• Follow Us on

Home ရန္ကုန္တုိင္းေဒသႀကီးအစုိးရမွ ျပည္သူ႔ဘ႑ာေငြျဖင့္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားေၾကာင့္ အရင္းျပဳတ္မည့္အေနအထား ေတြ႕ႀကဳံေနရဟု ဦးေက်ာ္ေဇယ် လႊတ္ေတာ္တြင္ေျပာ

ရန္ကုန္တုိင္းေဒသႀကီးအစုိးရမွ ျပည္သူ႔ဘ႑ာေငြျဖင့္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားေၾကာင့္ အရင္းျပဳတ္မည့္အေနအထား ေတြ႕ႀကဳံေနရဟု ဦးေက်ာ္ေဇယ် လႊတ္ေတာ္တြင္ေျပာ

Share this post

ရန္ကုန္၊ ဇန္န၀ါရီ – ၂၁

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ျပည္သူ႔ဘ႑ာေငြမ်ားျဖင့္ ရင္းႏွီးမတည္ထားေသာကုမၸဏီမ်ား ျဖစ္သည့္ YUPT ကုမၸဏီႏွင့္ YBPC ကုမၸဏီမ်ားသည္ အ႐ုံးေပၚေနသည့္အတြက္ ျပည္သူ႔ဘ႑ာမ်ားသည္ အရင္းျပဳမည့္အေနအထားႏွင့္ ေတြ႕ႀကဳံေနရေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ဇန္နဝါရီ ၂၁ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ေသာ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ၁၁ ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေ၀း ဆ႒မေန႔တြင္ ရန္ကုန္တိုင္းစာရင္းစစ္ခ်ဳပ္အစီရင္ခံစာႏွင့္ပတ္သက္၍ ေဆြးေႏြးရာတြင္ ၎က အထက္ပါအတိုင္းထည့္သြင္းေဆြးေႏြးသြားျခင္းလည္း ျဖစ္သည္။

“၂၀၁၇-၂၀၁၈ ခုႏွစ္ အက်ဥ္းခ်ဳပ္ အစီရင္ခံစာမွာေတာ့ အရင္းျပဳတ္မယ့္ အေနအထားျဖစ္ေနတဲ့အတြက္ ဒါေလးေတြကို စနစ္တက်ႀကီးၾကပ္ဖို႔အတြက္ ကၽြန္ေတာ္အေနနဲ႔ တင္ျပလိုပါတယ္” ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။

ရန္ကုန္တိုင္းစာရင္းစစ္ခ်ဳပ္အစီရင္ခံစာႏွင့္ပတ္သက္၍ ေဆြးေႏြးရာတြင္ ယင္းသို႔ေထာက္ျပေဆြးေႏြးေနျခင္း သည္ အမွားမ်ားရွိပါက အမွန္ျဖစ္ေစရန္ႏွင့္ အရႈံးမ်ားရွိပါက အျမတ္ျပန္လည္ရရွိေအာင္ ျပန္လည္းေဆာင္ ရြက္ရန္ တင္ျပျခင္းျဖစ္သည္ဟုလည္း ဦးေက်ာ္ေဇယ်က ဆိုသည္။

“ရန္ကုန္တိုင္းေဒသႀကီးအစိုးရတစ္ရပ္အေနနဲ႔ သန္႔ရွင္းေသာအစိုးရ၊ ေကာင္းမြန္ေသာ အစိုးရတစ္ရပ္ျဖစ္ေရး အတြက္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီက သေဘာထားသုံးသပ္ခ်က္အတိုင္း အတိအက် လိုက္နာဖို႔တိုက္တြန္းလိုပါတယ္” ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။
ရန္ကုန္တိုင္းစာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာအရ YUPT ကုမၸဏီႏွင့္ YBPC ကုမၸဏီမ်ားတြင္ က်ပ္သန္းေပါင္း ၃၀၀ ေက်ာ္ အရႈံးေပၚေနၿပီး ရန္ကုန္ၿမိဳ႕စီမံကိန္းကုမၸဏီျဖစ္သည့္ NYDC တြင္ ေငြက်ပ္ ၁၀ ဘီလီယံ အရႈံးေပၚလ်က္ရွိ ေၾကာင္း သိရသည္။

ၿဖိဳးေအာင္

#PeopleMedia #Political

(Unicode)
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ပြည်သူ့ဘဏ္ဍာငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများကြောင့် အရင်းပြုတ်မည့်အနေအထား တွေ့ကြုံနေရဟု ဦးကျော်ဇေယျ လွှတ်တော်တွင်ပြော
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ရင်းနှီးမတည်ထားသောကုမ္ပဏီများ ဖြစ်သည့် YUPT ကုမ္ပဏီနှင့် YBPC ကုမ္ပဏီများသည် အရုံးပေါ်နေသည့်အတွက် ပြည်သူ့ဘဏ္ဍာများသည် အရင်းပြုမည့်အနေအထားနှင့် တွေ့ကြုံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းဆွေးနွေးသွားခြင်းလည်း ဖြစ်သည်။

“၂၀၁၇-၂၀၁၈ ခုနှစ် အကျဉ်းချုပ် အစီရင်ခံစာမှာတော့ အရင်းပြုတ်မယ့် အနေအထားဖြစ်နေတဲ့အတွက် ဒါလေးတွေကို စနစ်တကျကြီးကြပ်ဖို့အတွက် ကျွန်တော်အနေနဲ့ တင်ပြလိုပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းသို့ထောက်ပြဆွေးနွေးနေခြင်း သည် အမှားများရှိပါက အမှန်ဖြစ်စေရန်နှင့် အရှုံးများရှိပါက အမြတ်ပြန်လည်ရရှိအောင် ပြန်လည်းဆောင် ရွက်ရန် တင်ပြခြင်းဖြစ်သည်ဟုလည်း ဦးကျော်ဇေယျက ဆိုသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရတစ်ရပ်အနေနဲ့ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရတစ်ရပ်ဖြစ်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက သဘောထားသုံးသပ်ချက်အတိုင်း အတိအကျ လိုက်နာဖို့တိုက်တွန်းလိုပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ YUPT ကုမ္ပဏီနှင့် YBPC ကုမ္ပဏီများတွင် ကျပ်သန်းပေါင်း ၃၀၀ ကျော် အရှုံးပေါ်နေပြီး ရန်ကုန်မြို့စီမံကိန်းကုမ္ပဏီဖြစ်သည့် NYDC တွင် ငွေကျပ် ၁၀ ဘီလီယံ အရှုံးပေါ်လျက်ရှိ ကြောင်း သိရသည်။

ဖြိုးအောင်

#PeopleMedia #Political


Share this post