• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ကို ရခိုင်နိုင်ငံရေးသမား ဒေါ်ထုမေ ထမ်းဆောင်ခွင့်ရရှိ


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၁၁







Photo – ဒေါ်ထုမေ(page)


(unicode)
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ကို ရခိုင်နိုင်ငံရေးသမား ဒေါ်ထုမေ ထမ်းဆောင်ခွင့်ရရှိ
…………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ – ၁၁

၂၀၂၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ကို ရခိုင်နိုင်ငံရေး သမား ဒေါ်ထုမေ ထမ်းဆောင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို NLD ပါတီကိုယ်စားပြုအဖြစ် ဒေါ်ခင်မျိုးဦး၊ ရခိုင်အမျိုးသား ပါတီ ကိုယ်စားပြုအဖြစ် ဦးဦးမြင့်ကျော်၊ ဦးထင်ထူးအောင်(တစ်သီးပုဂ္ဂလ)၊ ဒေါက်တာစံလှကျော်(တစ်သီး ပုဂ္ဂလ)နှင့် ဒေါ်ထုမေ(တစ်သီးပုဂ္ဂလ)စသည်ဖြင့် ကိုယ်စားလှယ်(၅)ဦး ဝင်ရောက်ရွေးချယ်ခံခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ုတိုင်းဒေသကြီး၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်အတွက် မဲပေးခွင့်ရှိသူ (၁၁၀၉၄၇)ဦး ရှိသည့်အနက် ဒေါ်ထုမေက (၂၁၉၁၀) မဲကို အများဆုံး ရရှိခဲ့ပါတယ်။

ထို့အတူ ရခိုင်တိုင်းရင်းလူမျိုးစုလွှတ်တော်မဲဆန္ဒနယ်မြေ၌ အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်ကြောင်း ဒေါ်ထုမေက သူမ၏ လူမှုကွန်ယက်၌ ရေးသားထားပါတယ်။

ဒေါ်ထုမေသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုအဖြစ် ရခိုင်ပြည်နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

ထို့အတူ ဒေါ်ထုမေသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ကို တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။

Photo – ဒေါ်ထုမေ(page)

#PeopleMedia #ဒေါ်ထုမေ #ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


Share this post