………………………………………………………………………

ရန်ကုန်၊ မေ – ၁၈

ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များကို တိုင်းဝန်ကြီးချုပ်မှ နှုတ်မိန့်ဖြင့် ဖွင့်ခွင့်ပေးလိုက်ကြောင်း စည် ပင်ကိုယ်စားလှယ်များ ပြောဆိုလိုက်ပါတယ်။

မေ(၁၈)ရက်၌ ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က နှုတ်မိန့်ဖြင့် ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။

“လက်ဖက်ရည်ဆိုင်တွေ ဖွင့်ခွင့်ပေးလိုက်တာပါ။ အစိုးရရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းချက်ကို ဆိုင်ရှင်တွေက လိုက်နာရမှာပါ။ ဘီယာဆိုင်တွေတော့ ဝန်ကြီးချုပ်ပြောတဲ့အထဲမှာ မပါပါဘူး”လို့ ရန်ကုန်မြို့တော်စည်ပင် ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

ယနေ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် စည်ပင်ကိုယ်စားလှယ်များတွေ့ဆုံမှု၌ တိုင်းအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့ တော် စည်ပင်ကိုယ်စားလှယ်များနှင့် မြို့နယ်ထွေအုပ်များ တက်ရောက်ခဲ့ကြသည်။

Photo Credit – တိုင်းဝန်ကြီးချုပ်

#PeopleMedia #ရန်ကုန်မြို့တော်စည်ပင်


Share this post