• Follow Us on

Home ရန်ကုန်တွင် ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်ပေးသူများအား လိမ်လည်ချိန်းဆိုကာ ကျပ်သိန်း (၃၅၀၀) ကျော်အား အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံ (၁၀) ဦးအား ဖမ်းဆီးရမိ

ရန်ကုန်တွင် ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်ပေးသူများအား လိမ်လည်ချိန်းဆိုကာ ကျပ်သိန်း (၃၅၀၀) ကျော်အား အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံ (၁၀) ဦးအား ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်ပေးသူများအား လိမ် လည်ချိန်းဆိုကာ ကျပ်သိန်း ၃၅၀၀ ကျော်အား အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံ (၁၀) ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် kaung Wai Yan အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ဦးအောင် ခန့်ဖြိုးနှင့် ဒေါ်မျိုးသန္တာညွန့်တို့ ၂ ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင် ယာဉ်ဖြင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများအား စောင့် ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ရောက်ရှိ လာပြီး ၎င်းတို့ ၂ ဦးအား လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ်အတွင်း ထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၅၉၈ သိန်း ခန့်အား လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်း သတင်းမှန်အဖွဲ့က ထုတ်ပြန်ထားသည်။

 

လုယက်မှု ကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်သည် ယာဉ်အမှတ်၊ YGN-6D/6839 အစား 9F/1553 အား ပြောင်းလဲ တပ်ဆင်၍ အင်းလျား ရိပ်သာလမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်လမ်းမကြီး၊ စော်ဘွားကြီးကုန်း မီးပွိုင့်အနီး၌ ရွှေပြည် သာမြို့နယ်နေ ဝင်းမင်းသန်း၊ ချစ်စိုးဦး၊ မင်းအောင်(ခ)တင်မင်းအောင်နှင့် စိုးဝေကျော်(ခ)စိုးစိုးတို့အား ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် (လိုင်စင်မဲ့)မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိတရားခံ များ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းတွင် ပါဝင်သည့် တရာခံ (၆)ဦးကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ ရခိုင်လေး၊ ဖြိုးလေး၊ ရွှန်းလဲ့တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဘဏ် အကောင့် အတွင်းရှိငွေနှင့် ငွေသားလဲလှယ်သူများအား လိမ်လည်ချိန်းဆိုခေါ်ယူကာ ဇေကမ္ဘာဝင်းအတွင်း၌ ငွေကျပ် ၄၂၀ သိန်း၊ သံမဏိစက်ရုံလမ်း၌ ငွေကျပ် ၁၁၀ သိန်း၊ မင်းဓမ္မလမ်း၊ MCC ခန်းမအနီး၌ ငွေကျပ် ၄၇၀ သိန်း၊ သံသုမာလမ်း၌ ငွေကျပ် ၅၆,၄၆၀,၀၀၀ သိန်း၊ ပေါ်ဆန်းမွှေးလမ်း၌ ငွေကျပ် ၇၀၀ သိန်း၊ ဂန္ဓမာလမ်း၌ ငွေကျပ် ၁၂၀ သိန်း၊ ဝေဘာဂီ မြို့သစ်၊ အမှတ်(၄) ရပ်ကွက်၊ စိန်စီ(၂)လမ်း၌ ငွေကျပ် ၆၀၀ သိန်းနှင့် မင်းရဲကျော်စွာလမ်း၌ ငွေကျပ် ၅၉၈ သိန်းအားလည်းကောင်း အသီးသီးလုယက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၁၀ ဦးအား ငှက်ကြီးတောင်ဓား ၃ ချောင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀ ပြား၊ မော်တော်ဆိုင်ကယ် ၄ စီး၊ မော်တော်ယာဉ် ၄ စီး၊ ငွေစက္ကူ ရောရာ ၁,၆၉၁,၅၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ငွေနှင့်ငွေသားလဲလှယ်ပေးသူ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post